ကျောနံပါတ် ၇

May 20, 2020

ဂျေဒန်ဆန်ချိုကို ခေါ်ယူပြီး ကျောနံပါတ် ၇ ပေးရန် မန်ယူအသင်းကို ဖာဒီနန် တိုက်တွန်း

မန်ယူအသင်းအနေနဲ့ ဂျေဒန်ဆန်ချိုကို ခေါ်ယူပြီး ကျောနံပါတ် ၇ ဂျာစီပေးဖို့  နောက်ခံလူဟောင်း ဖာဒီနန်က တိုက်တွန်းလိုက်ပါတယ်။  မန်ယူအသင်းအနေနဲ့ လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ ငွေကြေးသုံးစွဲပြီး ကစားသမားကောင်း ၃ ဦးကို ခေါ်ယူဖို့ တိုက်တွန်းထားတာပါ။  ဒေါ့မွန် တောင်ပံတိုက်စစ်ကစားသမား ဂျေဒန်ဆန်ချို၊ အက်သလက်တီကိုမက်ဒရစ် ကွင်းလယ်လူ ဆာအူးလ်နီဂွက်ဇ်နဲ့ နာပိုလီ နောက်ခံလူ ကူလီဘာလီတို့ကို ခေါ်ယူဖို့ ဖာဒီနန်က ဆန္ဒရှိနေတာပါ။ မန်ယူအသင်းသမိုင်းမှာ အစဉ်အလာရှိ ကျောနံပါတ် ၇ ကိုတော့ အင်္ဂလန်နဲ့ ဒေါ့မွန် တောင်ပံကစားသမား ဂျေဒန်ဆန်ချိုကို ဝတ်ဆင်ခွင့်ပေးသင့်တယ်လို့ ဖာဒီနန်က ပြောပါတယ်။ ဆန်ချိုဟာ ကျောနံပါတ် ၇ နဲ့ ထိုက်တန်တဲ့ အရည်အချင်းရှိပြီး ယူနိုက်တက်အသင်းမှာ မရှိသေးတဲ့ စွမ်းဆောင်ရည်မျိုး ပြသနိုင်လိမ့်မယ်လို့ ဖာဒီနန်က ချီးကျူးပါတယ်။  ဆန်ချိုအတွက် ဒေါ့မွန်အသင်းက ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ သတ်မှတ်ထားတယ်လို့ သိရပါတယ်။
12 months Ago

March 26, 2020

မန်ယူနိုက်တက်က ဆန်ချိုကို စံချိန်တင်ကြေးအပြင် ကျောနံပါတ် ၇ ပါ ထည့်သွင်းကမ်းလှမ်းမည်

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒေါ့မွန်ကြယ်ပွင့်ကစားသမား ဂျေဒန်ဆန်ချိုကို ဂန္ထဝင်ကျောနံပါတ် ၇ နဲ့ မက်လုံးပေး ကမ်းလှမ်းမှု ပြုလုပ်သွားမယ်လို့ သိရပါတယ်။ ဒေါ့မွန်အသင်းနဲ့အတူ အထူးခြေစွမ်းပြလာတဲ့ ဆန်ချိုကို ဥရောပအသင်းကြီး တော်တော်များများက ခေါ်ယူဖို့ စောင့်ကြည့်‌နေကြပြီး ယူနိုက်တက်အသင်းက ခေါ်ယူနိုင်ဖို့ အလားအလာအကောင်းဆုံး အခြေအနေကို ပိုင်ဆိုင်ထားကာ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းသွားဖို့ ရှိနေပါတယ်။  မန်ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီမှာတကည်းက ဆန်ချိုကို ခေါ်ယူဖို့ နီးစပ်ခဲ့ပြီး ချန်ပီယံလိဂ် ဝင်ခွင့်ဆုံးရှုံးခဲ့ရခြင်းကြောင့် ဒီအခွင့်အရေးကို ဆုံးရှုံးခဲ့ရတာလို့ ယုံကြည်နေပါတယ်။ ဒါပေမဲ့ အခုနှစ် နွေရာသီမှာတော့ ဆန်ချိုကို ပြန်လည်ခေါ်ယူနိုင်ဖို့ မျှော်လင့်ချက်တွေ ပြန်လည်ပေါ်ထွက်လာပြီး ဆန်ချိုကို မန်ချက်စတာမြို့ထံ ပြန်လည်ခေါ်ယူဖို့ နာမည်ကျော် ကျောနံပါတ် ၇ ကိုပါ ထည့်သွင်းကမ်းလှမ်းသွားမယ်လို့ Evening Standard သတင်းမှာ ဖော်ပြပါတယ်။  လက်ရှိအချိန်မှာ ယူနိုက်တက်အသင်းရဲ့ ကျောနံပါတ် ၇ ပိုင်ရှင်ဟာ အလက်ဆစ်ဆန်းချက် ဖြစ်ပြီးတော့ ကလပ်အသင်းဘက်က ကစားသမားကို နွေရာသီမှာ ရောင်းထုတ်သွားဖို့ စီစဉ်ထားပါတယ်။ ဒီလိုမှ မရောင်းထုတ်နိုင်ဘူး ဆိုရင်တောင် ဆန်းချက်ဇ်ဟာ ဆန်ချိုအတွက် နောက်ထပ် ကျောနံပါတ်တခုကို ပြောင်းလဲဝတ်ဆင်သွားရနိုင်ဖွယ် ရှိနေပါတယ်။  ဆန်ချိုကို ခေါ်ယူဖို့အတွက်ဆိုရင် မန်ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ဘက် ချဲလ်ဆီးအသင်းနဲ့ အဓိကယှဉ်ပြိုင်ရမှာဖြစ်ပြီး လက်ရှိရပ်တည်မှုအရ ချဲလ်ဆီးအသင်းဟာ မန်ယူနိုက်တက်အသင်းရဲ့ အထက်ကို ရောက်ရှိနေပါတယ်။ ဒါ့အပြင် မေဆင်မောင့်၊ အေဗရာဟမ်၊ တီမိုရီနဲ့ ရီစီဂျိမ်းတို့လို လူငယ် ကစားသမားတွေကို မြေတောင်မြှောက်ပေးထားနိုင်တာကလည်း လမ်းပတ်အတွက် အားသာချက်တခု ဖြစ်လာနိုင်ပါတယ်။  မန်ယူနိုက်တက်ဘက်က ပြန်ကြည့်မယ်ဆိုရင်တော့ သူတို့မှာ ရက်ဖို့ဒ်၊ တွမ်မီနေး၊ ပေါ့ဘာ၊ ဝီလီယမ် စတဲ့ အကယ်ဒမီထွက်ကစားသမားတွေ ရှိနေခြင်းကို ထောက်ပြနိုင်မှာဖြစ်ပြီး လက်ရှိ အခြေအနေတွေအရတော့ ဒေါ့မွန်အသင်းဟာ ဈေးပိုပေးနိုင်တဲ့လူကိုသာ ရောင်းချသွားဖွယ် ရှိနေပါတယ်။ ချဲလ်ဆီးအသင်းဟာ ကွင်းလယ်လူ ပူလီဆစ်အတွက် ဒေါ့မွန်အသင်းနဲ့ အရောင်းအဝယ်ကိစ္စ ဆောင်ရွက်ခဲ့ဖူးခြင်းလည်း ရှိနေတာကြောင့် ဆန်ချိုရဲ့အနာဂတ်ဟာ လန်ဒန်ကို ရောက်မလား၊ မန်ချက်စတာမြို့ကိုပဲ တကျော့ပြန်လာမလား စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။
1 year Ago
Up