ခေါင်းပြတ်နေသည့် အလောင်း

May 4, 2021

ခင်ဦးမြို့နယ် ဝန်းကြီးကျေးရွာအုပ်ချုပ်ရေးမှူး၏ ခေါင်းပြတ်နေသည့် အလောင်းတွေ့ရှိ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ၊ ဝန်းကြီးကျေးရွာနေ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးညိုပုရဲ့ ခေါင်းပြတ်နေတဲ့ အလောင်းကို  မေလ ၄ ရက်နေ့မှာ ကျီးကန်ကျေးရွာ အနောက်ဘက် သုသာန်တောင်ဘက် လမ်းဘေးတစ်နေရာမှာ တွေ့ရှိခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အလောင်းတွေ့တဲ့နေရာကို ခင်ဦးမြို့က စစ်သားနဲ့ရဲတွေက  ညနေ ၄ နာရီအချိန်မှာ သွားရောက်မှာ စစ်ဆေးသယ်ဆောင်ဖို့  ထွက်သွားကြပြီလို့  မျက်မြင်တွေက ပြောပါတယ်။

ရွာသားတွေအနေနဲ့ အခုလိုဖြစ်တာဟာ သူတို့ရွာသားတွေနဲ့မသက်ဆိုင်ဘူးလို့ ပြောပါတယ်။

2 months Ago
Up