ကြိုးပမ်း

November 12, 2020

ဆာအိုပေါ်လိုတိုက်စစ်မှူးကို ဥရောပကလပ်အသင်း ၆သင်း ရရှိရန် အပြိုင် ကြိုးပမ်း

ဘရာဇီးကလပ် ဆာအိုပေါ်လို တိုက်စစ်မှူး ဘရန်နာကို အာဆင်နယ်အပါအဝင် ဥရောပ ကလပ် ၆ သင်းလောက်က အပြိုင်ခေါ်ယူလိုနေပါတယ်။  အသက် ၂၀ သာရှိသေးတဲ့ ဘရန်နာဟာ  အခုနှစ် ဘောလုံးရာသီမှာ စုစုပေါင်း ၁၅ ဂိုး သွင်းယူထားပြီး ဥရောပထိပ်တန်းကလပ်တွေက ခေါ်ယူလိုနေတာ ဖြစ်ပါတယ်။  ဘရန်နာကို အီတလီကလပ်တွေဖြစ်ကြတဲ့ ဂျူဗင်တပ်၊ အေစီမီလန်နဲ့လာဇီယိုတို့က ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး အေဂျက်ဇ်၊ ပီအက်စ်ဂျီနဲ့ အာဆင်နယ်အသင်းတွေကလည်း စိတ်ဝင်စားလာတာ ဖြစ်ပါတယ်။  ဘရန်နာဟာ ၂၀၂၂ ခုနှစ်မှာ အသင်းနဲ့စာချုပ် သက်တမ်းကုန်ဆုံးခဲ့ပြီး စာချုပ်ဖျက်သိမ်းကြေး အဖြစ် ယူရို ၄၅ သန်း သတ်မှတ်ထားတယ်လို့ သိရပါတယ်။ 
6 months Ago

July 2, 2020

ချန်ပီယံ ထပ်ဖြစ်ရေး ကြိုးပမ်းရမည်ဟု လီဗာပူးနည်းပြပြော

လာမယ့်ရာသီမှာ ချန်ပီယံဆုကို ကာကွယ်မှာမဟုတ်ဘဲ နောက်ထပ် တစ်ကြိမ် ချန်ပီယံဖြစ်ဖို့ ကြိုးပမ်းရမယ်လို့ လီဗာပူးနည်းပြ ဂျာဂန်ကလော့ပ်ကပြောလိုက်ပါတယ်။  လီဗာပူးအသင်းဟာ အခုနှစ်ရာသီမပြီးဆုံးခင်မှာပဲ ပရီးမီးယားလိဂ်ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့ပါတယ်။  လာမယ့်ရာသီမှာ ချန်ပီယံဆုဖလားကို ကာကွယ်ရမှာဖြစ်ပေမယ့် အဲဒီလိုသဘောမထားဘဲ နောက်တစ်ကြိမ် ချန်ပီယံဖြစ်ဖို့ ထပ်ပြီးကြိုးပမ်းရမယ်လို့ နည်းပြကလော့ပ်ကပြောပါတယ်။  ပြိုင်ဘက်တွေဖြစ်တဲ့ မန်စီးတီး၊ မန်ယူနဲ့ ချဲလ်ဆီးအသင်းတွေဟာ လာမယ့်နှစ် ပိုကောင်းလာကြမှာဖြစ်သလို စပါး၊ အာဆင်နယ်၊ လက်စတာ စတဲ့အသင်းတွေဟာလည်း ရပ်တန့်နေကြမယ့်အသင်းတွေ မဟုတ်တာကြောင့် ချန်ပီယံဆုအတွက် အားလုံးမှာအခွင့်အရေးရှိနေတယ်လို့ ကလော့ပ်ကပြောပါတယ်။  ပြိုင်ဘက်အသင်းတွေထဲမှာ မန်စီးတီးအသင်းကတော့ ထိပ်တန်းအသင်းကြီးတစ်သင်းဖြစ်တယ်ဆိုတာ ထင်ရှားပြီး လာမယ့် ရာသီမှာ ပိုကောင်းအောင် ကြိုးပမ်းလိမ့်မယ်လို့ နည်းပြကလော့ပ်က သုံးသပ်ခဲ့ပါတယ်။ 
11 months Ago
More News
Up