အလာဘားမားပြည်နယ်ရဲ့ မိုဘိုင်းလ်ဆိပ်ကမ်းမြို့ရှိ အထက်တန်းကျောင်းဘောလုံးပွဲမှာ အောက်တိုဘာ ၁၅ ရက်က ပစ်ခတ်မှုဖြစ်ပွားပြီးနောက် လူ လေးယောက် ဒဏ်ရာ ရခဲ့တယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
အားကစားကွင်းမှာ သေနတ်သံတွေ ကြားရပြီးနောက်မှာ လူတွေဟာ ကွင်းထဲကို အပြေးအလွှားသွားနေပြီး ဘောလုံးသမားတွေက ကွင်းပြင်မှာ မှောက်လျက် လဲလျောင်းနေကြ တာကို ရိုက်တာ ရုပ်သံသတင်းမှာ မြင်တွေ့ရပါတယ်။
ဘောလုံးပွဲ ကြေညာသူ ကိုယ့်ကိုယ်ကိုယ် အကာအကွယ်ယူကြဖို့ ပြောနေသံလည်း ပါဝင်ပါတယ်။
မိုဘိုင်းလ်မြို့ ရဲတပ်ဖွဲ့ကတော့ ကျည်ခွံ ၄ ခု တွေ့ရှိခဲ့ပြီး အမျိုးသားသုံးဦးနဲ့ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပြောပါတယ်။
အသက်အန္တရာယ်ရှိတဲ့ ဒဏ်ရာတွေရရှိထားသူ တဦးကို ဆေးရုံကို ခေါ်သွားပြီး ထိခိုက်သူတွေထဲက ၂ ဦးဟာ အသက်မပြည့်သေးသူ လူငယ်တွေဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။