ခရစ္စတီယာနိုရော်နယ်ဒို

November 2, 2020

ခရစ္စတီယာနို ပြန်လာပါပြီ၊ ဒါဟာ အရေးကြီးဆုံးအရာပါ - ရော်နယ်ဒို

မကြာသေးခင်က ကိုရိုနာဗိုင်းရပ်စ်နဲ့ ရင်ဆိုင်ခဲ့ရပေမယ့် အခုအချိန်မှာ ကျန်းမာနေပြီလို့ ခရစ္စတီယာနိုရော်နယ်ဒိုက အတည်ပြုပြောဆိုခဲ့ကာ ခရစ္စတီယာနို ပြန်လာပြီလို့လည်း ကြုံးဝါးလိုက်ပါတယ်။ ဂျူဗင်တပ်စ် တိုက်စစ်မှူးဟာ နိုင်ငံတကာပွဲစဉ်တွေ ရှိနေချိန်မှာ ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတာ ဖြစ်ပြီး ဘာစီလိုနာနဲ့ ချန်ပီယံလိဂ်ပွဲ အပါအဝင် ဂျူဗင်တပ်စ်အသင်းရဲ့ ပွဲစဉ်တချို့ကို လွဲချော်ခဲ့ရပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ ဘာကာနဲ့ပွဲကို ရှုံးနိမ့်ခဲ့ပေမယ့် ရော်နယ်ဒို ပြန်လည်ပါဝင်လာမှုနဲ့ အတူ စပီဇီယာအသင်းနဲ့ တနင်္ဂနွေပွဲမှာတော့ ဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲမှာ စီးရီးအေချန်ပီယံအသင်းဟာ ပထပိုင်းမှာ ၁ ဂိုးစီ သရေကျနေခဲ့တာ ဖြစ်ပေမယ့် ရော်နယ်ဒိုဟာ ပွဲချိန် ၅၆ မိနစ်မှာ လူစားဝင်ခဲ့ပြီး ၃ မိနစ်အတွင်းမှာတင် အသင်းအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဒီပွဲမှာ ဂျူဗင်တပ်စ်အသင်းဟာ ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ရော်နယ်ဒိုက ပင်နယ်တီကနေတဆင့် နောက်တဂိုး ထပ်မံသွင်းယူပေးခဲ့ပါတယ်။ ရော်နယ်ဒိုဟာ သောကြာနေ့မှာ ဘောလုံးပြန်ကစားနိုင်ခဲ့တာဖြစ်ပြီး အခုလိုမျိုး ကွင်းထဲကို ပြန်ဝင်နိုင်တဲ့အတွက် ဝမ်းသာမိကြောင်းနဲ့ ဂျူဗင်တပ်စ်အသင်းအတွက် ကစားပေးဖို့ တရားဝင် ပြန်လည်ရောက်ရှိလာပြီလို့ ကြုံးဝါးခဲ့ပါတယ်။ “ကျနော် ကစားခွင့်မရခဲ့ပါဘူး။ ကျနေ့ာ်မှာ ရောဂါလက္ခဏာမရှိခဲ့ဘဲ ကျန်းမာရေးလည်း ကောင်းခဲ့ပါတယ်။ ဒီနေ့မှာတော့ ကျနော် အကြိုက်ဆုံးဖြစ်တဲ့ ဘောလုံးပြန်ကစားနိုင်ပါပြီ။ စီးရီးအေဟာ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ လိဂ်ပါ။ မီလန် အပါအဝင်၊ လာဇီယိုနဲ့ နာပိုလီအသင်းတို့ဟာ ရလဒ်ကောင်းတွေ ရရှိနေပါတယ်။ ကျနော်တို့အသင်းဟာလည်း တိုးတက်လာနေပါပြီ။ ခရစ္စတီယာနို ပြန်လည်ပါပြီ။ ဒါဟာ အရေးကြီးဆုံးအရာပါ” လို့ ရော်နယ်ဒိုက ပြောပါတယ်။ ရော်နယ်ဒိုဟာ ကိုဗစ်-၁၉ ရောဂါစစ်ဆေးခြင်းနည်းလမ်းကို ဝေဖန်ခဲ့သူဖြစ်ပြီး PCR  လို့ ခေါ်တဲ့ စစ်ဆေးမှု နည်းစနစ်ရဲ့ တိကျမှုကို မေးခွန်းထုတ်ခဲ့သူလည်း ဖြစ်ပါတယ်။  ရော်နယ်ဒိုက “အသုံးမကျတဲ့ PCR” လို့ လူမှုကွန်ရက်မှာ ရေးသားပြီး ပျစ်ပျစ်နှစ်နှစ် ဝေန်ခဲ့တာဖြစ်ပေမဲ့ တနင်္ဂနွေနေ့ပွဲအပြီးမှာတော့ ဒီကိစ္စနဲ့ပတ်သက်လို့ မေးမြန်းမှုတွေကို ဖြေကြားလိုခဲ့ခြင်း မရှိဘဲ ဒီအကြောင်းအရာကို မပြောချင်ဘူးလို့ ပြောပါတယ်။   ရော်နယ်ဒိုဟာ ဒီရာသီမှာ ဂျူဗင်တပ်စ်အသင်းအတွက် ၃ ပွဲ ကစားပြီး ၅ ဂိုး သွင်းယူနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။
8 months Ago

December 30, 2019

စီရော်နယ်ဒို ဘောလုံးသမားဘဝကအနားယူချိန်  မင်းသားလုပ်ရန် မျှော်လင့်

ဂျူဗင်တပ်စ်အသင်းရဲ့တိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုဟာ ပရိသတ်အားလုံး မျှော်လင့်ထားသလို ကစားသမားဘဝက အနားယူချိန်မှာ နည်းပြပြန်လုပ်ဖို့ထက် သရုပ်ဆောင်တယောက်ဖြစ်လာဖို့ မျှော်လင့်နေပါတယ်။ အသက် ၃၄ နှစ်အရွယ် ပေါ်တူဂီအသင်းခေါင်းဆောင်ဟာ အရွယ်နဲ့မလိုက်ဖက်တဲ့ ခြေစွမ်းတွေ ပြသထားနိုင်ဆဲဖြစ်ပြီး အနားယူမယ့်အချိန်ကိုလည်း ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်အပေါ် မူတည်ပြီးတော့ အနားယူမယ့်အချိန်ကို စဉ်းစားသွားမယ်လို့ဆိုပါတယ်။ ရော်နယ်ဒိုဟာ ကန်တိုနာ ဗင်နီဂျုံးစ်တို့ရဲ့ခြေရာကို လိုက်နင်းလိုတဲ့ ပုံစံကို မြင်တွေ့နေရပြီး သရုပ်ဆောင်ပညာနဲ့ပတ်သက်လို့ အများကြီး ထပ်လေ့လာသွားမယ်လို့ ပြောကြားခဲ့ပါတယ်။  ရော်နယ်ဒိုဟာ ဆယ်စုနှစ်ရဲ့ အကောင်းဆုံး ဘောလုံးသမားအယောက် ၁၀၀ စာရင်းမှာ ဒုတိယနေရာမှာ ရပ်တည်နေခဲ့သလို ပထမနေရာက မက်ဆီရဲ့ စံချိန်ကိုလည်း အမီလိုက်နိုင်ဖို့ ကြိုးစားနေတာကို အခုနှစ် ဘောလုံးရာသီမှာ သူ ပြသနေတဲ့ခြေစွမ်းတွေက သက်သေဖြစ်ပါတယ်။ ဖီဖာရဲ့ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို ၆ ကြိမ်မြောက်ရရှိခဲ့တဲ့ မက်ဆီရဲ့စံချိန်ကို လိုက်မီနိုင်ဖို့ ကြိုးပမ်းနေတဲ့ ရော်နယ်ဒိုကတော့ အသက် ၄၀ အရွယ်အထိ ဘောလုံးကစားနိုင်တဲ့ စွမ်းဆောင်ရည်တွေ ရှိနေတယ်လို့ သုံးသပ်ကြပါတယ်။ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ အီတလီစူပါဖလားမှာ လာဇီယိုအသင်းကို ရှုံးနိမ့်ထားသလို စံချိန်တချို့လည်း ကျိုးပျက်ထားခဲ့ပါတယ်။
1 year Ago
Up