ခေါင်းဆောင် ၂ ဦး

August 8, 2020

ထိုင်းအစိုးရ ဖြုတ်ချရေး ကျောင်းသားဆန္ဒပြပွဲ ခေါင်းဆောင် ၂ ဦး ဖမ်းဆီးခံရ

ထိုင်းအစိုးရ ဆန့်ကျင်ဆန္ဒပြပွဲတွေနဲ့ ပတ်သက်လို့ ကျောင်းသား ခေါင်းဆောင် နှစ်ယောက်ကို ထိုင်းအာဏာပိုင်တွေက သြဂုတ် ၇ ရက်မှာ ဖမ်းဆီးလိုက်ပါတယ်။   လူ့အခွင့်အရေး ရှေ့နေ အနွန်နမ်ဖာနဲ့ ကျောင်းသားခေါင်းဆောင် ပန်နူပွန် ယာနွတ်တို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့  ထိုင်းလူ့အခွင့်အရေးဆိုင်ရာ ရှေ့နေများအဖွဲ့က ရိုက်တာကို ပြောဆိုပါတယ်။   သူတို့နှစ်ယောက်စလုံးဟာ ဇူလိုင် ၁၈ ရက်ကတည်းက စတဲ့ နိုင်ငံတဝှမ်း  ကျောင်းသားဆန္ဒပြပွဲတွေမှာ  ထင်ထင်ပေါ်ပေါ် ပါဝင်ခဲ့တာပါ။  ဖမ်းဆီးခံရသူ တဦးဖြစ်တဲ့ အနွန်ဟာ  သြဂုတ် ၃ ရက်တုန်းက ထိရှလွယ်ခေါင်းစဉ် တခုဖြစ်တဲ့ ဘုရင်စနစ် ပြုပြင်ပြောင်းလဲရေး တောင်းဆိုခဲ့ပါတယ်။  ဒါပေမဲ့ သူရဲ့ ဖမ်းဆီးမိန့်မှာတော့ အဲဒီအကြောင်းအရာကို ဖော်ပြမထားပါဘူး။   တချိန်တည်းမှာပဲ ဆန္ဒပြလူငယ်တွေက သူတို့လှုပ်ရှားမှုကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ပြီး အစိုးရဆန့်ကျင်ရေးကို တိုးမြှင့်လုပ်ဆောင်လိုတယ်လို့ ပြောဆိုပါခဲ့တယ်။   ဆန္ဒပြသူတွေက  လမ်းပေါ်ထွက်ပြီး စစ်တပ်ထောက်ခံနိုင်ငံရေးသမားတွေ ဦးစီးတဲ့  အစိုးရကို ဖြုတ်ချရေး တောင်းဆိုခဲ့ပါတယ်။ အခုဆန္ဒပြပွဲတွေဟာ ထိုင်းနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲ ကျင်းပပြီး ၂ နှစ် မပြည့်ခင်မှာပဲ ပေါ်ပေါက်လာတာလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
9 months Ago

June 14, 2020

အင်တာပိုက အလိုရှိသည့် ရာဇဝတ်ဂိုဏ်းခေါင်းဆောင် ၂ ဦးကို အာဂျင်တီးနားရဲတပ်ဖွဲ့ ဖမ်းဆီး

နိုင်ငံတကာရဲတပ်ဖွဲ့ (အင်တာပို) က အလိုရှိနေ တဲ့ တူရကီရာဇဝတ် ဂိုဏ်းခေါင်းဆောင်နှစ်ဦးကို အာဂျင်တီးနားနိုင်ငံ ပြည်ထောင်စုရဲတပ်ဖွဲ့က ဇွန်လ ၁၁ ရက်မှာ ဖမ်းဆီးမိခဲ့ပါတယ်။  အသက် ၃၄ နဲ့ ၄၀ အရွယ် အသီးသီးရှိကြတဲ့ ဒီနှစ်ဦးဟာ တူရကီမှာ လူသတ်မှု၊ ဓားပြမှု၊ ပြန်ပေးဆွဲမှု၊ မူးယစ်ဆေးမှောင်ခိုကုန်ကူးမှုတွေနဲ့ အလိုရှိနေသူတွေပါ။  ဒီလူတွေဟာ အာဂျင်တီးနားနိုင်ငံထဲကို ပြီးခဲ့တဲ့ငါးလကထဲက မှတ်ပုံတင်အတုတွေသုံးပြီး ဝင်လာကာ မြို့တော် ဗျူနိုအေးရိစ်အရှေ့ဘက်က ပွါတိုမက်ဒီရိုက ဇိမ်ခံဟိုတယ်တခုမှာ နေခဲ့တာလို့ အာဂျင်တိုင်းရဲတပ်ဖွဲ့က ဆိုပါတယ်။  နိုင်ငံတကာရဲတပ်ဖွဲ့ကလည်း အလိုရှိနေတဲ့ သူတို့ကို အခုတော့ အာဂျင်တိုင်းဖက်ဒရယ် စုံစမ်းစစ်ဆေးရေးဌာနက ထိန်းသိမ်းထားတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
11 months Ago
Up