ကြေးစားစစ်သားများ

May 5, 2020

ဗင်နီဇွဲလားနိုင်ငံတွင်း ကျူးကျော်ဝင်ရောက်သည့် ကြေးစားစစ်သားများကို ဖမ်းဆီးထိန်းသိမ်း

ဗင်နီဇွဲလားနိုင်ငံထဲကို လက်နက်ကိုင် ကျူးကျော်ဝင်ရောက်ခဲ့တဲ့ ကြေးစားစစ်သားတွေထဲက ပါဝင်သူ အမေရိကန်နိုင်ငံသား နှစ်ဦးကို ထိန်းသိမ်းထားတယ်လို့ ဗင်နီဇွဲလားသမ္မတ မာဒူရိုက မေ ၄ ရက်မှာ အတည်ပြု ပြောပါတယ်။ အကြမ်းဖက်သမား ၁၃ ဦးကို ဖမ်းဆီးထားပြီး ဒီလူတွေဟာ အမေရိကန်ရဲ့ ပါဝင်ပတ်သက်မှုနဲ့ သူ့ကို ဖြုတ်ချဖို့ ဝင်ရောက်လာခဲ့တာဖြစ်တယ်လို့ သမ္မတ မာဒူရိုက နိုင်ငံပိုင်ရုပ်သံက ထုတ်ပြန်ခဲ့တဲ့ မိန့်ခွန်းမှာ ပြောပါတယ်။ မေ ၃ ရက်နေ့က ဒီကြေးစားစစ်သားတပ်ဖွဲ့ကို ဖမ်းဆီးရာမှာ ၈ ဦးကို အသေဖမ်းဆီးမိခဲ့တယ်လို့ ဗင်နီဇွဲလား အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ဖမ်းဆီးမှုတွေနဲ့ စွပ်စွဲချက်တွေအပေါ် မှတ်ချက်မပေးသေးပါဘူး။ ကျူးကျော်ဝင်ရောက်ခဲ့သူတွေနဲ့ အမေရိကန် အစိုးရရဲ့ ပတ်သက်မှုလည်း မရှိဘူးလို့ ငြင်းဆိုထားပါတယ်။ အမေရိကန်ထောက်လှမ်းရေးနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တခုကလည်း ဗင်နီဇွဲလားမှာ စစ်ရေးအရ ဝင်ရောက်ကျူးကျော်မှုလုပ်တာ၊ ဘယ် အမေရိကန် အဖွဲ့အစည်းနဲ့မှ ပတ်သက်ခြင်းမရှိကြောင်း ရိုက်တာသတင်းကို  ပြောဆိုထားပါတယ်။
1 year Ago
Up