ကလော့ပ်

February 5, 2019

လီဗာပူးအသင်း လူကျွံဘောဖြင့် သရေ ၁ မှတ် ရယူသွားဟု ဝက်စ်ဟမ်းနည်းပြ ပြော

လီဗာပူးနည်းပြ ကလော့ပ်ဟာ လူကျွံဘောအသုံးပြုပြီး သရေ ၁ မှတ် ရယူသွားတာ ဖြစ်တယ်လို့ ဝက်စ်ဟမ်းနည်းပြ ပယ်လီဂရီနီက ပြောကြားလိုက်ပါတယ်။ ဝက်စ်ဟမ်းအသင်းဟာ မနေ့ညက ကစားခဲ့တဲ့ လီဗာပူးနဲ့ပွဲမှာ ​၁ ဂိုးစီ သရေကျခဲ့ပြီး လီဗာပူးက မာနေးသွင်းယူသွားတဲ့ဂိုးဟာ လူကျွံဘော ဖြစ်နေတာကြောင့် ပယ်လီဂရီနီက ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ပွဲချိန် ၂၂ မိနစ်မှာ မာနေးသွင်းယူချိန် ကွင်းလယ်လူ ဂျိမ်းစ်မီလ်နာက သိသိသာသာ လူကျွံနေတာဖြစ်ပြီး ဝက်စ်ဟမ်းကစားသမားတွေက ဒိုင်လူကြီးကို စောဒကတက်ခဲ့ကြပေမယ့် ဂိုးအဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ ဝက်စ်ဟမ်းအသင်းဟာ အဲဒီဂိုးပေးရပြီး ၆ မိနစ်အကြာမှာ အန်တိုနီယိုက ချေပဂိုးပြန်သွင်းခဲ့လို့ ၁ ဂိုးစီ သရေကျသွားတာ ဖြစ်ပါတယ်။ နည်းပြကလော့ပ်ဟာ မိမိ မာလာဂါအသင်းကို နည်းပြစဉ်ကလည်း ၇ မီတာလောက် လူကျွံဘော ဖြစ်ခဲ့ပေမယ့် အဲဒီဂိုးနဲ့ အနိုင်ယူသွားဖူးတယ်လို့ ဝက်စ်ဟမ်းနည်းပြ ပယ်လီဂရီနီက ဆိုခဲ့ပါတယ်။ လီဗာပူးနဲ့ပွဲမှာ အနိုင်ရဖို့အထိ ကစားခဲ့တာဖြစ်ပြီး အဲဒီရလဒ်ကို မန်စီးတီးအသင်းအတွက် အကူအညီရတယ်ဆိုရင်လည်း မိမိအနေနဲ့ ကျေနပ်မှုရှိတယ်လို့ ပယ်လီဂရီနီက ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။
2 years Ago

May 3, 2018

ချန်ပီယံလိဂ် ဗိုလ်လုပွဲအတွက် အဆင်သင့်ဖြစ်ဟု လီဗာပူးနည်းပြ ပြော

ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ကစားရမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲအတွက် အဆင်သင့်ဖြစ်နေပြီလို့ လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်က ပြောကြားလိုက်ပါတယ်။ ချန်ပီယံလိဂ်ဗိုလ်လုပွဲအတွက် အဆင်သင့် ဖြစ်နေပေမယ့် ရီးရဲလ်မက်ဒရစ်အသင်းက ချန်ပီယံလိဂ်ပြိုင်ပွဲ အတွေ့အကြုံအရှိဆုံးအသင်း ဖြစ်တယ်လို့လည်း ကလော့ပ်က ပြောပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ နောက်ဆုံး ၅ နှစ်အတွင်း ၄ ကြိမ် ဗိုလ်လုပွဲတက်ခဲ့တာဖြစ်ပြီး ရီးရဲလ်ကစားသမားတွေရဲ့ အတွေ့အကြုံကိုလည်း ချီးကျူးခဲ့တာပါ။ လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်ကလည်း အသင်းရဲ့ ကြိုးပမ်းအားထုတ်မှုကို ချီးကျူးခဲ့ပြီး ဗိုလ်လုပွဲရောက်ခဲ့တဲ့အတွက် ကျေနပ်မိတယ်လို့ ဆိုပါတယ်။ ရီးရဲလ်မက်ဒရစ်နဲ့ လီဗာပူးအသင်းတို့ရဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို လာမယ့်မေလ ၂၆ ရက်နေ့ ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။
3 years Ago
More News
Up