ကုသဆေးအဖြေ

July 4, 2020

ကိုဗစ်-၁၉ စမ်းသပ်ကုသဆေးအဖြေ ၂ ပတ်အတွင်း ရမည်ဟု WHO ကြေညာ

ကိုဗစ်-၁၉ လူနာတွေကို ကုသရာမှာ အစွမ်းထက်နိုင်တဲ့ စမ်းသပ်ကုသဆေးတွေရဲ့ အဖြေကို သီတင်းနှစ်ပတ်အတွင်း ရရှိတော့မယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့‌ WHO က  ဇူလိုင်လ ၃  ရက်မှာ ပြောလိုက်ပါတယ်။  တပေါင်းတစည်းတည်း စမ်းသပ်မှုမှာ  နိုင်ငံပေါင်း  ၃၉ နိုင်ငံက လူနာ ၅,၅၀၀ နီးပါးကို ခေါ်ယူထားတယ်လို့ WHO ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တက်ဒရိုက ဆိုပါတယ်။   ကိုဗစ်-၁၉ ကို ကုသရာမှာ  ဖြစ်နိုင်ဖွယ်ရှိတဲ့ ဆေးတွေအဖြစ်  အပိုင်း ၅ ပိုင်းခွဲပြီး     တပေါင်းတစည်းတည်း စမ်းသပ်မှုကို စတင်ခဲ့တာပါ။  အဲဒီအတွက် စမ်းသပ်ကုသဆေးတွေမှာ  ရမ်ဒီးဆေဗ ၊ ဟိုက်ဒရော့ဇီကလိုရိုကွင်း၊ HIV ကုသ ဆေးဖြစ်တဲ့ လိုပီနာဗာ/ ရီတိုနာဗာနဲ့  အဲဒီဆေးနှစ်မျိုးနဲ့  အင်တာဖီလွန်ဆေး  စပ်ဆေးအတွဲတို့ ဖြစ်ပါတယ်။  ကိုဗစ်-၁၉ ကာကွယ်ဆေး ဘယ်အချိန် အဆင်သင့်ဖြစ်မလဲဆိုတာ ခန့်မှန်းတာဟာ  ဉာဏ် အမြော်အမြင်နည်းရာ ကျလိမ့်မယ်လို့လည်း WHO အရေးပေါ်လုပ်ငန်းများအစီအစဉ် အကြီးအကဲ  မိုက်ရိုင်ယန်က ပြောဆိုခဲ့တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။ 
10 months Ago
Up