ကွယ်လွန်

December 31, 2020

လူ ၉၃ ဦးကို လည်ပင်းညှစ်သတ်ခဲ့သည့်  အမေရိကန် လူသတ်သမား အသက် ၈၀ တွင် ကွယ်လွန်

လူပေါင်း  ၉၃ ယောက်ကို လည်ပင်းညှစ်သတ်ပြီး အမေရိကန်သမိုင်းမှာ လူအသတ်နိုင်ဆုံး  ဆက်တိုက်လူသတ်သမားလို့ FBI က သတ်မှတ်တဲ့  ဆန်မြူရယ်လစ်တယ်ဟာ ဒီဇင်ဘာ ၃၀ ရက် အသက် ၈၀ အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။  ဆက်တိုက်လူသတ်သမား လစ်တယ်ဟာ ၁၉၈၀ ဝန်းကျင်ကာလက လော့စ်အိန်ဂျလိစ်ကောင်တီမှာ အမျိုးသမီး ၃ ယောက်ကို သတ်ဖြတ်မှု၊ အခင်းနေရာတွေမှာ တွေ့ရတဲ့ သဲလွန်စ ဒီအင်န်အေ စစ်ချက်တွေအရ သူနဲ့ဆက်နွှယ်နေတဲ့ လူသတ်မှုတွေအတွက်  ခံဝန်ကတိနဲ့ လွှတ်ပေးတာ မရှိတဲ့ တစ်သက်တကျွန်း ပြစ်ဒဏ် ၃ ခုကို ကျခံနေတာပါ။   လော့စ်အိန်ဂျလိစ်ကောင်တီ ဂျူရီအဖွဲ့က လစ်တယ်ဟာ ပြစ်ဒဏ်အကြီးဆုံး လူသတ်မှု ကျူးလွန်ခဲ့တယ်လို့  ၂၀၁၄ ခုနှစ်မှာ ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။  နှစ်လအကြာမှာတော့ လစ်တယ်ဟာ သူရဲ့ ပြစ်ဒဏ်ကို စတင်ကျခံခဲ့ပါတယ်။  ၁၉၇၀ ကနေ ၂၀၀၅ ခုနှစ်အတွင်း လူပေါင်း ၉၃ ယောက်ကို လည်ပင်းညှစ် သတ်ခဲ့တယ်ဆိုတာကိုလည်း လစ်တယ်က ဝန်ခံခဲ့ပါတယ်။ သူ့ကို လန်ကတ်စတာမြို့က ပြည်နယ်အကျဉ်းထောင်မှာ အကျဉ်းချထားပေမဲ့  သူဟာ ကယ်လီဖိုးနီးယားဆေးရုံမှာ ကွယ်လွန်ခဲ့တယ်လို့ အကျဉ်းဦးစီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။   
5 months Ago

December 30, 2020

အမေရိကန်အောက်လွှတ်တော်အမတ် ကိုဗစ်-၁၉ ရောဂါဖြင့် ကွယ်လွန်

အမေရိကန်အောက်လွှတ်တော် ရွေးကောက်ခံအမတ် လုခ်လက်လိုးဟာ ဒီဇင်ဘာ ၂၉ ရက်က ကိုဗစ်-၁၉ ရောဂါနဲ့ ကွယ်လွန်ခဲ့တယ်လို့ သူရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့က ပြောပါတယ်။ အသက် ၄၁  အရွယ် လုခ်လိုးဟာ ကိုဗစ်-၁၉ ကြောင့်ဖြစ်တဲ့ ထပ်တိုးရောဂါတွေနဲ့  အွတ်စနဲဆူဆေးရုံမှာ ကွယ်လွန်ခဲ့တယ်လို့ မဲဆွယ်ပွဲ မန်နေဂျာက ဆိုပါတယ်။  ကိုရိုနာဗိုင်းရပ်စ် တွေ့ပြီးနောက် ဒီဇင်ဘာ ၁၉ ရက်မှာ လက်လိုးကို မွန်ရိုးဆေးရုံကို တင်ခဲ့ပြီးနောက် ဒီဇင်ဘာ ၂၂ ရက်မှာ  အွတ်စနဲဆူဆေးရုံ အထူးကြပ်မတ်ကုသဆောင်ကို ပြောင်းရွေ့ခဲ့တာပါ။  ဒီဇင်ဘာ ၅ ရက်က လုပ်တဲ့ ဒုတိယအကျော့ ရွေးကောက်ပွဲမှာ  ရီပတ်ဘလီကန် တစ်ဦး ဖြစ်တဲ့  လက်လိုးဟာ လူဝီစီယားနားပြည်နယ် အရှေ့မြောက်ပိုင်းနဲ့ အလယ်ပိုင်းကို ကိုယ်စားပြုတဲ့  အမှတ် ၅- ခရိုင်နေရာအတွက် အနိုင်ရခဲ့ပါတယ်။   ရွေးကောက်ခံလွှတ်တော်အမတ် လက်လိုး သေဆုံးမှုအတွက် လူဝီစီယားပြည်နယ် အုပ်ချုပ်ရေးမှူး ဂျွန်ဘဲလ်အက်ဒ်ဝပ်နဲ့ အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပယ်လိုစီတို့က တွစ်တာ လူမှုကွန်ရက်ကနေ  ဝမ်းနည်းကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။ 
5 months Ago
More News
Up