ကိုလံဘီယာ

December 31, 2020

ကိုဗစ်-၁၉ ကာကွယ်ဆေးလုံးရေ ၉ သန်း ကိုလံဘီယာ ဝယ်မည်

ကိုလံဘီယာဟာ ဂျွန်ဆင်အင်န်ဂျွန်ဆင်ဆေးကုမ္ပဏီရဲ့ လက်ခွဲ ဂျက်ဆန်ဆီကနေ ကိုဗစ်-၁၉ ကာကွယ်ဆေး အလုံးရေ ၉ သန်း ဝယ်ယူဖို့ သဘောတူလိုက်ပြီလို့ သမ္မတ အီဗန်ဒူကေးက ဒီဇင်ဘာ ၃၀ ရက်မှာ ပြောပါတယ်။  ကိုလံဘီယာဟာ ဖိုင်ဇာနဲ့ အက်စ်ထရာဇန်နက်ကာ ဆေးကုမ္ပဏီတွေဆီကလည်း ကိုဗစ်ကာကွယ်ဆေး ၁၀ သန်း ဝယ်ယူဖို့လည်း သဘောတူညီချက် ယူထားပြီးပါပြီ။  ဒါ့အပြင် ကိုလံဘီယာဟာ COVAX  အစီအစဉ်ကနေ နောက်ထပ် ကာကွယ်ဆေးလုံးရေ သန်း ၂၀ လက်ခံသွားဖို့လည်း ရှိပါတယ်။  ကနဦး ကုမ္ပဏီ နှစ်ခုဆီက ကာကွယ်ဆေးဟာ နှစ်ကြိမ်ထိုးရပေမဲ့ ဂျေအင်ဂျေ ကာကွယ်ဆေးကတော့ တစ်ကြိမ်သာ ထိုးဖို့ လိုအပ်ပါတယ်။  သဘောကတော့ ကိုလံဘီယာအနေနဲ့ လူဦးရေ ၂၉ သန်းအတွက် လုံလောက်တဲ့ ကာကွယ်ဆေး ဝယ်ယူထားတာပါ။  နိုင်ငံလူဦးရေ ၃၅ သန်း ကာကွယ်ဆေး ထိုးနှံခွင့်ရစေမယ့် နောက်ထပ် ကာကွယ်ဆေး သဘောတူညီချက်တွေကို ရက်ပိုင်းအတွင်း အပြီးသတ်လုပ်သွားမယ်လို့လည်း သမ္မတ ဒူကေးက ပြောဆိုပါတယ်။  ကိုဗစ်ကာကွယ်ဆေးတွေကို ကျန်းမာရေးဝန်ထမ်းတွေနဲ့ အသက် ၈၀ နှစ်အထက် လူကြီးတွေကို ဦးစားပေးထိုးနှံသွားမှာပါ။   အဲဒီနောက်မှာတော့ အသက် ၆၀ နဲ့ ၇၉  ကြား လူကြီးတွေနဲ့  နာတာရှည် ရောဂါရှိပြီး ကိုဗစ်ကြောင့် ဆိုးဆိုးရွားရွားအန္တရာယ် ရှိနိုင်သူတွေကို ထိုးနှံပေးသွားမယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
4 months Ago

December 1, 2020

ကိုလံဘီယာတွင် မီးလောင်မှုကြောင့် လူ ၂ ဦး သေဆုံး၊ လူရာချီ အိုးမဲ့အိမ်မဲ့ဖြစ်

ကိုလံဘီယာနိုင်ငံ မြောက်ပိုင်းက ဝေးလံသီခေါင်တဲ့ ရီယိုစူစီယိုမြို့မှာ နိုဝင်ဘာ ၂၈ ရက်က မီးလောင်လို့ လူ ၂ ဦးထက်မနည်း သေဆုံးပြီး ရာချီတဲ့လူတွေ အိုးအိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။ “လျှပ်စီးပတ်လမ်း ချို့ယွင်းမှုကြောင့် မီးလောင်တာလို့ သံသယရှိထားတယ်။ အိမ်ခြေ ၈၂ လုံး မီးလောင် ပျက်စီးပြီး ၄၉ လုံးက လုံးဝပျက်စီးသွားတယ်။ လူ ၄၈၀ အိုးအိမ်မဲ့ ဖြစ်ရတယ်” လို့ ဒေသခံ မီဒီယာက ပြောပါတယ်။ ဒီမြို့မှာ မီးသတ်ဌာန မရှိဘဲ မီးက အမြန်ကူးစက်ခဲ့လို့ အပျက်အစီးများခဲ့တာလို့လည်း ဆိုပါတယ်။ နိုဝင်ဘာ ၂၉ မှာတော့ ကိုလံဘီယာ စစ်တပ်က စစ်သည်တွေဟာ ပြန်လည် တည်ဆောက်ရေးနဲ့ ရှင်းလင်းရေးလုပ်ငန်းတွေမှာ ဒေသခံတွေကို ကူညီဖို့ မီးလောင်ပြင်ကို ရောက်လာခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
5 months Ago
More News
Up