ကိုနစ်ဆက်ကုမ္ပဏီ

September 4, 2015

ကမ္ဘာပေါ်တွင် ၂ စီးတည်းထုတ်သည့် ကားကို မေ၀ယ်သာ ၀ယ်

ကမ္ဘာပေါ်မှာ ၂ စီးပဲထုတ်ထားတဲ့ ကားကို မန်းနီးလို့ အမည်ပြောင်ပေးထားတဲ့ အမေရိကန် လက်ဝှေ့သမား ဖလော့ မေ၀ယ်သာ က စီးနင်းနေပါတယ်။ ဆွီဒင် ကိုနစ်ဆက်ကုမ္ပဏီက ချမ်းသာတဲ့သူတွေအတွက် အဓိကထားပြီး ၂ စီးပဲ ထုတ်လုပ်တဲ့ ဒေါ်လာ ၄ ဒသမ ၈ သန်းတန် ထရီဗီတာကားကို မေ၀ယ်သာက ၀ယ်ယူခဲ့တာ ဖြစ်ပါတယ်။ ဒီကားကို နေရောင်ထိုးလာမယ်ဆိုရင်တော့ ကားဟာ သန်းပေါင်းများစွာသော စိန်တွေ အရောင်တောက်သလို ကိုယ်ထည်က အရောင်တောက်လာမယ်လို့ ဆိုပါတယ်။ အင်ဂျင်ကတော့ ၄ ဒသမ ၈ လီတာ ဗွီ-၈ အင်ဂျင် ဖြစ်ပါတယ်။ ကားထုတ်လုပ်တဲ့ ကုမ္ပဏီက စီးပွားရေး အခွင့်အလမ်းတွေကို ဖန်တီးနိုင်ခဲ့ပေမယ့် ကားတွေကိုတော့ အကန့်အသတ်နဲ့ ထုတ်လုပ်ပါတယ်။ ဒီကားကို ၀ယ်ယူနိုင်တဲ့အပေါ် မေ၀ယ်သာက ဂုဏ်ယူနေသလို ဒီကားနဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံကို လူမှုကွန်ရက် အင်စတာဂရမ်မှာ တင်ခဲ့ပါတယ်။ တကယ်လို့ မေ၀ယ်သာက ဒေါ်လာ ၅ သန်းနီးပါး တန်ကြေးရှိတဲ့ ဒီလိုကားတွေကို စီးနင်းလိုတဲ့ အာသီသရှိမယ်ဆိုရင်တော့ လက်ဝှေ့ကြိုးဝိုင်းထဲမှာ မကြာခဏ ထိုးသတ်ဖို့တော့ လိုမှာ အသေအချာ ဖြစ်ပါတယ်။
6 years Ago
Up