ကျင်းပမည်

April 10, 2018

မလေးရှားနိုင်ငံ အထွေထွေရွေးကောက်ပွဲ မေ ၉ ရက်တွင် ကျင်းပမည်

မလေးရှားနိုင်ငံ အထွေထွေရွေးကောက်ပွဲကို မေလ ၉ ရက်နေ့မှာ ကျင်းပမယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ဧပြီ ၁၀ ရက်နေ့မှာ ပြောလိုက်ပါတယ်။ ဒါဟာ လက်ရှိ အာဏာရ ညွန့်ပေါင်းအဖွဲ့ရဲ့ ၆၁ နှစ်ကြာ အာဏာခြေကုပ်အတွင်း အပြင်းထန်ဆုံး စမ်းသပ်ချက်ပါ။ ကုန်ဈေးကြီး ကြီးမြင့်တာကြောင့် ပြည်သူတွေ မပျော်မရွှင် ဖြစ်နေတဲ့အပြင် ဒေါ်လာ ဘီလျံချီတဲ့ အစိုးရရန်ပုံငွေ အလွဲသုံးမှုဆိုင်ရာ ကျော်မကောင်း ကြားမကောင်းမှုတွေကြောင့် ဝန်ကြီးချုပ် နာဂျစ်ရာဇက်ခ်ဟာ သူ့ရဲ့ ဘာရိစန် နေရှင်နယ် ညွန့်ပေါင်းအဖွဲ့ (Barisan Nasional) ပြန်အနိုင်ရရေး ဖိအားကို ရင်ဆိုင်နေရတာပါ။ ထင်မြင်သုံးသပ်ချက်တွေ အမျိုးမျိုးပေါ်ထွက်အပြီး ဧပြီ ၆ ရက်နေ့မှာ ဝန်ကြီးချုပ်က လွှတ်တော်ကို ဖျက်သိမ်းကြောင်း ကြေညာခဲ့ပါတယ်။ အသက် ၆၄ နှစ်အရွယ် နာဂျစ်ဟာ ပြန်ရွေးကောက်ခံနိုင်ဖို့ မျှော်လင့်ထားတာပါ။ အကဲခတ်တွေကတော့ သူ့ရဲ့ ဆရာဟောင်းနဲ့ မလေးရှားရဲ့ သမ္ဘာအရင့်ဆုံး နိုင်ငံရေးသမား ဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်ကို ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရလိမ့်မယ်လို့ ဟောကိန်းထုတ်ထားပါတယ်။
3 years Ago

February 9, 2018

ရေးမြို့တွင် မုန့်အမျိုးအစားပေါင်း ၁၀၀ ကျော်ပါဝင်သည့် မြန်မာ့ရိုးရာမု့န်ပွဲတော်ကျင်းပမည်

မွန်ပြည်နယ်၊ ရေးမြို့၊ ရန်ကြီးအောင်ရပ်ကွက်၊ ပြည်သူ့ရင်ပြင်မှာ လာမယ့်မတ်လ ၃ ရက်ညနေပိုင်းကစတင်ကာ မုန့်အမျိုးအစားပေါင်း ၁၀၀ ကျော်ပါဝင်မယ့် ရိုးရာမုန့်ပွဲတော် ကျင်းပသွားဖို့ရှိနေပါတယ်။ အဲဒီပွဲတော်မှာ မည်သူမဆို အခမဲ့ဝင်ရောက်စားသုံးနိုင်မှာလည်း ဖြစ်ပါတယ်။ ရိုးရာမုန့်ပွဲတော်ကို ရေးမြို့မှာ ကျင်းပလာတာဟာ အခုနှစ်က ၃ နှစ်မြောက်ရှိပြီဖြစ်ပြီး ရေးမြို့အခြေစိုက် စကားတောင်ဓမ္မစကူးလ်နဲ့ ရင်သွေးပျိုးခင်းဓမ္မစကူးလ်တို့ရဲ့ သင်တန်းဆင်းပွဲနဲ့ အတူ တပြိုင်တည်း ကျင်းပတာ ဖြစ်ပါတယ်။ စကားတောင်နဲ့ ရင်သွေးပျိုးခင်းဓမ္မစကူးလ်ကျောင်းအုပ် ဦးပညာစာရက “သင်တန်းဆင်းပွဲနဲ့အတူ မြန်မာမုန့်အမျိုးအစားပေါင်း ၁၀၀ ကျော်စတုဒိသာ ကျွေးမွေးသွားမယ်။ ရိုးရာမုန့်ပွဲတော်အပြင် ဓမ္မစကူးလ်သင်တန်းဆင်းကလေးတွေရဲ့ စွမ်းရည်ပြသမှုတွေ၊ ယဉ်ကျေးမှုအကအလှတွေနဲ့ မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးတမ်းများနဲ့အညီ ခမ်းနားစွာနဲ့ ကျင်းပသွားမှာပါ။ ဓမ္မစကူးလ်ရဲ့အနှစ်သာရနဲ့တန်ဖိုးတွေကို တက်ရောက်လာကြတဲ့ ပုဂ္ဂိုလ်တွေအားလုံး နားလည်သိရှိစေမယ့်အချက်တွေကိုလည်း အလေးထားဆောင်ရွက်သွားမှာပါ '' လို့ မိန့်ကြားပါတယ်။ မုန့်ပွဲတော်နဲ့အတူကျင်းပမယ့် သင်တန်းဆင်းပွဲမှာ ကလေးငယ်တွေရဲ့ ကဗျာ၊ ပုံပြင်နဲ့ ကျပန်းပြိုင်ပွဲ၊ စံပြမိဘအုပ်ထိန်းသူဆုပေးအပ်ပွဲ၊ အမျိုးသားယဉ်ကျေးမှုနဲ့အနုပညာတက္ကသိုလ်က ကျောင်းသားကျောင်းသူတွေရဲ့ ယဉ်ကျေးမှုပဒေသာယိမ်းနဲ့ ကပြဖျော်ဖြေဖို့ရှိပါတယ်။ သတင်း-ဓာတ်ပုံ- ၀င်းနိုင်သက်
4 years Ago
More News
Up