ကိုရိုနာလူနာ

June 20, 2020

ပီရူးရှိ ကျေးလက်ဒေသတွင် ကိုရိုနာလူနာကုသပေးနိုင်ရန် ခက်ခဲနေ

ပီရူးနိုင်ငံဟာ လက်တင်အမေရိကတိုက်မှာ ကိုဗစ်-၁၉ ရောဂါဒဏ် အခံရဆုံးနိုင်ငံဖြစ်နေပြီး ကျေးလက်ဒေသ ဆေးရုံဆေးခန်းတွေမှာ လူနာတွေကို ကုသပေးနိုင်ဖို့ ရုန်းကန်နေရတယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အရှေ့မြောက်ဘက်က ထရူဂျီလိုမြို့ဟာ ကိုဗစ်-၁၉ ကပ်ဘေးဒဏ် အခံရဆုံး နေရာဖြစ်ပါတယ်။  ရိုက်တာရဲ့ဗွီဒီယိုတခုမှာ ဆေးရုံ တခုနားမှာ လူတယောက်ပလက်ဖောင်း ပေါ်လဲနေတာကို တွေ့ရပြီး အဲဒီလူဟာ ကိုဗစ်-၁၉ ရောဂါဒဏ် ခံစားနေရပေမဲ့  ဆေးဝန်ထမ်းက သူ့ကို ကယ်တင်ပေးဖို့ ငြင်းဆန်နေတာ တွေ့ရပါတယ်။  ကိုဗစ်ကပ်ဘေးကာလအတွင်း နောက်ထပ်မြင်ကွင်းတခုမှာတော့ အောက်ဆီဂျင်ဝယ်ဖို့ ဆေးဆိုင်တွေ ရှေ့မှာ စောင့်နေတဲ့ လူတန်းရှည်ကြီးကိုလည်း တွေ့ရပါတယ်။ ဒေသခံတွေအဆိုအရ သူတို့ဟာ လိုအပ်တဲ့ အောက်ဆီဂျင်ရဖို့ နာရီပေါင်းများစွာ တန်းစီ စောင့်ဆိုင်းရတယ်လို့ သိရပါတယ်။  ပီရူးဟာ ဇွန် ၂၀ ရက်အထိ ကိုဗစ်-၁၉ အတည်ပြု လူနာဦးရေ ၂ သိန်း ၄ သောင်းကျော်၊ သေဆုံးသူ ၇၆၀၀ ကျော်ရှိပြီဖြစ်ပြီး အီတလီကို ကျော်လွန်သွားခဲ့ပါပြီ။  ဒါပေမဲ့ သမ္မတ မာတင်ဗစ်ဇ်ကာရာကတော့ ကူးစက်နှုန်းလျော့ကျလာတဲ့အတွက် စီးပွားရေး လုပ်ငန်းတချို့ကို ပြန်စမယ်လို့ ဇွန်လ ၁၈ က ပြောကြောင်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
11 months Ago

June 5, 2020

အမေရိကန်တွင် ဇွန် ၅ ရက်အထိ ကိုရိုနာလူနာ ၁ ဒသမ ၉ သန်းကျော်ရှိ

အမေရိကန်ပြည်ထောင်စုမှာ ကိုဗစ်-၁၉ တည်ပြုလူနာဦးရေဟာ ဇွန်လ ၅ ရက်မှာ  ၁ ဒဿမ ၉ သန်း ကျော်သွားပြီလို့ သိရပါတယ်။  ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်ရဲ့ အချက်အလက်တွေအရ နယူးယော့ပြည်နယ်ဟာ အထိခိုက်ဆုံးဖြစ်ပြီး သေဆုံးသူ သုံးသောင်းကျော်နေပါတယ်။  အမေရိကန်ပြည်ထောင်စုဟာ ကိုဗစ်-၁၉ အတည်ပြုလူနာ အရေအတွက်မှာရော သေဆုံးသူ စာရင်းအရပါ ကမ္ဘာမှာ နံပါတ်တစ်ဖြစ်နေဆဲပါ။  သူ့အနောက်မှာ ဘရာဇီးနဲ့ ရုရှားတို့က ဒုတိယနဲ့ တတိယနေရာကနေ လိုက်နေပါတယ်။ ရုရှားအစိုးရကတော့ သူတို့ရဲ့ ပထမဆုံး ကိုဗစ်-၁၉ အတည်ပြုဆေးကို ဒီအပတ်အတွင်း လူနာတွေဆီ ဖြန့်ချိမယ်လို့ ဇွန် ၁ ရက်ကထဲက ပြောထားပါတယ်။
11 months Ago
More News
Up