ကုန်တင်ကား

July 1, 2019

အာဖဂန်နစ္စတန်တွင် ကုန်တင်ကားတစီးဗုံးပေါက်ကွဲ၊ ၁ဝဝ ကျော်ဒဏ်ရာရ

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော်ကဘူးလ်မှာ ဇူလိုင် ၁ ရက်က လူစည်ကားချိန် ကာကွယ်ရေး ဝန်ကြီးဌာနရုံးနားမှာ ဗုံးထောင်ထားတဲ့ ကုန်တင်ကားတစီး ပေါက်ကွဲခဲ့တာကြောင့် လူ ၁၀၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒဏ်ရာရသူတွေထဲမှာ ကလေး ၃၅ ယောက်လည်းပါပြီး လက်ရှိမှာ သူတို့ကို ကဘူးလ်မြို့ ဆေးရုံကို ပို့ထားပါတယ်။ အဲဒီပေါက်ကွဲမှု ဖြစ်ပြီးနောက် ကဘူးလ်မြို့ထဲမှာ သေနတ်သမားတွေနဲ့ အာဖဂန်လုံခြုံရေး တပ်ဖွဲ့ဝင်တွေ အပြန်အလှန် ပစ်ခတ်နေကြပါတယ်။ သေဆုံးသူ အရေအတွက်ကိုတော့ အတိအကျ မသိရသေးပါဘူး။ မြို့တော်ကဘူးလ်မှာ ကားဗုံးပေါက်လို့ မီးခိုးမဲတွေ အလိပ်လိုက် ထွက်ပေါ်လာပြီး တချိန်တည်းမှာပဲ သေနတ်သံတွေနဲ့ အရေးပေါ် လူနာတင်ကား အသံတွေ ထွက်ပေါ်လာတယ်လို့ မျက်မြင်သက်သေတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ အဲဒီဗုံးပေါက်ကွဲမှုက သူတို့လက်ချက်လို့ တာလီဘန် စစ်သွေးကြွတွေက ကြေညာခဲ့ပါတယ်။  တာလီဘန်စစ်သွေးကြွအဖွဲ့နဲ့ အမေရိကန်ကြား ၇ ကြိမ်မြောက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ကာတာနိုင်ငံမှာ ကျင်းပနေချိန် အဲဒီပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။ ၁၈ နှစ်ကြာ အာဖဂန်စစ်ပွဲ အဆုံးဖို့ ရည်ရွယ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပနေတာ ဖြစ်ပါတယ်။
2 years Ago

April 3, 2018

အဝေးပြေးလမ်းပေါ်တွင် ကုန်တင်ကား အမိုးပိုင်း လွင့်ပျံပြီး ဆီဒင်ကားငယ်ပေါ် ပြုတ်ကျ (ရုပ်သံ)

တရုတ်နိုင်ငံအလယ်ပိုင်း အဝေးပြေးလမ်းပေါ်မှာ ကုန်တင်ကား အမိုးပိုင်းက ဆီဒင်ကားငယ်ပေါ်ကို ပြုတ်ကျခဲ့ပေမယ့် ကံကောင်းထောက်မစွာ လူတယောက်မှ ဒဏ်ရာမရခဲ့ပါဘူး။ ဟန်ကျိုး ယွဲ့လိ အဝေးပြေးလမ်းရဲ့ ချန်တာ့လမ်းပိုင်းမှာ အခု မတော်တဆမှု ဖြစ်ခဲ့တာပါ။ ကားရဲ့ အချက်အလက် မှတ်တမ်းအရ ဆီဒင်ကားက အနောက်ကနေ အရှေ့ကို မောင်းလာနေတုန်း မျက်နှာချင်းဆိုင် ယာဉ်ကြောကနေ ပျံလာတဲ့ သံပြားတခု ထိမှန်ခဲ့ပြီး ကားရဲ့ ပြတင်းမှန်တွေကွဲကာ ကိုယ်ထည် ထိခိုက်ခဲ့ပါတယ်။ စုံစမ်းစစ်ဆေးအပြီးမှာတော့ ပျံလာတဲ့ သံပြားဟာ ကုန်သေတ္တာတင်ယာဉ်ရဲ့ အပေါ်ပိုင်း ဖြစ်နေခဲ့တာပါ။ အဲဒီနောက် ယာဉ်ထိန်းရဲတွေက လုံခြုံရေးကင်မရာတွေကို စစ်ဆေးအပြီး ကုန်ကားမောင်းသူ လျိုကို တွေ့ခဲ့ပါတယ်။ သူကလည်း အန္တရာယ်ရှိတဲ့ မောင်းနှင်မှုအတွက် ဝန်ခံခဲ့ပါတယ်။ ကုန်ကားမောင်းသူက အပျက်အစီးအတွက် အပြည့်အဝ တာဝန်ခံပြီး ယာဉ်စည်းကမ်း ဘေးကင်းရေး ဥပဒေအရ ဒဏ်ငွေ ယွမ် ၂၀၀ ပေးဆောင်ရမယ်လို့ ဟူနန် အဝေးပြေး ယာဉ်ထိန်းရဲဌာနက ပြောပါတယ်။
3 years Ago
More News
Up