ကျောင်းပိတ်ရက်

September 25, 2021

အခြေခံပညာကျောင်းအားလုံး အောက်တိုဘာ ၂၄ ထိ ဆက်ပိတ်

နိုင်ငံတဝန်း ပုဂ္ဂလိကကျောင်းနဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေအပါအဝင် အခြေခံပညာကျောင်းတွေကို အောက်တိုဘာ ၂၄ ရက်‌အထိ ဆက်လက်ပိတ်ထားမယ်လို့ အကြမ်းဖက်စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ဖို့ ယာယီပိတ်ထားတာလို့လည်း ဆိုထားပါတယ်။

မြန်မာနိုင်ငံရဲ့ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ပြန့်ပွားမှု အခြေအနေမှာ စက်တင်ဘာ ၂၄ ရက်ထိ ပိုးတွေ့လူနာ စုစုပေါင်း ၄၅၅၀၇၄ ဦးရှိခဲ့ပြီး သေဆုံးသူ ၁၇၄၁၃ ဦးရှိကာ ဆေးရုံ ဆင်းခွင့်ရသူ ၄၀၂၉၂၉  ဦးတယ်လို့ စစ်ကောင်စီရဲ့ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဇွန် ၁ ရက်နေ့မှာ စာသင်ကျောင်းတွေကို အတင်းအကျပ် ပြန်လည်ဖွင့်လှစ်ခဲ့ပြီးနောက် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု တိုးမြင့်လာတာကြောင့် ဇူလိုင် ၁၅ ရက်နေ့ကစတင်ပြီး ကျောင်းတွေ ပြန်ပိတ်ထားခဲ့တာလည်း ဖြစ်ပါတယ်။

2 months Ago

August 21, 2021

ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်များ သီတင်း ၁ ပတ်ကျော်ထပ်တိုး

အများပြည်သူအလုပ်ပိတ်ရက်အဖြစ် ဩဂုတ် ၂၃  ရက်မှ ၃၁ ရက်အထိ တစ်ဆက် တစ်စပ်တည်း ထပ်မံတိုးမြှင့်သတ်မှတ်ကြောင်း အာဏာသိမ်းစစ်ကောင်စီက ဩဂုတ် ၂၀ ရက်မှာ ကြေညာပါတယ်။

ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို  ထိရောက်စွာ ကာကွယ်ထိန်းချုပ်ကုသနိုင်ဖို့အတွက် အများပြည်သူ အလုပ်ပိတ်ရက်ကို နောက်ထပ် သီတင်းတပတ်ကြာ တိုးမြှင့်သတ်လိုက်တာပါ။

ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ဆက်လက်ထိန်းချုပ်ပြီး ပုံမှန်အခြေအနေသို့ အမြန်ပြန်လည်ရောက်ရှိနိုင်ဖို့ ထူးခြားတဲ့ အခြေအနေအရ နိုင်ငံတော် ဗဟိုဘဏ်နဲ့ ပုဂ္ဂိလကဘဏ်တွေမှအပ တစ်ဆက်တစ်စပ်တည်း အများပြည်သူအလုပ်ပိတ်ရက်အဖြစ် တိုးမြှင့်သတ်မှတ်ကြေညာလိုက်တာပါ။

ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် အခုလို ရုံးပိတ်ရက်တွေကို ထပ်ခါထပ်ခါတိုးမြှင့် ကြေညာနေတာ စုစုပေါင်း ၅ ကြိမ်ရှိသွားပြီဖြစ်ပါတယ်။

အလားတူ  ပုဂ္ဂလိက ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေအပါအဝင် အခြေခံပညာစာသင်ကျောင်းတွေအားလုံးကိုလည်း    ဩဂုတ် ၂၃  ရက်မှ ၃၁ ရက်အထိ ယာယီ ဆက်လက် ပိတ်ထားမယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။

မြန်မာနိုင်ငံမှာ မနေ့ကတရက်တည်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၀၀၀ ကျော်နဲ့ ထပ်မံသေဆုံးသူ ၁၅၁ ယောက်ရှိပြီး လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူစုစုပေါင်း ၁၄,၀၉၆ ယောက်နဲ့ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၃၆၈,၇၆၈ ယောက်ရှိပြီလို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ဩဂုတ် ၂၀ ရက်ညမှာ ထုတ်ပြန်ပါတယ်။ 

PhotoCredit-BEHS (6) Myaungmya

4 months Ago
Up