ကြားပွဲစဉ်

February 25, 2020

ပရီးမီးယားလိဂ်ကြားပွဲစဉ်တွင် လီဗာပူးက ဝက်စ်ဟမ်းကို (၃-၂) ဂိုးဖြင့် အနိုင်ရ (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့  ပရီးမီးယားလိဂ်ကြားပွဲစဉ်မှာ လီဗာပူးက ဝက်စ်ဟမ်းကို ၃ဂိုး ၂ဂိုးနဲ့ အနိုင်ရပြီး ချန်ပီယံဆုကို ရယူနိုင်ဖို့ တဖြည်းဖြည်း နီးစပ်လာပါတယ်။  လီဗာပူးအတွက် အနိုင်ဂိုးတွေကို ဝီနယ်ဒန်၊ ဆာလက်နဲ့ မာနေးတို့က သွင်းယူပါတယ်။ လီဗာပူးဟာ အိမ်ကွင်းမှာ တဖက်သတ် ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်ခဲ့သလို ထိုးဖောက် ကန်သွင်းခွင့်တွေလည်း ပိုရခဲ့ပါတယ်။ ဒီပွဲအပြီးမှာ လီဗာပူးအသင်းဟာ ဇယားထိပ်ဆုံးမှာ ရမှတ် ၇၉ မှတ်နဲ့ ဦးဆောင်နေပြီး အမှတ်ပေးဇယား ဒုတိယနေရာက မန်စီးတီးကို ၂၂ မှတ်အသာနဲ့ ဖြတ်ထားနိုင်ပြီဖြစ်ပါတယ်။  နိုင်ပွဲဆက်နေတဲ့ လီဗာပူးဟာ နောက်ထပ် ၄ မှတ်ရရင် နှစ်ပေါင်း ၃၀ လောက်  ဝေးကွာနေတဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူနိုင်တော့မှာ ဖြစ်ပါတယ်။
1 year Ago

February 20, 2020

ပရီးမီးယားလိဂ်ကြားပွဲစဉ်တွင် မန်စီးတီးက ဝက်စ်ဟမ်းကို ၂ ဂိုးပြတ်နိုင် 

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ကြားပွဲစဉ်မှာ မန်ချက်စတာစီးတီးက ဝက်စ်ဟမ်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ မန်စီးတီးအတွက် အနိုင်ဂိုးတွေကို ရိုဒရီနဲ့ ဒီဘရိုင်းတို့က သွင်းယူပါတယ်။ မန်စီးတီးက အိမ်ကွင်းမှာ တဖက်သတ် ဘောလုံး အသာစီးယူပြီး ကစားနိုင်ခဲ့သလို ဂိုးပေါက် ကန်သွင်းခွင့်လည်း ၇ ကြိမ်အထိ ရခဲ့ပါတယ်။  ဝက်စ်ဟမ်းကတော့ တဖက် ဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ခြင်း မရှိပါဘူး။ ဒီပွဲမှာ ခြေစွမ်းပြနိုင်တဲ့ မန်စီးတီး ကွင်းလယ်သမား ဒီဘရိုင်း အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခြင်း ခံရပါတယ်။  ဒီပွဲနိုင်တဲ့ မန်စီးတီးက ၅၁ မှတ်နဲ့ ဇယားထိပ်က လီဗာပူးရဲ့နောက် ၂၂ မှတ်အကွာနဲ့ အမှတ်ပေးဇယားရဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။
1 year Ago
Up