ကူးစက်မှုနှုန်း မြင့်

June 22, 2020

ကမ္ဘာတဝန်း ကိုဗစ်-၁၉ ကူးစက်မှုနှုန်း မြင့်လာဟု WHO သတိပေး

ကမ္ဘာတဝန်း ကိုဗစ် -၁၉ ရောဂါ ကူးစက်မှုနှုန်း မြင့်တက်လာနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ဇွန်လ ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။ ဇွန် ၂၂ ရက်နေ့က ၂၄ နာရီကာလအတွင်းမှာ ကူးစက်ခံလူနာ ၁၈၃,၀၂၀ ရှိခဲ့တယ်လို့ WHO က ထုတ်ပြန်ပါတယ်။  လက်ရှိမှာ တောင်နဲ့မြောက်အမေရိကတိုက်တွေက ကူးစက်မှုနှုန်း အမြင့်ဆုံးဖြစ်ပြီး နေ့စဉ် ကူးစက်မှုနှုန်းဟာ ၁ သိန်း ၁ သောင်း ၆ ထောင် ဖြစ်နေပါတယ်။  WHO ရဲ့ စာရင်းအရဆိုရင် တကမ္ဘာလုံးအတည်ပြုလူနာ ၈ ဒသမ ၇ သန်းနဲ့ သေဆုံးသူ ၄၆,၁၀၀၀ ရှိတယ်လို့ ဖော်ပြပါတယ်။  WHO ဖော်ပြချက်အရ ဇွန် ၂၁ ရက်နေ့ တနေ့တည်း ကမ္ဘာတဝန်း လူနာအသစ် ၁၈,၃၀၀၀ ကျော် စံချိန်တင် တွေ့ခဲ့တယ်လို့  ရိုက်တာသတင်းက ဆိုပါတယ်။
11 months Ago

April 2, 2020

ကိုရိုနာကူးစက်နှုန်းမြင့်သည့် နေရာများသို့ လေကြောင်းခရီးစဉ်ရပ်ရန် စဉ်းစားနေဟု သမ္မတ ထရမ့်ပြော

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း မြင့်နေတဲ့ နေရာတွေဆီ လေကြောင်းခရီးစဉ် ပျံသန်းမှုကို ရပ်ဖို့ စဉ်းစားနေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဧပြီ ၁ ရက်မှာ ပြောပါတယ်။ အမေရိကန်နိုင်ငံထဲမှာ ကိုရိုနာဗိုင်းရပ်စ် ပြင်းပြင်းထန်ထန် ကူးစက်ခံထားရတဲ့ နယူးယောက်၊ နယူးအော်လင်းစ်နဲ့ ဒက်ထရွိုက်မြို့တွေက လေဆိပ်တွေကို ပိတ်ကောင်း ပိတ်နိုင်တယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။ ကူးစက်ကပ်ဘေးအတွင်း ပြည်တွင်းလေကြောင်း ခရီးစဉ်တွေမှာ ဝယ်လိုအားကျသွားလို့ ခရီးစဉ်တွေ အကြီးအကျယ် လျော့နည်းခဲ့ပါတယ်။ အမေရိကန်နိုင်ငံတွင်းမှာ ဧပြီလအတွင်း အိမ်တွင်းအောင်းဖို့ လမ်းညွှန်ချက်တွေကို တင်းတင်းကြပ်ကြပ် မလိုက်နာခဲ့ရင် လာမယ့် သီတင်းပတ်တွေအတွင်း ဗိုင်းရပ်စ် ကူးစက်ခံ သေဆုံးသူ ဦးရေ ၁ သိန်းကနေ ၂၄၀၀၀၀ ကြားထိ ရှိလိမ့်မယ်လို့ ထရမ့်နဲ့ သူ့ရဲ့ အကြံပေး ဆေးပညာရှင်တွေက မတ် ၃၁ ရက်နေ့က ပြောခဲ့ကြပါတယ်။
1 year Ago
Up