ကြိုတင်မဲ

November 9, 2020

ကနီမြို့နယ်တွင် ကြိုတင်မဲများ ရေတွက်ပြီးစီး၊ အန်အယ်လ်ဒီပါတီ အနိုင်ရ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ ပြည်တွင်း၊ ပြည်ပ ကြိုတင်မဲတွေ ရေတွက်ပြီးစီးခဲ့ပြီး အန်အယ်လ်ဒီပါတီက အနိုင်ရရှိသွားတယ်လို့ သိရပါတယ်။ ကနီမြို့နယ် ပြည်တွင်းနဲ့ ပြည်ပ ကြိုတင်မဲတွေကို ဒီနေ့ညနေ ၄ နာရီမှာ စတင်ရေတွက်ခဲ့တာလို့ မြို့နယ်ကော်မရှင်ဥက္ကဋ္ဌ ဦးတင်မောင်အေးဆီက သိရပါတယ်။ ပြည့်သူ့လွှတ်တော်နေရာအတွက် အန်အယ်လ်ဒီပါတီက ၃၆၂ မဲ၊ ကြံ့ခိုင်ရေးပါတီက ၁၆ မဲ၊ ပြည်ထောင်စုကောင်ကျိုးဆောင်ပါတီက ၄ မဲ ရရှိပြီး ပယ်မဲက ၁ ရှိပါတယ်။  အမျိုးသားလွှတ်တော်နေရာမှာတော့ အန်အယ်လ်ဒီပါတီက ၃၆၆ မဲ၊ ကြံ့ခိုင်ရေးပါတီက ၁၄ မဲ၊ ပြည်ထောင်စုကောင်ကျိုးဆောင်ပါတီက ၂ မဲနဲ့ ပယ်မဲ ၁ မဲရှိပါတယ်။  တိုင်းဒေသကြီးလွှတ်တော် အမှတ် (၁) မှာ အန်အယ်လ်ဒီပါတီက ၂၁၁ မဲ၊  ကြံ့ခိုင်ရေးပါတီက ၅ မဲနဲ့ ပယ်မဲ ၁ မဲ၊ တိုင်းဒေသကြီးလွှတ်တော်အမှတ် ၂  မှာ အန်အယ်လ်ဒီပါတီက ၁၆၁ မဲ၊ ကြံ့ခိုင်ရေးပါတီက ၁၁ မဲ၊ ပြည်ထောင်စုကောင်ကျိုးဆောင်ပါတီက ၁ မဲ၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီက  ၃ မဲရှိတယ်လို့ သိရပါတယ်။ ကနီတမြို့နယ်လုံး အတိုင်းအတာအနေနဲ့ ကြိုတင်မဲတွေမှာ  အန်အယ်လ်ပါတီက အနိုင်ရရှိ‌ခဲ့တာလည်း ဖြစ်ပါတယ်။ ကျော်မင်းသန့်
9 months Ago

November 8, 2020

ရွှေဘိုတွင် ပြည်သူ့လွှတ်တော်အတွက် ကြိုတင်မဲများရေတွက်မှုပြီးစီး၊ အန်အယ်လ်ဒီ အနိုင်ရ

စစ်ကိုင်းတိုင်း ရွှေဘိုမြို့မှာ ပြည်သူ့လွှတ်တော်နေရာအတွက် ပြည်တွင်း၊ ပြည်ပနဲ့ တပ်က ကြိုတင်မဲတွေ ရေတွက်မှု ပြီးစီးသွားပြီဖြစ်ပြီး အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ်လောင်းက အနိုင်ရရှိသွားတယ်လို့ သိရပါတယ်။ ကြိုတင်မဲတွေကို ရွှေဘိုမြို့ မြို့တော်ခန်းမမှာ စရေနေတာဖြစ်ပြီး မဲရေတွက်တဲ့ မြင်ကွင်းကို မြို့တော်ခန်းမရှေ့မှာ Projector နဲ့ တိုက်ရိုက်ပြသထားတယ်လို့ ဒီဗွီဘီ နယ်ခံသတင်းထောက်က ပြောပါတယ်။ လက်တလောရေတွက်မှုအရ ပြည်သူ့လွှတ်တော်နေရာအတွက် NLD ပါတီက မဲ ၄၀၀၊ ကြံ့ခိုင်ရေးပါတီက မဲ ၃၂၁၊ ပြည်သူ့ရှေ့ဆောင်ပါတီက ၃ မဲ ရရှိနေပြီး အမျိုးသားလွှတ်တော်အတွက် မဲကိုတော့ ရေတွက်နေဆဲပဲလို့ ဆိုပါတယ်။
9 months Ago
More News
Up