ကျူပီအာ

May 3, 2016

ကျူပီအာကို အနိုင်ရပြီး ဘန်လေ ပရီးမီးယားလိဂ် တက်ရောက် (ရုပ်သံဟိုက်လိုက်)

အင်္ဂလန် ပထမတန်းက ဘန်လေအသင်းက ကျူပီအာအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိပြီး ပရီးမီးယားလိဂ်ကို တန်းတက်ခွင့်ရသွားပါတယ်။ ပထမပိုင်းမှာ တဘက်နဲ့တဘက် အကြိတ်အနယ်ရှိခဲ့ပြီး ဂိုးမသွင်းနိုင်လို့ ဂိုးမရှိ သရေကျခဲ့ပါတယ်။ ဒုတိယပိုင်း ၆၁ မိနစ်မှာတော့ ဘန်လေ ရှေ့တန်းတိုက်စစ်မှူး ဆန်ဝုဒ်က အလွတ်တည်ကန်ဘောက တဆင့် ခေါင်းတိုက် ဂိုးသွင်းယူသွားပါတယ်။ ဒီပွဲအနိုင်ရတဲ့အတွက် ဘန်လေက ဒုတိယနေရာက မစ်ဒယ်ဘရော့၊ တတိယနေရာက ဘရိုက်တန်တို့နဲ့ ၂ မှတ်အကွာ ၉၀ မှတ်နဲ့ အမှတ်ပေးဇယားမှာ ရပ်တည်နေပါတယ်။ လာမယ့်အပတ်မှာတော့ ဘိုရိုနဲ့ ဘရိုက်တန်တို့က အလိုအလျောက် ပရီးမီးယားလိဂ်ကို ၀င်ခွင့်ရတဲ့ နေရာအတွက် ယှဉ်ပြိုင်ရမှာ ဖြစ်သလို ဘန်လေကတော့ တန်းဆင်းဇုန်က ချာတန်ကို အနိုင်ရရင် ပထမတန်းမှာ ချန်ပီယံဖြစ်မှာ ဖြစ်ပါတယ်။
5 years Ago

May 31, 2015

ဖာဒီနန် ဘောလုံးလောကမှ အနားယူပြီ

အင်္ဂလန် နောက်တန်းသမားဟောင်း ရီယိုဖာဒီနန်ဟာ ဘောလုံးကစားခြင်းကနေ အနားယူလိုက်ပါတယ်။ အသက် ၃၆ နှစ်အရွယ် ဖာဒီနန်ဟာ ကျုပီအာအသင်း ပရီးမီးယားလိဂ်ကနေ တန်းဆင်းရအပြီးမှာ ဘောလုံး ကစားခြင်းကနေ အနားယူသွားတာပါ။ လန်ဒန်မြို့သား ဖာဒီနန်ဟာ မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ၁၂ နှစ်ကြာ ကစားခဲ့ပြီး ပြီးခဲ့တဲ့နှစ် မတ်လက ကျုပီအာအသင်းကို ပြောင်းရွေ့ခဲ့တာ ဖြစ်ပါတယ်။ ကြေညာချက်မှာတော့ ဖာဒီနန်က ဘောလုံးလောကမှာ ၁၈ နှစ်ကြာ ကျင်လည်ခဲ့ဖူးပြီး အခုအချိန်က အနားယူဖို့ အချိန်ကောင်း ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။ သူ့ရဲ့ ဇနီးဟာ ပြီးခဲ့တဲ့မေလ ၁ ရက်နေ့မှာ ရင်သား ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားပါတယ်။ မန်ယူနောက်ခံလူဟောင်းဟာ အင်္ဂလန် လက်ရွေးစင်အသင်းအတွက် ၈၁ ပွဲ ကစားပေးထားပါတယ်။ သူဟာ ကစားသမားဘ၀ကို ၀က်စ်ဟမ်းအသင်းနဲ့ စတင်ခဲ့ပြီး အသက် ၁၉ နှစ်အရွယ် ၁၉၉၇ မှာ အင်္ဂလန်အတွက် ပထမဆုံး ပွဲထွက် ကစားခွင့် ရခဲ့ပါတယ်။ အဲဒီနောက် ၂၀၀၀ ပြည့်နှစ်မှာ လိဒ်ယူနိုက်တက်ကို ပေါင် ၁၈ သန်းနဲ့ ရောက်ရှိခဲ့ပါတယ်။ နောက် ၂ နှစ်အကြာမှာ မန်ယူကို ပေါင်သန်း ၃၀ နဲ့ ရောက်ရှိခဲပါတာယ်။ သူဟာ အိုးထရက်ဖို့ဒ်ကလပ်မှာ ကစားတဲ့ နှစ်တွေအတွင်းမှာ ပရီးမီးယားလိဂ်ဖလား ၆ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ ကြိမ် ရယူနိုင်ခဲ့ပါတယ်။
6 years Ago
More News
Up