ကုန်ကားနှင့် ကား ၂ စီး ဆင့်တိုက်မှုမှ သီသီလေး လွတ်မြောက်ခဲ့သည့် ဆိုင်ကယ်သမား (ရုပ်သံ)

May 1, 2016

ကုန်ကားနှင့် ကား ၂ စီး ဆင့်တိုက်မှုမှ သီသီလေး လွတ်မြောက်ခဲ့သည့် ဆိုင်ကယ်သမား (ရုပ်သံ)

တရုတ်နိုင်ငံ၊ နန်တုန်မြို့က လမ်းဆုံလမ်းခွတခုမှာ ဧပြီလ ၃၀ ရက်နေ့က ဆိုင်ကယ်သမားတဦးဟာ လမ်းတဖက်ခြမ်းကို ဖြတ်ကူးဖို့ စောင့်နေစဉ်မှာ တဖက်က ကူးဖြတ်လာတဲ့ ကုန်တင်ကားကြီးနဲ့ ကား၂ စီးဆင့်တိုက်မှုကနေ လွတ်မြာက်နိုင်ဖို့ ထွက်ပြေးခဲ့ရပါတယ်။ လမ်းတဖက်ခြမ်းမှ မောင်းနှင်လာတဲ့ နောက်တွဲယာဉ်ပါ ကုန်တင်ကားကြီးဟာ ရှေ့က ထရပ်ကားတစီးကိုရော ဘေးလမ်းမှကားကိုပါ တွန်းတိုက်မိခဲ့ကာ အရှိန်နဲ့ ရှေ့ကို တိုးထွက်လာခဲ့တာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။ ဆုအမည်ရတဲ့ အဲဒီဆိုင်ကယ်သမားဟာ လမ်းတဖက်ကို ကူးဖြတ်ဖို့ မီးပွိုင့်မှာ စောင့်နေချိန် တဖက်က ထရပ်ကားဟာ သူ့ဆီဦးတည်လာတာကို မြင်ရချိန်မှာ ထွက် ပြေးခဲ့ရတာပါ။ နောက်တွဲယာဉ်ပါ ကုန်တင်ကားကြီးဟာ ရှေ့ကားနောက်ကနေ မောင်းနှင်လာချိန်မှာ ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ ထရပ်ကားနဲ့ ဘေးလမ်းကကားကို ၀င်တိုက် မိခဲ့တာဖြစ်တယ်လို့ အင်ဒီပဲန်းဒန့်သတင်းမှာ ဖော်ပြပါတယ်။
5 years Ago
Up