ကြံ့ခိုင်ရေးပါတီဝင်

November 11, 2021

ရေစကြိုမြို့၌ ကြံ့ခိုင်ရေးပါတီဝင် ၁ ဦး အသတ်ခံရ

မကွေးတိုင်း၊ ရေစကြိုမြို့၊ အမှတ်(၁) ရပ်ကွက်မှာ  ကြံ့ခိုင်ရေးပါတီဝင် အမျိုးသား တယောက်  နိုဝင်ဘာ ၁၁ ရက် နေ့လယ် ၂ နာရီလောက်မှာ  သေနတ်နဲ့ပစ်သတ်ခံရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

အမှတ်(၁)ရပ်ကွက်မှာ နေထိုင်တဲ့ ပျူစောထီးသင်တန်းဆင်း ကြံ့ခိုင်ရေးပါတီဝင် အောင်သူ(ခ) ဗိုလ်ချုပ်ကို  27 Revolution Forces နဲ့ People Defense Force Yesagyo မဟာမိတ်နှစ်ဖွဲ့ ပူးပေါင်းရှင်းလင်းခဲ့ကြတာဖြစ်တယ်လို့ အဆိုပါအဖွဲ့တွေက ပြောပါတယ်။

ရပ်ကွက်အတွင်း ရဲတပ်ဖွဲ့ဝင်တွေကိုခေါ်ယူကာ PDFအဖွဲ့ဝင်တွေကို သတင်းပေးနေတာကြောင့် အခုလို ရှင်းလင်းသုတ်သင်ခဲ့ရတာဖြစ်တယ်လို့ People Defense Force Yesagyo အဖွဲ့ခေါင်းဆောင်က ပြောပါတယ်။ 

“သူက တပ်ထဲမှာ ပေးတဲ့သင်တန်းကဆင်းလာတာ။ သင်တန်းဆင်းပေါ့။ တပ်ကပေးတဲ့ ပျူစောထီးသင်တန်းပေါ့ဗျာ။ အကြမ်းဖက်အဖွဲ့က ပေးတဲ့ သင်တန်းဆင်းလာပြီးတော့ ရပ်ကွက်ထဲမှာ မိုက်ကြေးခွဲနေတာပေါ့။ ဒုက္ခပေးတယ်  တော်လှန်ရေးက ကလေးတွေကို ရပ်ကွက်ထဲမဝင်နိုင်အောင် အမှတ်(၁) ရပ်ကွက်ထဲမဝင်နိုင်အောင် သူက သတင်းပေးနေတာပေါ့။ ရဲတွေခေါ်ခေါ်ခိုင်းပြီးတော့ အဲ့လိုဖြစ်နေတာပေါ့နော်။  အဲ့ဒါမို့ကြောင့် ဒီနေ့ ရှင်းလင်းခဲ့ရတာပေါ့ဗျာ” လို့  ရေစကြို PDF အဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

စစ်ကောင်စီသတင်းပေး ဒလန်တွေကို သတိပေးမှုတွေအကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီး ဆက်လက်ပြီး ဒလန်တွေကို ရှင်းလင်းသုတ်သင်သွားမှာဖြစ်တယ်လို့လည်း  ဆက်လက်ပြောပါတယ်။ 

“ကျနော်တို့ကတော့ ပျူစောထီးတွေ၊ ဒလန်တွေ၊ သတင်းပေးတွေကို အရင်ကလည်း သတိပေးခဲ့ပြီးပြီပေါ့နော် ဒါပေမဲ့ နားမထောင်ပဲနဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ပူးပေါင်းပြီးတော့ ပြည်သူကို ဒုက္ခပေးနေတဲ့ တော်လှန်ရေးကို အနှောက်အယှက်ပေးနေတဲ့ ပျူစောထီးတွေဒလန်တွေကို ကျနော်တို့ကတော့  တော်လှန်ရေးအကျိုးကို မျှော်ကိုးပြီးတော့ ရှင်းလင်းသုတ်သင်သွားမှာပါ ရှေ့ဆက်ပြီးတော့” လို့ ပြောပါတယ်။

ရေစကြိုမြို့နယ် ဂွတ်ကြီးကျေးရွာမှာ ဒလန် နေအိမ်တအိမ်ကိုလည်း  နိုဝင်ဘာ ၁၀ ရက်နေ့ ညက UURF_YSOအဖွဲ့ က ဒုတိယ အကြိမ်သတိပေးဗုံးဖောက်ခွဲခဲ့တယ်လို့ သိရပါတယ်။

4 weeks Ago

October 21, 2021

သထုံမြို့နယ်တွင် ကြံ့ခိုင်ရေးပါတီဝင် ၁ ဦး ပစ်သတ်ခံရ

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ပေါ်တော်မူကျေးရွာက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ဦးကျော်ဦးဟာ ဒီကနေ့ အောက်တိုဘာ ၂၁ ရက် မနက်  ၁၁ နာရီခွဲလောက်က သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကြံ့ခိုင်ရေးပါတီဝင်လည်းဖြစ် ပေါ်တော်မူကျေးရွာက အုပ်ချုပ်ရေးမှူးဟောင်း တစ်ဦးလည်း ဖြစ်တဲ့  ဦးကျော်ဦးဟာ သူရဲ့ နေအိမ်ဈေးဆိုင်မှာ ရှိနေစဉ် အမည်မသိ သေနတ်သမား ၂ ဦးက ဆိုင်ကယ်နဲ့ လာရာက်ပြီး သေနတ်နဲ့ ပစ်သတ်သွားခဲ့တာ ဖြစ်ပါတယ်။

ဦးကျော်ဦးဟာ သေနတ်ပစ်ခတ်ခံရပြီးနောက် သေနတ်ဒဏ်ရာ ၃ ချက် ရရှိပြီး အခင်းဖြစ်ရာ နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

သေဆုံးသွားသူ ဦးကျော်ဦးဟာ စစ်ကောင်စီ သတင်းပေး လုပ်နေတဲ့အတွက်ကြောင့် သုတ်သင်ရတာလို့ သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့  သထုံမြို့ပြအထူးစစ်ဆင်ရေး တပ်ဖွဲ့က ပူးပေါင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် ပြည်သူတွေအပေါ် အဖျက်သဘောဆောင်တဲ့ လုပ်ရပ်တွေ လုပ်ဆောင်နေသူတွေနဲ့ စစ်ကောင်စီ ထောက်တိုင်တွေကို ဆက်လက် တိုက်ဖျက်သွားမယ်လို့ ဆိုထားပါတယ်။

သထုံမြို့နယ်မှာ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်းမှူး ၇ ဦးထက်မနည်း ပစ်သတ်ခံထားရပါတယ်။

2 months Ago
More News
Up