ကြံ့ခိုင်ရေးပါတီဥက္ကဋ္

June 14, 2021

မြန်အောင် ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌအိမ်ရှေ့ ဗုံးကွဲမှုဖြင့် သုံးဘီးမောင်းသူကို စစ်တပ် ရိုက်နှက်ဖမ်းဆီး

မြန်အောင်မြို့နယ် ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌအိမ်ရှေ့မှာ ဗုံးပေါက်ကွဲခဲ့မှုနဲ့ပတ်သက်ပြီး ကြာနီကန်လမ်းဆုံကသုံးဘီးမောင်းသူ ကိုသိန်းစိုးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဇွန်လ ၁၂ ရက်ညပိုင်းက ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧရာဝတီတိုင်း၊ မြန်အောင်မြို့မှာ ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်မနက်ပိုင်းက ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌအိမ်ရှေ့မှာ ဗုံးပေါ်ကွဲတာနဲ့ပတ်သက်လို့  သုံးဘီးကားမောင်းသမား တစ်ယောက်ကို အကြမ်းဖက်စစ်ကောင်စီက ရိုက်နှက်ဖမ်းဆီးသွားတာဖြစ်ပါတယ်။

"သုံးဘီးမောင်းတယ်။ ကြာနီကန်လမ်းဆုံမှာ နေတယ်။ သူအိမ်မှာ ဓာတ်ဆီလည်း ရောင်းတယ်။ မနေ့ညက ရဲတွေဝင်ဖမ်းသွားတာ။ စစ်တပ်က ရိုက်ထားတာ ရောင်ကိုင်းနေတာပဲ"လို့ မြန်အောင်မြို့ခံတစ်ဦးကပြောပါတယ်။

စစ်တပ်နှင့် ရဲတပ်ဖွဲ့က သုံးဘီးမောင်းသူကို နေအိမ်မှာ ရိုက်နှက် ဖမ်းဆီးသွားပြီးနောက် မနက်ပိုင်းမှာ ရဲလက်သို့ အပ်နှံခဲ့ကာ  မြန်အောင်မြို့မရဲစခန်းမှာ ဖမ်းဆီးချုပ်နှောင်ထားပါတယ်။

မြို့နယ်တိုင်းမှာ ဗုံးပေါက်ကွဲမှုတွေဖြစ်ပွားပြီးနောက်ပိုင်း အကြမ်းဖက်စစ်ကောင်စီက  နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေနဲ့ အပြစ်မဲ့ အရပ်သားတွေကို လိုက်လံဖမ်းဆီးနေတာဖြစ်ပါတယ်။

4 months Ago
Up