ခရစ္စမတ်ဆုတောင်း

December 8, 2015

မြူးကြွသည့် ဂီတသံနှင့် ရော်နယ်ဒိုရဲ့ ခရစ္စမတ်ဆုတောင်း (ရုပ်သံ)

ပေါ်တူဂီနဲ့ စပိန်လာလီဂါ ရီးရဲလ်မက်ဒရစ်အသင်းက ဘောလုံးသမား ခရစ္စတီယာနို ရော်နယ်ဒိုက အားလုံးအတွက် ပျော်ရွှင်စရာ ခရစ္စမတ်ဖြစ်ဖို့ လူမှုရေးကွန်ရက် ဖေ့စ်ဘွတ်ခ်ကနေ ဆုတောင်းပေးလိုက်ပါတယ်။ အားလုံးအတွက် ခရစ္စမတ်ကတ်၊ ပျော်ရွှင်စရာ အားလပ်ရက် ဖြစ်ပါစေလို့ ခေါင်းစဉ်တပ်ပြီး ၁ မိနစ် ၉ စက္ကန့်ရှိတဲ့ ရုပ်သံဖိုင်ကို သူ့ရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေတဆင့် ဖြန့်ဝေလိုက်တာ ဖြစ်ပါတယ်။ သွားတိုက်တာ၊ ပေါင်မုန့်ဖုတ်တာ၊ ဘောလုံးကို အလှကန်တင်ပြတဲ့ လှုပ်ရှားမှုက ထွက်လာတဲ့ အသံတွေနဲ့ မြူးကြွတဲ့ ဂီတသံစဉ်ကို ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။ “ပျော်ရွှင်ဖွယ် ခရစ္စမတ်ပါ ဘော်ဒါတို့” ဆိုပြီး ရော်နယ်ဒိုက ရုပ်သံဖိုင်ကနေ တဆင့် နှုတ်ခွန်းဆက်ထားပါတယ်။ လွန်ခဲ့တဲ့ ၁၁ နာရီလောက်က တင်တဲ့ ဒီရုပ်သံဖိုင်ကို မျှဝေသူ ၉ သောင်းကျော်ရှိပြီး ကြိုက်နှစ်သက်သူ ၆ သိန်းကျော် ရှိပါတယ်။
6 years Ago
Up