ကူးစက်ခံရသူ  ၅ သန်း

May 21, 2020

ကမ္ဘာတဝန်း  COVID-19 ရောဂါကူးစက်ခံရသူ  ၅ သန်းကျော် ရှိလာ

ကမ္ဘာလုံးဆိုင်ရာ COVID-19 အတည်ပြုလူနာအရေအတွက်ဟာ မေလ ၂၀ ရက်မှာပဲ  ငါးသန်းကျော်ခဲ့ပြီဖြစ်ပါတယ်။ ဒီအထဲမှာ လက်တင်အမေရိကတိုက်က အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပတိုက်ကို  ကျော်လွန်ပြီး တပတ်ထဲမှာ ကူးစက်ခံ လူနာ အများဆုံး တွေ့ရှိလာပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက တရုတ်နိုင်ငံမှာ ကနဦးအားဖြင့် ဗိုင်းရပ်စ် ကူးစက်မှု အမြင့်ဆုံး ရောက်ခဲ့ပေမယ့် နောက်ပိုင်း  ဥရောပနဲ့ အမေရိကမှာ ကူးစက်မှု အများအပြား ဖြစ်ခဲ့ပါတယ်။ စာရင်းတွေအရ လက်တင်အမေရိကမှာ ဒီတပတ်အစောပိုင်းမှာတင် ကူးစက်ခံလူနာ ၉၁၀၀၀ ကျော် တွေ့ပါတယ်။ ဒီထဲမှာ ဘရာဇီးက အများဆုံးဖြစ်နေပြီး နေ့စဉ် အတည်ပြုလူနာတွေ့ရှိနှုန်းဟာ အမေရိကန်ပြည်ထောင်စု  နောက်ကနေ ကပ်လိုက်နေပါတယ် ။  တရုတ်ပြည်ဝူဟန်မှာ ပထမဆုံးအတည်ပြုလူနာ ၄၁ ယောက်ကို  ဇန်နဝါရီ ၁၀ရက်မှာ စတင်  တွေ့ရှိပြီး လေးလအကြာ ဧပြီလ ၁ ရက်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ဦးရေဟာ ကမ္ဘာတဝန်းမှာ တသန်းအထိ ရှိလာခဲ့ပါတယ်။ နှစ်ပတ်တကြိမ်ကူးစက်ခံရသူဦးရေဟာလည်း တသန်းလောက်ရှိတယ်လို့ ရိုက်တာက ရေးပါတယ်။
12 months Ago
Up