ကွင်းလယ်လူ အဲရစ်ဒီရာကို တော့တင်ဟမ်ဟော့စပါး ၅ နှစ် သက်တမ်းတိုး

September 14, 2016

ကွင်းလယ်လူ အဲရစ်ဒီရာကို တော့တင်ဟမ်ဟော့စပါး ၅ နှစ် သက်တမ်းတိုး

တော့တင်ဟမ်ဟော့စပါး ကွင်းလယ်လူ အဲရစ် ဒီရာဟာ အသင်းနဲ့ ၅ နှစ်စာချုပ် သက်တမ်း ထပ်တိုးလိုက်ပါတယ်။ စာချုပ်သစ်ကြောင့် ကွင်းလယ်ကစားသမား ဒီရာဟာ စပါးအသင်းမှာ ၂၀၂၁ အထိ ရှိနေမှာ ဖြစ်ပါတယ်။ အသက် ၂၂ နှစ်အရွယ် ဒီရာဟာ ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်း အသင်းကနေ ပေါင် ၄ သန်းနဲ့ ၂၀၁၄ ခုနှစ်မှာ စပါးကို ရောက်ရှိလာတာပါ။ သူဟာ စပါးအသင်းအတွက် ၈၇ ပွဲ ကစားပေးထားပြီး ၆  ဂိုး သွင်းယူထားပါတယ်။ ဒီရာဟာ ဗဟိုနောက်ခံလူနေရာမှာ ကစားသမားဘ၀ကို စတင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ကွင်းလယ် ခံစစ်သမားအဖြစ် ပြောင်းလဲကစားခဲ့ပါတယ်။ သူဟာ စပါးအသင်းနဲ့အတူ ပရီးမီးယားလိဂ် ပွဲဦးထွက် ၄ ပွဲစလုံးမှာ ပါဝင်ကစားခွင့် ရထားသလို အင်္ဂလန် လက်ရွေးစင်အသင်းအတွက်လည်း ၂၀၁၅ မှာ ပွဲထွက်ကစားခွင့် ရထားပါတယ်။ ဒီရာဟာ အင်္ဂလန်အတွက် ၁၂ ပွဲ ကစားပေးထားရာမှာ ၂ ဂိုး သွင်းယူထားပါတယ်။
5 years Ago
Up