ကျောက်ဖြူမြို့နယ်

October 27, 2020

ပလက်ဝမြို့နယ်ရှိ ကျေးရွာအုပ်စု ၉၄ အုပ်စုတွင် ရွေးကောက်ပွဲ မကျင်းပနိုင်ဟု ကြေညာ 

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၉၄ အုပ်စုမှာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်တဲ့ အခြေအနေမရှိတဲ့အတွက် ရွေးကောက်ပွဲ ကျင်းပမှာမဟုတ်ဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အောက်တိုဘာ ၂၇ ရက်မှာ ထုတ်ပြန် ကြေညာပါတယ်။ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိကြောင်း ပြီးခဲ့တဲ့ အောက်တိုဘာ ၁၆ ရက်နေ့က ကြေညာထားတဲ့ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ထဲက ကျေးရွာအုပ်စု တချို့မှာတော့ ရွေးကောက်ပွဲကျင်းပမယ်လို့ ပြန်လည် ထုတ်ပြန် ကြေညာထားပါတယ်။ ရွေးကောက်ပွဲ ကျင်းပခြင်းမပြုမယ့်နယ်မြေစာရင်းကနေ ပယ်ဖျက်ပြီး ရွေးကောက်ပွဲ ကျင်းပမယ့် ကျေးရွာအုပ်စုတွေထဲမှာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ထဲက ဂုံးချိန်ကျေးရွာအုပ်စု၊ စစ်တော ကျေးရွာအုပ်စု၊ အဝတောင် ကျေးရွာအုပ်စု၊ အမ်းမြို့နယ်ထဲက အမ်းမြောက်ကျေးရွာ အုပ်စု၊ အောက်ကျေးရွာအုပ်စု၊ လုံးကောက်ကျေးရွာအုပ်စုနဲ့ အမ်းတောင် ကျေးရွာအုပ်စုတို့ ပါဝင်ပါတယ်။ အလားတူ  ရှမ်းပြည်နယ် မူဆယ်မြို့နယ် မူဆယ်မြို့ တော်ရွက်ရပ်ကွက်၊ လားရှိုးမြို့နယ် မယ်ဟန်ကျေးရွာအုပ်စုနဲ့ ကွမ်းလုံမြို့နယ် မန်ပြိန်းကျေးရွာအုပ်စုတို့မှာလည်း ရွေးကောက်ပွဲ ကျင်းပမယ်လို့ ပြန်လည်ကြေညာလိုက်ပါတယ်။  အဆိုပါရပ်ကွက်နဲ့ ကျေးရွာအုပ်စုတွေမှာ လွတ်လပ်တရားမျှတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ကြောင်း သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေနဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေရဲ့ ထပ်မံစိစစ်တင်ပြချက်အရခုလို ကြေညာလိုက်တာလို့လည်း ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း လက်မှတ်နဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
8 months Ago

September 5, 2020

ကျောက်ဖြူမြို့နယ်တွင် ညမထွက်ရအမိန့်ချိုးဖောက်သူ ၃ ဦးကို ထောင်ဒဏ် ၁ လစီချမှတ်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ ညမထွက်ရအမိန့် ချိုးဖောက်သူ ၃ ဦးကို ဖမ်းဆီးတရားစွဲဆိုပြီး ထောင်ဒဏ် ၁ လ ချမှတ်ခဲ့တယ်လို့ ကျောက်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ စက်တင်ဘာ ၃ ရက်နေ့က ကျောက်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစီးတဲ့အဖွဲ့၊ မြို့မရဲတပ်ဖွဲ့မှူး ဦးဆောင်တဲ့အဖွဲ့တို့က ကျောက်ဖြူမြို့အတွင်း လှည့်လည်စစ်ဆေးရာမှာက  ဖမ်းဆီးမိခဲ့တာလို့ ဆိုပါတယ်။ ကျောက်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူးက “ကျနော်တို့က ညမထွက်ရအမိန့်စထုတ်ပြီးနောက် ညစဉ် ရဲတပ်ဖွဲ့ရယ်၊ သက်ဆိုင်ရာရပ်ကွက်ရေးမှူးတွေနဲ့ ပူးပေါင်းပြီးတော့ မြို့ကို ကင်းလှည့်စစ်ဆေးတာပေါ့။ အဲဒီမှာ ဟိုတစ်နေ့ညမှာ ညမထွက်ရအမိန့်ချိုးဖောက်သူ ၃ ဦးကို ဖမ်းဆီး အရေးယူခဲ့တယ်။ ကျနော်က တရားလိုလုပ်ပြီးတော့ ကျောက်ဖြူမြို့နယ်တရားရုံးမှာ တရားစွဲဆိုတော့ တရားရုံးက ထောင်ဒဏ် ၁ လစီ ချမှတ်လိုက်တယ်။ အမှန်တကယ် ကျန်းမာရေးမကောင်းလို့ သွားလာနေတဲ့သူတွေကိုတော့ ကျနော်တို့က လိုအပ်ရင် လိုအပ်သလို ကူညီဆောင်ရွက်ပေးသွားမှာပါ” လို့ ပြောပါတယ်။ ရခိုင်ပြည်နယ်မှာ သြဂုတ်လကစတင်ပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ တဖြည်းဖြည်းနဲ့ တိုးလာနေတာကြောင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်အားလုံးကို စက်တင်ဘာ  ၂ ရက်နေ့က စတင်ပြီး ည ၉ နာရီကနေ မနက် ၄ နာရီအတွင်း အသွားအလာတွေ မလုပ်ဆောင်ဖို့ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ထားပါ။ ရခိုင်ပြည်နယ်မှာ ဒီနေ့အထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၅၀၀ ကျော်ရှိပြီလို့ သိရပါတယ်။ နောင်နောင်
9 months Ago
More News
Up