ကြိုတင်တားဆီ

July 3, 2020

မြောက်ကိုရီးယားသို့  ကိုဗစ်-၁၉ ဝင်မလာစေရန် ကြိုတင်တားဆီးခဲ့ဟု ကင်ဂျုံအန်းပြော

မြောက်ကိုရီးယားဟာ နိုင်ငံအတွင်းကို ကိုရိုနာဗိုင်းရပ်စ် ဝင်မလာအောင် ကြိုတင်တားဆီးခဲ့ တယ်လို့  ခေါင်းဆောင်  ကင်ဂျုံအန်းက ဇူလိုင်လ ၂ ရက်မှာ ပြောဆိုလိုက်ပါတယ်။  အာဏာရအလုပ်သမားပါတီ ပေါ်လစ်ဗျူရိုအစည်းဝေးအတွင်း ခေါင်းဆောင်ကင်က ကမ္ဘာ တဝန်းမှာ ကျန်းမာရေးပြဿနာဖြစ်နေပေမဲ့  မြောက်ကိုရီးယားအနေနဲ့ ကပ်ရောဂါတားဆီးရေးကို တည်တည်ငြိမ်ငြိမ် ထိန်းထားနိုင်ပြီး  အောင်မြင်မှု ရရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။  ဒါပေမဲ့လည်း ကပ်ရောဂါတိုက်ဖျက်ရေးမှာ ကျေနပ်အားရပြီး ပေါ့ပေါ့တန်တန် မနေဖို့နဲ့  သတိဝီရိယကြီးကြီးထားဖို့ကိုလည်း  ခေါင်းဆောင်ကင်က သတိပေးခဲ့တယ်လို့  နိုင်ငံပိုင် KCNA  သတင်းဌာနက ဇူလိုင်လ ၃  ရက်မှာထုတ်လွှင့်ခဲ့ပါတယ်။  ဇူလိုင်လ ၂ ရက်အစည်းအဝေးအတွင်း ပြုံယမ်းအထွေထွေဆေးရုံကြီး တည်ဆောက်ရေး ကိစ္စကိုလည်း ဆွေးနွေးခဲ့ပါတယ်။  ကင်က ဆေးရုံတည်ဆောက်ရေးစီမံကိန်းကို ကျေနပ်အားရတယ်လို့ ပြောဆိုပြီး   အဆင်မပြေမှုတွေကြားက စီမံကိန်းကို ရှေ့ဆက်လုပ်ပေးတဲ့အတွက်  တည်ဆောက်သူတွေကို  ကျေးဇူးတင်စကား ဆိုခဲ့ပါတယ်။   မြောက်ကိုရီးယားမှာ  ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ မရှိဘူးလို့ အတည်ပြုထားပြီး ခုချိန်ထိ စစ်ဆေးထားသူ ၉၂၂ ယောက်စလုံးမှာ  ကိုရိုနာဗိုင်းရပ်စ်ပိုး မတွေ့ရှိဘူးလို့ ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ 
12 months Ago
Up