ကလေးငယ်နှစ်ဦးကို ကားနောက်ခန်းတွင်ထားပြီး ဘိန်းဖြူသုံးစွဲခဲ့သည့် မိခင်နှစ်ဦး အရေးယူခံရ

October 11, 2017

ကလေးငယ်နှစ်ဦးကို ကားနောက်ခန်းတွင်ထားပြီး ဘိန်းဖြူသုံးစွဲခဲ့သည့် မိခင်နှစ်ဦး အရေးယူခံရ

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်မှာ မိခင် ၂ ဦးဟာ သူတို့ရဲ့ ၁ လနဲ့ ၂ လအရွယ် ကလေးငယ်တွေကို ကားနောက်ခန်းခုံပေါ်မှာထားပြီး ကားထဲမှာ ဘိန်းဖြူအလွန်အကျွံ သုံးစွဲခဲ့လို့ ကလေးသူငယ် လျစ်လျူရှုမှုနဲ့ တရားစွဲဆိုခံရတယ်လို့ သိရပါတယ်။ ကားနောက်ခန်းထဲမှာ ကလေးငယ် ၂ ဦးရှိနေပြီး သူတို့ရဲ့မိခင်တွေ ဘိန်းဖြူသုံးစွဲကာ မှိန်းနေတာတွေ့တဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေ ထိတ်လန့်တုန်လှုပ်သွားတယ်လို့ ဆိုပါတယ်။ အမျိုးသမီးငယ် ၂ ဦးဟာ မူးယစ်ဆေးကုသမှု အစီအစဉ်အတွင်း တွေ့ဆုံခဲ့ကြတဲ့ ကော်ရယ်စပရင်းမြို့က ၂၇ နှစ်အရွယ် ခရစ္စတင်းလိုက်အိုကော်နာနဲ့ ဆပ်ဘာဘန်လိတ်ဝါ့သ်က အသက် ၂၈ နှစ်အရွယ် ဂျွန်အန်းတို့ဖြစ်ကြောင်း ဘွိုင်းတန်ကမ်းခြေ ရဲတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ သူတို့ထဲက တဦး ဘိန်းဖြူထိုး သုံးစွဲရင်း လက်လွန်သွားတဲ့အတွက် ကျန်တဦးက ၉၁၁ ကို ဖုန်းခေါ်ခဲ့ရာက ရဲတပ်ဖွဲ့ဝင်တွေနဲ့ ကမ်းခြေ မီးသတ်ကယ်ဆယ်ရေးတွေ ရောက်ရှိလာခဲ့တာပါ။ အခင်းဖြစ်နေရာကို ရဲတပ်ဖွဲ့ဝင်တွေ ရောက်ချိန်မှာ အိုကော်နာက သတိမေ့နေပြီး ကလေးနှစ်ဦးကို အက်စ်ယူဗီကား နောက်ခန်းခုံမှာ တွေ့ရတယ်လို့ ရဲတွေက ပြောပါတယ်။ စုံစမ်းရေးအရာရှိတွေက အိုကော်နာနဲ့ ဂျွန်အန်းတို့ကို ကလေးသူငယ် လျစ်လျူရှုမှုနဲ့ တရားစွဲဆိုခဲ့သလို ကလေးငယ် ၂ ဦးကို ဖလော်ရီဒါပြည်နယ် ကလေးသူငယ် ထိန်းသိမ်းရေးဌာနမှာ အပ်နှံထားပြီး နောက်ပိုင်းမှာ မိသားစုဝင်တွေထံ လွှဲပြောင်းပေးလိုက်တယ်လို့ သိရပါတယ်။ ကမ်းခြေရဲတပ်ဖွဲ့ဝင်တွေက ဒီအကြောင်းကို ဖေ့စ်ဘွတ်ခ်စာမျက်ထက် တင်ခဲ့ပြီး ဒီဖြစ်ရပ်မျိုး နောက်မဖြစ်အောင် ကာကွယ်နိုင်မယ်လို့ မျှော်လင့်သလို ဆေးစွဲသူတွေကို ဖမ်းဆီးနိုင်ရေး ကူညီကြဖို့လည်း ရဲတွေက တိုက်တွန်းလိုက်ကြောင်း မေရာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up