ခရစ်ယာန်ဘုန်းတော်ကြီး ၇ ပါး

June 13, 2021

ရေဦးမြို့နယ်တွင် ခရစ်ယာန်ဘုန်းတော်ကြီး ၇ ပါးကို စစ်တပ်က သေနတ်ထောက် ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ ရေဦးမြို့က ခရစ်ယာန်ဘုန်းတော်ကြီး  ၇ ပါးကို ဇွန် ၁၃ ရက် မနက် ၃ နာရီလောက်က စစ်တပ်က လာရောက်ဖမ်းဆီးခေါ်သွားတယ်လို့ ရေဦးမြို့ခံတွေထံက သိရပါတယ်။

“ဘာကြောင့်ဖမ်းတယ်လို့တော့ မသိရဘူး။ သေနတ်တွေနဲ့ ထောက်ပြီး ဖမ်းသွားတာတော့  မြင်တယ်။ ရေဦးလွှတ်တော်ကိုယ်စားလှယ်ရှိတယ်လို့ ဒလန်က သတင်းပေးလို့ လာဖမ်းတာလို့ သိရတယ်။ ခရစ်ယာန်ဘုန်းကြီး ၇ ပါးအပြင် ဘုန်းကြီးကျောင်းတကျောင်းကိုလည်း ဖျက်ဆီးပြီး ရှာဖွေတာတွေ ဥပဒေမဲ့လုပ်ဆောင်သွားတယ်” လို့ ရေဦးဒေသခံက ပြောပါတယ်။

လက်ရှိအချိန်မှာ ဖမ်းဆီးခံ  ခရစ်ယာန်ဘုန်းတော်ကြီး  ၇ ပါး အနက်‌ ၄ ပါးကို ပြန်လွှတ်ပေးပြီး ၂ ပါးနဲ့‌ကျောင်းပိုင်ကား ၁ စီး ကိုတော့ ဆက်လက်ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

4 months Ago
Up