ကံမကောင်း

December 20, 2020

ကံမကောင်းသဖြင့် ရှုံးပွဲဆက်ခဲ့ရကြောင်း အာဆင်နယ်နည်းပြပြော

အာဆင်နယ်အသင်းက တိုက်ပွဲဝင်စိတ်ဓာတ်နဲ့ ကစားနိုင်ခဲ့ပြီး ကံမကောင်းခဲ့လို့သာ ရလဒ် မကောင်းခဲ့တာလို့ အာဆင်နယ်နည်းပြ အာတီတာက ပြောပါတယ်။ အာဆင်နယ်အသင်းဟာ အဲဗာတန်အသင်းနဲ့ အဝေးကွင်းပွဲစဉ်မှာ ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ ဆက်တိုက် နိုင်ပွဲပျောက်ခဲ့ပါတယ်။ ပွဲအပြီးမှာတော့ အဓိကအချက် ၂ ချက်ကနေ ၂ ဂိုးပေးလိုက်ရတာဖြစ်ပြီး ပွဲကို ထိန်းချုပ်နိုင်ခဲ့သလို အနည်းဆုံးတော့ မရှုံးနိမ့်နိုင်တဲ့ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့တယ်လို့ အာတီတာက ပြောပါတယ်။  ဂိုးဘားကိုလည်း တစ်ကြိမ်ထိခဲ့ပြီး ကံမကောင်းခဲ့ကြောင်း၊ ပြီးခဲ့ တစ်ပတ်က ဘန်လေနဲ့ ပွဲမှာလည်း ဂိုးပေါက်တည့်တဲ့ ကန်သွင်းချက် ခွင့်မပြုခဲ့တာကြောင့် ရှုံးနိမ့်ခဲ့ရတယ်လို့ အာတီတာက ပြောပါတယ်။ အဲဗာတန်နဲ့ ပွဲစဉ်မှာ ၁၅ ကြိမ် ကန်သွင်းခွင့်ရခဲ့ပြီး ၂ ကြိမ်သာ ဂိုးပေါက်တည့်ခဲ့တဲ့ အပေါ်မှာတော့ တိုးတက်မှုတွေရှိလာဖို့ လိုသေးတယ်လို့ နည်းပြ အာတီတာက ပွဲအပြီးမှာ မှတ်ချက်ပေးပါတယ်။  
5 months Ago
Up