ကျောင်းဆရာမ

September 17, 2021

စလင်းမြို့နယ်တွင် CDM ကျောင်းဆရာမ ၁ ဦး ဖမ်းဆီးခံရ

မကွေးတိုင်း၊ စလင်းမြို့က အာဏာဖီဆန် CDM မှာပါဝင်တဲ့ ကျောင်းဆရာမ ၁ ဦးကို အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ စက်တင်ဘာ ၁၆ ရက်နေ့ ညနေ ၄ ခွဲဝန်းကျင်လောက်က ဆရာမနေထိုင်ရာ ပွင့်ဖြူမြို့၊ အရှေ့ပိုင်းရပ်ကွက်၊ ကံ့ကော်လမ်းနေအိမ်မှာ လာရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

မိသားစုနဲ့နီးစပ်သူတဦးက “သူက အသက်လည်းကြီးနေပြီဆိုတော့ စိတ်တော့ပူတာပေါ့။ ဘယ်ခေါ်သွားလည်းတော့ မသိဘူး။ စလင်းရဲစခန်းကိုတော့ မေးကြည့်ရမှာပေါ့” လို့ ပြောပါတယ်။

အာဏာဖီဆန် CDM မှာပါဝင်လို့ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံရသူမှာ ဆရာမဒေါ်ဝေဝေ ဖြစ်ပြီး စလင်းမြို့နယ်၊ ငသိုင်းချောင်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းက ပညာရေးဝန်ထမ်းတဦးဖြစ်ကြောင်းနဲ့ သက်ပြည့်ပင်စင်ယူဖို့ နှစ်အနည်းငယ်သာလိုတော့ကြောင်း မိသားစုနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

ဒီဗွီဘီက ဆရာမဒေါ်ဝေဝေ ဖမ်းဆီးခံရတာနဲ့ပတ်သက်လို့ စလင်းမြို့မရဲစခန်းကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခဲ့ခြင်းမရှိပါဘူး။

4 months Ago

July 9, 2021

မုဒုံမြို့က ပျောက်ဆုံးနေသည့် ကျောင်းဆရာမ တစ်ဦးကို သေဆုံးလျက် ပြန်တွေ့

ပျောက်ဆုံးနေတဲ့ မွန်ပြည်နယ်မှာ မုဒုံမြို့၊ မုဒုံကြီးရပ်ကွက်နေသူ အသက် ၂၆ နှစ်အရွယ် ကျောင်းဆရာမ မပွင့်သဇင်ဦးကို ဇူလိုင် ၉ ရက်နေ့ မနက် ၈ နာရီလောက်မှာ သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက DVB ကို ပြောပါတယ်။

ကျောင်းဆရာမကိုတော့ သူစတင် ပျောက်ဆုံးခဲ့တဲ့ ကျိုက်မရောမြို့နယ် မာကာလာတံတားအနီးက ချောင်းထဲမှာ သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့တာပါ။

ကျောင်းဆရာမဟာ  ဇူလိုင် ၈ ရက်နေ့ နေ့လယ် ၂ နာရီလောက်မှာ စတင်ပျောက်ဆုံးခဲ့တာ ဖြစ်ပြီး သူစတင် ပျောက်ဆုံးခဲ့တဲ့ တံတားအနီးမှာ ဆွဲခြင်းနဲ့ ထမင်းချိုင့်တွေ စတင်တွေ့ရှိခဲ့လို့ ပျောက်ဆုံးနေမှန်း သိရှိခဲ့ရတာပါ။

ဒါပေမယ့် ကျောင်းဆရာမ စီနင်းလာတဲ့ မော်တော်ဆိုင်ကယ်၊ ဖုန်းနဲ့ ဝတ်ဆင်ထားတဲ့ လက်ဝက်ရတနာတွေလည်း ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါ ကျောင်းဆရာမဟာ ကျိုက်မရောမြို့နယ် အံကရဲကျေးရွာမှာ တာဝန်ထမ်းဆောင်နေသူ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဆရာမ ရုပ်အလောင်းကို ကျိုက်မရောမြို့နယ် ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံကို ပို့ဆောင်ထားပြီး ရဲတပ်ဖွဲ့ဘက်က စစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

7 months Ago
More News
Up