ကြေညာမည်

November 5, 2020

ကိုဗစ်-၁၉ ကာကွယ်ဆေးရလဒ် အောက်စဖို့တက္ကသိုလ် ကြေညာမည်

ဗြိတိန် အောက်စဖို့ဒ်တက္ကသိုလ်က ထုတ်ဖော်နေတဲ့  ကိုဗစ်-၁၉ ကာကွယ်ဆေး ရလဒ်တွေ ကို ရှေ့လမှာ ထုတ်ပြန်ကြေညာမှာဖြစ်ပြီး ၂၀၂၁ မှာ ကာကွယ်ဆေးရဖို့ မျှော်လင့်ချက်တွေ မြင့်တက်လာပါတယ်။  ဗြိတိန်ကာကွယ်ဆေး ထုတ်ဖော်ရေးအဖွဲ့ဥက္ကဋ္ဌ  ကိတ်ဘင်ဟမ်က" အောက်စဖို့ တက္ကသိုလ်နဲ့ ဖိုင်ဇာ၊ ဘိုင်အိုအင်န် တက်ခ်တို့ရဲ့ အပေါင်းလက္ခဏာဆောင်တဲ့ ကာကွယ်ဆေးကြားဖြတ်  စမ်းသပ်ရလဒ်တွေ ဒီဇင်ဘာအစောပိုင်းမှာ ရမယ်ဆိုရင် နှစ်ကုန်မှာ ကာကွယ်ဆေး အသုံးပြုနိုင်မယ့် အလားအလာရှိတယ်" လို့ နိုဝင်ဘာ ၄ ရက်မှာ ပြောပါတယ်။  ပြီးခဲ့တဲ့ ၆ လမှာ ကာကွယ်ဆေးထုတ်ဖော်ရေးအဖွဲ့အနေနဲ့ တိုးတက်မှုကြီးရခဲ့ပြီး အခုဆိုရင် ဗြိတိန်ဟာ ပုံစံ ၄ မျိုးနဲ့ ကာကွယ်ဆေး ၆ မျိုး  ရနိုင်ပြီလို့ ဘင်ဟမ်က လွှတ်တော်အမတ်တွေကို ပြောပါတယ်။  ကိုရိုနာဗိုင်းရပ်စ်ကို အဲဒီကာကွယ်ဆေးတွေ သုတ်သင်နိုင်တဲ့ အလားအလာသိပ်ကို နည်းပါး ပေမဲ့ ရောဂါနဲ့ သေဆုံးနှုန်းကို  လျှော့ချနိုင်စွမ်းသိပ်ကို မြင့်မားတယ်လို့ ဘင်ဟမ်က ထပ်လောင်း ပြောဆိုခဲ့ပါတယ်။ ထိရောက်တဲ့ကာကွယ်ဆေးကို  ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးမှာ  သိသာထင်ရှားတဲ့ ပြောင်းလဲမှုအဖြစ် အများက ရှုမြင်ထားပါတယ်။  လက်ရှိမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူပေါင်း ၁ ဒသမ ၂ သန်းကျော် သေဆုံးထားပြီး ကမ္ဘာ့စီးပွားရေးအကြီးအကျယ် ထိခိုက်ခဲ့ပါတယ်။   နောက်ပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘီလီယံနဲ့ချီတဲ့ လူတွေရဲ့ ပုံမှန်ဘ၀တွေဟာလည်းက သောင်းကနင်းဖြစ်ခဲ့ရတယ်လို့  ရိုက်တာက ရေးပါတယ်။ 
8 months Ago
Up