ကေအိုင်အေ

May 10, 2021

KIA ကို ထောက်ခံကြောင်းနှင့် စစ်အာဏာရှင်အလိုမရှိကြောင်း မြစ်ကြီးနားတွင် ဆန္ဒပြ

ကချင်ပြည်နယ် မြစ်ကြီးနားမှာ KIA ကို ထောက်ခံကြောင်းနဲ့ စစ်အာဏာရှင်စနစ်ကို အလိုမရှိကြောင်း မေလ ၁၀ ရက်နေ့မနက် ၈ နာရီက အထွေထွေသပိတ်အဖွဲ့နဲ့ ဒေသခံများ ပူး​ပေါင်းပြီး လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။

မြစ်ကြီးနားမှာ စစ်တပ်အာဏာသိမ်းတာကို ဆန့်ကျင်ကြောင်း အရုဏ်ဦးသပိတ်နဲ့ ညသပိတ်တွေ၊ ပြောက်ကျားသပိတ်တွေ ပြုလုပ်ပြီး စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒပြနေကြတာပါ။

2 hours Ago

May 4, 2021

မံစီရဲစခန်းကို ကေအိုင်အေတိုက်ခိုက်၊မြို့နယ်မှူးသေဆုံး

ကချင်ပြည်နယ် မံစီမြို့ရှိ အကြမ်းဖက်စစ်ကောင်စီရဲစခန်းအား ကေအိုင်အေက ယနေ့ည ၈ နာရီလောက်က တိုက်ခိုက်ခဲ့ရာမှာ မြို့နယ်စခန်းမှူး စနိုက်ပါ ကျည်ဆန်ထိမှန်သေဆုံးခဲ့တယ်လို့မြို့ခံ တစ်ဦးက ပြောပါတယ်။

တိုက်ပွဲမှာ ရဲတပ်ဖွဲ့ဝင်တွေ ပစ်ခတ်ချိန်ပင်မရရှိဘဲ ကစဉ့်ကလျားဖြစ်ခဲ့ပြီးယခုည ၁၀နာရီကျော်မှာ ပစ်ခတ်မှုငြိမ်သက်သွားခဲ့တယ်လို့သိရပါတယ်။ အဆိုပါ ပစ်ခတ်မှုမှာ ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေ အသေးစိတ်တော့မသိရှိရသေးပါဘူး

6 days Ago
More News
Up