ကျွန်ဘဝ

June 20, 2020

အမေရိကန်တွင် လူမည်းများ ကျွန်ဘဝက လွတ်မြောက်ခဲ့သည့်နေ့အထိမ်းအမှတ် လူထောင်ချီ ဆန္ဒပြ

ဇွန်လ ၁၉ ရက်ဟာ အမေရိကန်နိုင်ငံက လူမည်းတွေ  ကျွန်ဘဝက လွတ်မြောက်တဲ့ အထိမ်းအမှတ်  အားလပ်ရက်ဖြစ်တာမို့ အမေရိကန်မြို့ကြီးတွေမှာ လူပေါင်းထောင်ချီ  ပါဝင်ဆင်နွှဲ ချီတက်ခဲ့ပါတယ်။    မကြာသေးခင် သီတင်းပတ်တွေအတွင်း လူမျိုးရေး မညီမျှမှုတွေအတွက်  ဆန္ဒပြပွဲတွေ ဖြစ်ခဲ့ပြီးနောက်   ချီတက်သူတွေဟာ အတ္တလန္တာမြို့ကနေ  အုတ်ကလန်မြို့အထိ ကျွန်ဘဝက လွတ်မြောက်ခြင်း အထိမ်းအမှတ်နေ့နဲ့   ရဲတပ်ဖွဲ့ ညှဉ်းပန်းမှုကို  ဆန့်ကျင် ဆန္ဒပြခဲ့ပါတယ်။  ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှာ စိုးရိမ်တာကြောင့် အထိမ်းအမှတ်ပွဲ အတော်များများ  ပယ်ဖျက်ခဲ့ပေမယ့်   တက်ကြွလှုပ်ရှားသူတွေက စည်းလုံးညီညွတ်မှုကို  ပြတဲ့အနေနဲ့ လမ်း လျှောက်ချီ တက်ပွဲတွေ ၊ မော်တော်ကားနဲ့ လှည့်လည်ပွဲတွေ စီစဉ်ခဲ့ပါတယ်။  နှစ်စဉ်ကျင်းပတဲ့  ဇွန်လ  ၁၉ ရက် ကျွန်ဘဝက လွတ်မြောက်ခြင်း အထိမ်းအမှတ်ပွဲဟာ  ဒီနှစ်မှာတော့ လူမည်းအမျိုးသား ဂျော့ဖလွိုက် သေဆုံးမှုကြောင့် ဖြစ်ပေါ်တဲ့ ဆန္ဒပြပွဲတွေ အပြီး ရောက်ရှိလာတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။  
11 months Ago
Up