ကွန်ဂို

June 14, 2019

အီဘိုလာရောဂါဖြင့် လူသေဆုံးပြီးနောက် ယူဂန်ဒါ-ကွန်ဂို နယ်စပ်တွင် ရောဂါရှာဖွေစက်ဖြင့် စစ်ဆေး

ယူဂန်ဒါနိုင်ငံမှာ အခုအပတ် အစောပိုင်းက ကွန်ဂိုနိုင်ငံဘက်က ရောက်လာသူနှစ်ယောက် အီဘိုလာရောဂါနဲ့ သေဆုံးခဲ့ပြီးနောက် ဇွန်လ ၁၃ ရက်နေ့မှာတော့ ယူဂန်ဒါ အာဏာပိုင်တွေဟာ ကွန်ဂိုနိုင်ငံနဲ့ နယ်စပ်မှာ ရောဂါရှာဖွေရေးစက်တွေနဲ့ စစ်ဆေးနေပါတယ်။ ကွန်ဂိုနိုင်ငံမှာ အီဘိုလာရောဂါ စတင်ဖြစ်ပွားတဲ့ ၂၀၁၈ သြဂုတ်လကတည်းက ဒါဟာ ရောဂါပိုး နယ်စပ်ဖြတ်ကျော် ကူးစက်လာတဲ့ ပထမဆုံးဖြစ်စဉ်ပါ။ အီဘိုလာရောဂါကြောင့် ကွန်ဂိုနိုင်ငံ အရှေ့ပိုင်းမှာ သေဆုံးသူ ၁၃၉၀ အထိ ရှိလာပါပြီ။ ယူဂန်ဒါ ကျန်းမာရေး တာဝန်ရှိသူတွေဟာ နယ်စပ်မှာ ကွန်ဂိုဘက်က ဝင်လာသူတွေကို ရောဂါရှာဖွေရေးစက်တွေနဲ့ စစ်ဆေးနေပြီး သံသယရှိဖွယ် ရောဂါလက္ခဏာ တွေ့ရသူတွေကို သီးသန့် ထပ်မံစစ်ဆေးတာတွေ လုပ်ပါတယ်။ အီဘိုလာရောဂါ လက္ခဏာတွေဟာ အပြင်းဖျားတာ၊ အော့အန်တာ၊ ဝမ်းလျှောတာနဲ့ သွေးထွက်များတာဖြစ်ပြီး ခန္ဓာကိုယ်ကထွက်တဲ့ အရည်တွေကတဆင့် ရောဂါပိုး ကူးစက်နိုင်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ယူဂန်ဒါနိုင်ငံကို အီဘိုလာရောဂါ ကာကွယ်ဆေး လေးထောင်ကျော် ထပ်တိုးချပေးထားပြီး ဇွန်လ ၁၄ ရက်နေ့မှာ ကာကွယ်ဆေး စတင်ထိုးနှံမယ်လို့ ရိုက်တာသတင်းဌာနက ဆိုပါတယ်။
2 years Ago

June 13, 2019

ကွန်ဂိုတွင် ဝက်သက်ရောဂါဖြစ်ပွားမှု မြင့်တက်၊ သေဆုံးသူ အယောက် ၁၅၀၀ ကျော်ရှိ

ကွန်ဂိုနိုင်ငံမှာ ဝက်သက်ရောဂါဖြစ်ပွားမှု မြင့်တက်နေပြီး ကျန်းမာရေးဝန်ကြီးဌာနရဲ့ နောက်ဆုံး အချက်အလက်တွေအရ ဝက်သက်ရောဂါကြောင့် သေဆုံးသူ အယောက် ၁၅၀၀ ကျော်လာပြီလို့ အစိုးရက ဇွန်လ ၁၀ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ ဒါဟာ အခုနှစ် ပထမငါးလအတွင်း သေဆုံးတဲ့ပမာဏ ဖြစ်တယ်လို့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ကလည်း ပြောပါတယ်။ ကာကွယ်ဆေးထိုးတဲ့ စီမံကိန်းတွေ ကျယ်ကျယ်ပြန့်ပြန့်လုပ်တာက ဝက်သက်ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ဖို့ တခုတည်းသောနည်းလမ်း ဖြစ်တယ်လို့ ကျန်းမာရေး တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါပေမယ့် တချို့မိဘတွေက ကာကွယ်ဆေးထိုးဖို့ အတိုက်အခံလုပ်ရင် စီမံကိန်း နှောင့်နှေးနိုင်တယ်လို့ တာဝန်ရှိသူတွေက ဆက်ပြောပါတယ်။ ကွန်ဂိုတနိုင်ငံလုံးမှာ ဝက်သက်ရောဂါ သံသယရှိလူနာ ခြောက်သောင်းခွဲကျော် ရှိတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။ နိုင်ငံအရှေ့ပိုင်းမှာလည်း အီဘိုလာရောဂါကြောင့် သေဆုံးသူ ၁၃၀၀ ကျော်ရှိလာပြီး ရောဂါပြန့်ပွားမှု ထိန်းချုပ်ဖို့ ကျန်းမာရေးဝန်ထမ်းတွေက အားစိုက်လုပ်ဆောင်နေကြပါတယ်။
2 years Ago
More News
Up