ကြေညာ

December 11, 2020

ပီဆိုငွေတန်ဖိုးလျှော့ချမည်ဟု ကျူးဘားသမ္မတ ကြေညာ

ကျူးဘားတော်လှန်ရေးနောက်ပိုင်း ပထမဆုံးအကြိမ် ပီဆိုငွေကြေးတန်ဖိုးလျှော့ချမယ်လို့ သမ္မတ မီဂဲဒီယက်ဇ်ကန်နယ်က ဒီဇင်ဘာ ၁၀ ရက်မှာ ကြေညာလိုက်ပါတယ်။  အကျပ်အတည်းဆိုက်နေတဲ့ ကျူးဘားစီးပွားရေးမှာ အခြေအနေတွေ ပိုမိုကောင်းမွန်စေဖို့  ငွေကြေးစနစ် နှစ်မျိုးနဲ့ ရှုပ်ထွေးလှတဲ့ ငွေကြေးလဲလှယ်မှု စနစ်အမျိုးမျိုးကို အဆုံးသတ်ပြီး လာမယ့် ဇန်နဝါရီလကစလို့ ငွေကြေးပြုပြင်ပြောင်းလဲမှုကို စတင်လိုက်တာပါ။   နိုင်ငံကို ပြောကြားတဲ့ ရုပ်သံမိန့်ခွန်းမှာ သမ္မတ ဒီယက်ဇ်ကန်နယ်က အမေရိကန် တစ်ဒေါ်လာကို ၂၄  ပီဆို နဲ့ ငွေကြေးလဲလှယ်နှုန်း တစ်ခုတည်း သတ်မှတ်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။    ကျူးဘားနိုင်ငံပိုင်စီးပွားရေးမှာ နှစ်ပေါင်း ၃၀ ကျော် ပီဆိုငွေကြေးနဲ့  ဒေါ်လာနဲ့ သတ်မှတ်တဲ့ CUC ငွေကြေးကို ဖြန့်ချိသုံးစွဲခဲ့ပြီး  ဒီငွေကြေးနှစ်မျိုးကို နှုန်းအမျိုးမျိုးနဲ့ လဲလှယ်သုံးစွဲနေတာပါ။  နိုင်ငံပိုင်လုပ်ငန်းတွေမှာတော့ ပီဆိုနဲ့ CUC ဟာ ၁ အချိုး ၁ ဖြစ်ပြီး  ပြည်သူပိုင်နဲ့ တခြား ဖက်စပ်လုပ်ငန်း၊ အထူးဖွံ့ဖြိုးရေးဇုန်က လုပ်ခလစာနဲ့ လယ်သမားတွေနဲ့ ဟိုတယ်တွေအကြား အရောင်းအဝယ်ပိုင်းမှာတော့ တစ် CUCကို ၂၄ ပီဆိုနဲ့ သတ်မှတ်သုံးစွဲ နေတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။     
5 months Ago

November 13, 2020

တီးဂရေးပြည်နယ်ရှိ  ရန်သူတပ်များကို အနိုင်ရဟု အီသီယိုပီးယားဝန်ကြီးချုပ် ကြေညာ

အီသီယိုးပီးယားအနောက်ပိုင်း တီဂရေးပြည်နယ်မှာ  စစ်တပ်က ဒေသခံတပ်တွေကို အနိုင်ရ တယ်လို့ ဝန်ကြီးချုပ် အက်ဘီအာမက်က ပြောပါတယ်။  ဝန်ကြီးချုပ် အက်ဘီက သီတင်းတစ်ပတ်ကြာ တိုက်ပွဲအတွင်း ရန်သူတွေရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေဟာ အာဖရိကဦးချိုဒေသ မတည်ငြိမ်အောင် ခြိမ်းခြောက်နေတယ်လို့ စွပ်စွဲ ပြောကြားပါတယ်။ နိုဝင်ဘာ ၁၀ ရက်မှာ နိုင်ငံပိုင်ရုပ်သံက တီဂရေးဒေသ ဟူမဲလာလေဆိပ်ကို အီသီယိုးပီးယား စစ်တပ် ထိန်းချုပ်တဲ့ ဗွီဒီယိုကို ပြသခဲ့ပါတယ်။  လေကြောင်းနဲ့ မြေပြင် တိုက်ပွဲတွေကြောင့် လူပေါင်းရာချီ သေဆုံးပြီး အိမ်နီးချင်း ဆူဒန်နိုင်ငံထဲ ဒုက္ခသည် အလုံးအရင်း ဝင်ရောက်ခဲ့ပါတယ်။  ဒီအတွက် အီသီယိုးပီးယားမျိုးနွယ်စု  ကွဲပြားမှုကို မတည်မငြိမ် ဖြစ်စေပြီး ၂၀၁၉ တုန်းက နိုဘယ်ငြိမ်းချမ်းဆု ရခဲ့တဲ့ ဝန်ကြီးချုပ် အက်ဘီရဲ့ အရည်အချင်းအပေါ် မေးခွန်းထုတ်တာတွေ မြင့်တက်ခဲ့တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။  
6 months Ago
More News
Up