ခမ်းနားကြီးကျယ်အောင် ချဲ့လာတဲ့ ခေတ်မင်္ဂလာဆောင်

May 23, 2015

ချင်းတောင်တန်းက ချပ်ခုတ်ရက်ကန်း

ဟားခါးမြို့ရဲ့ တောင်စောင်းမှာ ချင်းပျိုမလေးတွေ စုပေါင်းတည်ထောင်ထားတဲ့ အိုင်းဒီး ဆိုတဲ့ ချပ်ခုတ် ရက်ကန်းအိမ်လေးတအိမ် ရှိနေပါတယ်။ အလွန် ခေတ်အမြင်ရှိတဲ့ လူငယ်တွေ လုပ်တဲ့ ရိုးရာလုပ်ငန်းပါ။ မျှော်ကြည့်လိုက်ရင်တော့ တောင်စောင်းလမ်းဘေးတလျှောက်မှာ အိမ်ကလေးတွေ စီရရီ။ ဟားခါးမြို့ရဲ့ထူးခြားချက်ကတော့ အိမ်တွေကို ဆေးရောင်စုံသုတ် လိမ်းခြယ်သထားတာပါ။ ပန်းနုရာင်၊ အစိမ်းရောင်၊ လိမ္မော်ရောင်၊အပြာရောင်..၊ အရောင်တွေကလည်း စုံပါပေ့။ ကျနော်တို့ တောင်စောင်းက ခြေတန်ရှည် အိမ်ကလေးတလုံးပေါ် ရောက်နေတယ်။ အိမ်ကလေးပေါ်မှာ ချင်းအမျိုးသမီး ၁၀ ယောက်လောက်က အိမ်နံရံကို ခြေကန်လို့ တယောက်ကို တယောက်က ကျောပေးထိုင်နေတယ်။ နံရံကတန်းမှာ ချည်ခင်ကို ချိတ်ပြီး ရိုးရာ ချပ်ခုတ် ရက်ကန်းရက်နေကြတယ်။ ဒီရက်ကန်းရုံလေးကို Anna Biak Tha Mawi အမည်ရှိတဲ့ ချင်းအမျိုးသမီးလေးနဲ့ သူငယ်ချင်းတွေ စုပေါင်းထူထောင်ထားတာ။ aidii Chin Traditional Weaving လို့ နာမည်ပေးထားတယ်။ အန်နာက အိုင်းဒီး ဆိုတဲ့ ကလောင်နာမည်နဲ့ကဗျာလည်း ရေးတဲ့ဆရာမ ဖြစ်တယ်။ အိုင်းဒီးက ခေတ်မီမီ ကမ္ဘာကြည့် ကြည့်တတ်တဲ့ ချင်းပျိုမလေးပါ။ ဒါကြောင့် အိုင်းဒီး ချင်းရိုးရာရက်ကန်းလုပ်ငန်းက ခေတ်မီတယ်။ အဘိုးအဘွားတွေလက်ထက်က ရက်လုပ်ခဲ့တဲ့ ချင်းရိုးရာ ဒီဇိုင်းတွေကို အခြေခံပြီး ခေတ်မီ ဆန်းသစ်တဲ့ ဒီဇိုင်းနဲ့ ပေါင်းစပ်ကာ ချပ်ခုတ် နည်းဟောင်းအတိုင်း ရက်လုပ်တာပါ။ “ချင်းရိုးရာက အာကတန်း (arket့eng - ကြက်ခြေရာ)။ အာပီဖရော( arpi farual - ကြက်မိသားစု) ထွေဘော ( thawibor - ပန်းပွင့်ပုံစံ၊ ဆုံသင်းပါရ် ၀တ်လို့ လူသိများတယ်။) လို့ ရှိတာ။ အာပီဖရော နဲ့ ထွေဘော ကခက်လို့ သိပ်မလုပ်ကြ တော့ဘူး။ ဈေးကွက်မှာ မရှိတော့ဘူး ပျောက်ကွယ်သွားနိုင်တယ်။ အာကတန်း ပဲလုပ် တာများလာတယ်” လို့ အိုင်းဒီး ကပြောပြတယ်။ အိုင်းဒီးတို့ကိုယ်တိုင်လည်း ချပ်ခုတ် ရက်ကန်း ရက်တယ်။ သူက ကဗျာ ဆရာမ၊ သူ့ကဗျာစာအုပ်တွေ ထုတ်ဝေရာမှာ သရုပ်ဖော်ပန်းချီတွေကို ကိုယ်တိုင်ရေးဆွဲသူ ဆရာမလည်း ဖြစ်တယ်။ သူက ရက်ကန်းခတ်တာကို ပန်းချီဆွဲတာလို ခံစားတယ်။ “ကိုယ့်ရဲ့ စိတ်ကူးတွေက ဒီထဲမှာ ပါသွားတယ်။ အပွင့်တွေ အခက်တွေ၊ အထည်ပေါ်မှာ ပန်းချီဆွဲသလို ကိုယ့်စိတ်ကူး ဒီထဲ ထည့်တယ်။ အထည်မှာ အရောင် ရှိတယ်။ Space ရှိတယ်။ လိုင်းရှိတယ်။ Composition ရှိတယ်ဆိုတော့ ဒါပန်းချီကားချပ် လို့ခံစားတယ်။” သူတို့ ချပ်ခုတ် ရက်ကန်းက စက်ရဲ့ အကူမပါဘဲ လက်နဲ့သာ လုပ်ရတာမို့ မတွင်ဘူး။ “တကယ့်ရိုးရာထည်တွေက Detail (အနုစိပ်)  ဖြစ်တာကိုး။ ဈေးက အရမ်း ကြီးတယ်။ လုံချည်တထည်ရက်ဖို့ဆိုရင် ၁ လခွဲ ၂ လကြာတယ်။ လုပ်အားခနဲ့ ဈေးကိုလျှော့လို့ ဘယ်လိုမှ မရနိုင်ဘူး။ ဒီဇိုင်းကို minimum ( အနည်းဆုံး) ဖြစ်အောင်လျှော့လိုက်ရတယ်။” ထဘီတထည်ကို ကျပ် ၃၀၀၀၀ က နေ ၄၀၀၀၀။ Pattern ( အဆင်အပြောက် အမွမ်း ) ပါရင် ၅၀၀၀၀- ၁၅၀၀၀၀။ “ကျနော်တို့ ကိုယ်တိုင်လည်း ကိုယ့်ဝတ်စုံကို ကိုယ်ပြန်မ၀ယ်နိုင်သေးဘူး ဖြစ်နေတယ်။” အိုင်းဒီးက ပြောပြီး ရယ်တယ်။ သူ့ထူးခြားချက်က အရယ်သန်တယ်။ သွက် သွက် လွင်လွင်လေး ရယ်မောလေ့ ရှိတယ်။ ချင်းတွေက  တနင်္ဂနွေနေ့ ဘုရားကျောင်းတက်ချိန်မှာ ရိုးရာဝတ်စုံကို ၀တ်ဆင် သူ များတယ်။ ရိုးရာ ပွဲတွေမှာလည်း ၀တ်ဆင်တယ်။ ချင်းရိုးရာ ချပ်ခုတ်အထည်တွေရဲ့ အဓိကဈေးကွက်က နိုင်ငံခြားရောက် ချင်း တွေ ဖြစ်ပါတယ်။ အိုင်းင်္ဒီးက www.facebook.com/Aidii-Cokkections နဲ့ သူတို့ ရိုးရာ အထည်တွေကို ဖေ့စဘုတ် တင်ပေးထားတယ်။ ရန်ကုန်က ချင်းတွေကလည်း ၀ယ်ပြီး နိုင်ငံခြားကို ပို့ကြတယ်။ အခက်အခဲတခုကတော့ ရက်ကန်းသမား အင်အားက နည်းသေးတော့ ၀ယ်လိုသူ ရချင်သလောက် အထည်မပေးနိုင်တာပါပဲ။ ယခုအခါ ပခုက္ကူ၊၊ ဂန့်ဂေါ၊ ကလေးမြို့တွေမှာ စက်ရက်ကန်းနဲ့ရက်တဲ့ ချင်းရိုးရာအဆင် အ၀တ်အထည်တွေ ဈေးကွက်ထဲ ရောက်လာတယ်။ စက်နဲ့ ယက်တာမို့ တွင် တယ်။ ဈေးလျှော့ရောင်းနိုင်တယ်။ ဒါပေမယ့် အချို့ကလည်း လက်နဲ့ ယက်တဲ့ (Hand Made)ကို ကြိုက်တယ်။ ချပ်ခုတ်ထည်က ပိုနူးညံ့တယ်။ ၀တ်ရတာ အိအိလေး။ အေးလို့ ကြိုက်တယ်။ ကြည့်ရတာ ပိုလှတယ်။ Detail ပါတယ်။ မတတ်နိုင်သူက ရသေ့စိတ်ဖြေ စက်ယက်ထည်ကို ၀ယ်ဝတ်တယ်။ အိုင်းဒီးက လုပ်ငန်းချဲ့နေတယ်။ သူ့အဘွား ဒေါ်ငွန်ဖမ် (Ngwn Fan) ရဲ့ အိမ်ဝင်းထဲမှာ နောက်ထပ်ရက်ကန်းရုံသစ်တရုံ ထပ်ဆောက်နေတာ တွေ့ရတယ်။ သူက အင်္ဂလိပ်စာ အဓိကနဲ့ ဘွဲ့ရထားတယ်။ Yangon Film School ကျောင်း ဆင်းလည်း ဖြစ်တယ်။ ခေတ်မျက်စိ ရှိသူ ဖြစ်တယ်။ ရိုးရာ ချပ်ခုတ် အထည်ရက် လုပ်တဲ့ လုပ်ငန်းကို ပြန်လည် အသက်သွင်းနေတဲ့ သူ့ကို ကျနော်က ခေတ်နောက် ပြန်ဆွဲနေရာ မကျဘူးလား လို့မေးတော့ ခေတ်နောက်ပြန်ဆွဲသင့်တာကိုလည်း ဆွဲရမှာပေါ့လို့ အိုင်းဒီးက ပြန်ဖြေပြီး သူ့ပင်ကိုယ်ဟန်ပန်အတိုင်း ခပ်လွင်လွင် ရယ်မောပါတယ်။ ကျော်ရင်မြင့် [gallery ids="94165,94166,94167"]
6 years Ago

April 25, 2015

ရန်ဖြစ်ရင်တောင် ပြန်ချစ်စေရမယ်

မင်္ဂလာဆောင်တယ်ဆိုတာ ( အချို့အချို့သောကိုကို မမ များကလွဲရင်) တစ် သက်မှ တစ်ခါသာ ဆောင်ရတာ။ အချို့သောကိုကို မမတွေကတော့ ငွေကြေးလေးကလည်း ပြည့်စုံ ၊ မောင် နဲ့ မယ်က တစ်မြို့စီတစ်ရွာစီဆိုတော့ သူ့အရပ်မှာလည်း တစ်ခါဆောင် ကိုယ့်ရွာမှာလည်း တစ်ခါဆောင် တစ်သက်မှာ နှစ်ခါသုံးခါ ဆောင်မိတာပါ့။ တစ်သက်မှာ တစ်ခါသာဆောင်ရတဲ့ မင်္ဂလာဆောင်မျိုးမို့ မှတ်တမ်းအဖြစ် ဓာတ် ပုံလေးတွေ ရိုက်ထားကြရ တယ်။ မင်္ဂလာဆောင်ဓာတ်ပုံဆိုတာပြီးလွယ်စီးလွယ် ရိုက်ကြ တာမျိုး မဟုတ်ဘူး၊ မင်္ဂလာဆောင် ဓာတ်ပုံ ဆရာက နောင်အခါ လင်နဲ့မယား လျှာနဲ့သွား အခန့်မသင့်လို့ ရန်ဖြစ် စိတ်ကောက် စိတ်ဆိုး မိရင်တောင်မှ မင်္ဂလာဆောင်တုန်းက ရိုက် ခဲ့တဲ့ ဓာတ်ပုံလေးတွေ ပြန်ကြည့်မိရင် ရန်ဖြစ်ရာက ပြန်ချစ် လာအောင် စွမ်းဆောင်နိုင်ဖို့ ကြိုးစားပမ်းစား ရိုက်ပေးကြရတာပါ။ မင်္ဂလာဆောင်တစ်ဆောင်မှာ သတို့သား နဲ့ သတို့သမီးက စင်မြင့်ပေါ်ကဆိုဖာ ကြီးမှာအခန့်သားထိုင်နေချိန်ဓာတ်ပုံ ဆရာတစ်ယောက်က သတို့သမီးရှေ့မှာ ဒူးထောက် ထိုင်ချလိုက်တယ်။ သတို့သမီးရဲ့ထဘီအောက်နားတွေ ဖရိုဖရဲ မလှမပ ဖြစ်နေတာကို သေသပ်လှပသွားအောင် ပြင်ဆင်ပေးနေတာပါ။ ပြီးမှ သူက မင်္ဂလာ မှတ်တမ်းဓာတ်ပုံ ရိုက်တယ်။ မင်္ဂလာ ဓာတ်ပုံဆရာကောင်းဆိုတာ အဲဒီလိုမျိုး။ သတို့သမီးရဲ့ ထဘီကို ဒူးထောက်ထိုင်ပြီး ကိုင်ရတာ အောက်ကျနောက်ကျနိုင် တယ်လို့ ကိုယ့်အလုပ်ကို မခံစားမိဘူးလား လို့ ကျွန်တော်ကဓာတ်ပုံဆရာကို စပ်စုဖူး တယ်။ “ မဖြစ်ပါဘူး၊ ဓာတ်ပုံတစ်ပုံရိုက်တော့မယ်ဆိုရင် သတို့သား သတို့သမီးကို ခြေ ဆုံးခေါင်းဆုံး အဆင်ပြေအောင်ကြည့်ပြင်ပေးရတာ။ စေတနာ အရင်းခံပြီး ဆင်းရဲချမ်းသာ မခွဲရဘူး။ သည်လို လုပ်ပေးရင် ဆိုင်လည်း နာမည်ရတယ်လေ” လို့ မင်္ဂလာဓာတ်ပုံ ဗီဒီယိုလောကမှာ ထိပ်ဆုံးတန်းက နေရာ ရနေတဲ့ ဘိုဓာတ်ပုံအဖွဲ့က ဓာတ်ပုံဆရာ ကိုစိုး စိုးက ဖြေတယ်။ ဓာတ်ပုံဆရာလောကမှာလည်း အချောင်နှိုက်သူကတော့ရှိတတ်တယ်။ အချို့ ဓာတ်ပုံဆရာက မင်္ဂလာပွဲအတွက် သူ့ကိုမငှားပေမယ့် မျက်နှာတန်းမိတဲ့ မင်္ဂလာဆောင် မှာ လက်ဖွဲ့ချင်တာပါ လို့ပြောပြီး ဇွတ်ဝင်ရိုက်တယ်။(မင်္ဂလာဆောင် ရှင်က လက်ဖွဲ့ဆိုပြီး ဓာတ်ပုံတွေလာ ပေးတဲ့အခါ တစ်ခုခုတော့ တုန့်ပြန်မယ်ဆိုတာ သိပြီးသားပါ။) ငှါးထားတဲ့ မင်္ဂလာ ဓာတ်ပုံဆရာ က ဓာတ်ပုံကောင်းကောင်းရအောင်သတို့သား သတို့သမီးကို ခြေဆုံးခေါင်းဆုံး သွားပြင်ပေးနေတဲ့အချိန်မှာ စည်းမရှိတဲ့ ဓာတ်ပုံဆရာ က ဓာတ်ပုံဆရာ နေရာယူပြီး ရိုက်ရမယ့်နေရာမှာ အတည်ပေါက်နေရာယူထားပြီး ရိုက် တယ်။ တကယ့်ဓာတ်ပုံဆရာက အားနာတတ်ရင် ဓာတ်ပုံရှုထောင့်ကောင်း သူများကို ပေးလိုက်ရပြီး အားမနာတတ်လို့ ဖယ်ခိုင်းရင်တောင်မှ တစ်ကွက်နှစ်ကွက်ပါလို့ ပြောပြီး စည်းမရှိတဲ့ ဓာတ်ပုံဆရာက သူများပြင်ထားတာကို အတည်ပေါက် ခူးခပ်စားသွားတာ မျိုးလည်း ရှိပါတယ်။ လူတွေရဲ့ သဘာဝက ကင်မရာနဲ့ ချိန်လိုက်တာနဲ့ အတည်ပေါက် တောင့်တောင့် ကြီး ဟန်တလုံးပန်တလုံး လုပ်နေလေ့ ရှိတယ်။ ဒါကြောင့် ပါးနပ်တဲ့ မင်္ဂလာ ဓာတ်ပုံဆ ရာက အလစ်အငိုက်လေးတွေကိုလည်း ချောင်းရိုက်ထားရတယ်။ သတို့သား၊သတို့သမီး နဲ့သူတို့ရဲ့မိဘတွေပင်ကိုယ်သဘာဝအတိုင်းနေထိုင်နေတာကိုတယ်လီမှန်ဘီလူးနဲ့ ဆွဲ ယူပြီး အလစ်ချောင်း ဓာတ်ပုံရိုက်ထားတာပါ။ အလစ်အငိုက် ရိုက်တဲ့ ဓာတ်ပုံလေးတွေ က သူတို့တွေရဲ့ သဘာဝအတိုင်း အပြုံးလေးတွေ၊ အကြင်နာလေးတွေ မိမိရရပါလာ တတ်တယ်။ “သတို့သမီးတွေက ဓာတ်ပုံအရိုက်ခံတဲ့ အတွေ့အကြုံရှိတော့ ပြုံးတတ်တယ်။ ကင်မရာရှေ့မှာ ဓာတ်ပုံအရိုက်ခံတတ် တယ်။ ယောက်ျားလေးတွေက မနေတတ်ဘူး။ သဘာဝအတိုင်း ရယ်မောနေတာ သတို့သမီးနဲ့ ကြည်နူးနေတာမျိုးတွေကို ကျွန်တော် အလစ်ချောင်းရိုက်ထားတာ။ သတို့သား အဖေအမေ အသက်ကြီးတဲ့သူတွေကလည်း ကင်မရာကို ရှိန်းတတ်တယ်။ သူတို့လည်း အလစ်ချောင်းရိုက်ရတယ်” လို့ ဓာတ်ပုံ ကို ဇော်ဇော် ကပြောပြတယ်။ အလစ်ချောင်းရိုက်ထားတဲ့ သဘာဝဓာတ်ပုံလေးတွေက နောင်အခါ မင်္ဂလာ မောင်နှံတွေအတွက် ကြည်နှူးစရာ အမှတ်ရစရာ ဓာတ်ပုံကောင်းလေးတွေဖြစ်တတ်ပါ တယ်။ “အင်မတန် ရန်ဖြစ်တတ်တဲ့ လင်မယား ရှိတယ်။ သူတို့ မင်္ဂလာဆောင်တုန်း ကကြည်ကြည်နှူးနှူး ကလူကျီစယ်နေတဲ့ပုံ ကိုကျွန်တော်အလစ်ရိုက်ထားတာရှိတယ်။ မင်္ဂလာဆောင်ပြီးခါစက အဲဒီပုံကိုသဘောကျလို့ဆိုပြီး ပုံကြီးချဲ့ထားကြတယ်။ သူတို့ လင်မယားရန်ဖြစ်ပြီး စိတ်ကောက်နေကြတဲ့အခါ သူတို့အမေက အဲဒီဓာတ်ပုံ သူတို့ကို ပြပြီး ရန်ဖြစ်ပြီး ရင်လည်း ပြန်ချစ်ကြနော်လို့ ပြောလိုက်ရင် ပြန်ပြီး ရယ်ရယ်ပြုံးပြုံးဖြစ် သွားတယ်လို့ကျွန်တော့်ကိုပြောပြတာရှိတယ်” လို့ ကိုဇော်ဇော် ကဆိုတယ်။
6 years Ago
More News
Up