ကလေးအလောင်း

May 24, 2019

မိတ္ထီလာတွင် ချက်ကြိုးတန်းလန်းဖြင့် စွန့်ပစ်ထားသည့် ကလေးအလောင်းတွေ့ရှိ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့မှာ နယ်မြေ ၁၂ ရန်မျိုးအောင်ရပ်ကွက် စိမ့်ရေတွင်းအနီး စိန်ပန်းပင်အောက်မှာ  မေ ၂၃ ရက်က ချက်ကြိုးတန်းလန်းနဲ့ သေဆုံးနေတဲ့ ကလေးအလောင်း စွန့်ပစ်ထားတာ တွေ့ရှိတယ်လို့ မိတ္ထီလာအမှတ် ၂ ရဲစခန်းက ပြောပါတယ်။ မိတ္ထီလာအမှတ် ၂ ရဲစခန်းစခန်းမှူး ရဲအုပ်ဝင်းမြင့်ဦးက “ကလေးအလောင်းမှာ ပြင်ပဒဏ်ရာ မတွေ့ရပါဘူး၊ စွန့်ပစ်သွားသူကို စုံစမ်းနေပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။ ဒေသခံတဦးက “ကလေးပျက်ကျတာ ထင်တယ် ဘာပဲဖြစ်ဖြစ်ပေါ့။ အခုဟာက ခွေးတွေဝိုင်းဟောင်နေမှ သိကြတယ်။ အဲရောက်မှ တာဝန်ရှိသူတွေကို အကြောင်းကြားကြတယ်” လို့ ပြောပါတယ်။ အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် ၂ နှစ် ချမှတ်နိုင်တဲ့ ကလေးအလောင်းကို တိတ်တဆိတ် ဖျောက်ဖျက်ခြင်း ရာဇသတ်ကြီးပုဒ်မ ၃၁၈ နဲ့ ကလေးအလောင်း စွန့်ပစ်သူကို အရေးယူဖို့ မိတ္ထီလာအမှတ် ၂ ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။ သတင်း-မောင်မောင်လင်း
2 years Ago

February 16, 2019

မိတ္ထီလာ အမှိုက်ပုံတွင် ချက်ကြိုးတန်းလန်းဖြင့် သေဆုံးနေသည့် ကလေးအလောင်း တွေ့ရှိ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ ဈေးအရှေ့ပြင်နယ်မြေ သြဇာခြံရပ်ကွက် မိတ္ထီလာ ကန်ပတ်လမ်းဘေးရှိ အမှိုက်ပုံပေါ်မှာ ဖေဖော်ဝါရီ ၁၅ ရက် နေ့လယ်ပိုင်းက ချက်ကြိုးတန်းလန်းနဲ့ သေဆုံးနေတဲ့ ကလေးအလောင်းတလောင်း စွန့်ပစ်ထားတာ တွေ့ရတယ်လို့ မိတ္ထီလာ အမှတ်(၂) ရဲစခန်းက ပြောပါတယ်။ မိတ္ထီလာအမှတ်(၂)ရဲစခန်း တာဝန်ကျ ရဲအရာရှိက “ကလေးမှာ ချက်ကြိုး တန်းလန်းပါနေတယ်။ မိန်းကလေးပါ။ ပြင်ပဒဏ်ရာ မရှိပါဘူး။ အဝတ်အစားတောင် မပါပါဘူး။ လာရောက်စွန့်ပစ်သူကို စုံစမ်းနေပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။ မိတ္ထီလာအမှတ်(၂)ရဲစခန်းမှာ စုံစမ်းနေဆဲ ကလေးလာစွန့်ပစ်သူအား ထောင်ဒဏ် ၂ နှစ် ကျနိုင်တဲ့ ကလေးအလောင်းကို တိတ်တဆိတ်ဖျောက်ဖျက်ခြင်း၊ ကလေးမွေးသည်ကို ထိန်ချန်ခြင်း ပုဒ်မ ၃၁၈ နဲ့ အမှုဖွင့်ထားပါတယ်။ သတင်း-မောင်မောင်လင်း
2 years Ago
Up