ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး

September 19, 2020

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး Sputnik-V ကို ရုရှားတိုးမြင့်ထုတ်လုပ်

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စပွန်းနစ် - ၅ (Sputnik-V) ကို ရုရှားနိုင်ငံက အရှိန်အဟုန်နဲ့ တိုးမြင့်ထုတ်လုပ်နေပါတယ်။  ကာကွယ်ဆေးထုတ်လုပ်တဲ့ ဆေးကုမ္ပဏီတွေထဲ ဘစ်နိုဖမ်းလည်း တခုအပါအဝင်ပါ။ လက်ရှိထုတ်လုပ်နှုန်းအရ တစ်နှစ်ကို  ကာကွယ်ဆေးအလုံးရေ ၁ ဒသမ ၅ သန်းခန့် ထုတ်လုပ်နိုင်တယ်လို့ ဘစ်နိုဖမ်းဆေးဝါးထုတ်လုပ်ရေး မန်နေဂျာက စက်တင်ဘာ ၁၈ ရက်မှာ ပြောပါတယ်။  ရုရှားအနေနဲ့ ဒီနှစ်ကုန်ပိုင်းမှာ  တစ်လကို ကိုဗစ်-၁၉ ကာကွယ်ဆေးအလုံးရေ ၁ ဒသမ ၅ သန်းကနေ ၂ သန်းအထိ ထုတ်လုပ်ဖို့ မျှော်မှန်းထားပြီး တစ်လကို ကာကွယ်ဆေး အလုံးရေ ၆  သန်း တဖြည်းဖြည်း တိုးမြှင့်ထုတ်လုပ်သွားမှာပါ။  မော်စကို ဂမ်မယ်လယ်ယာအဖွဲ့အစည်းက ထုတ်ဖော်တဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးကို  နှစ်ကြိမ် ထိုးရမှာဖြစ်ပြီး တစ်ကြိမ်စီဟာ သာမန်အအေးမိရောဂါ ဖြစ်စေတဲ့ အက်ဒီနိုဗိုင်းရပ်စ်  Ad5 နဲ့  Ad26 ပေါ် အခြေခံပါတယ်။  ကျွမ်းကျင်သူတချို့ကတော့ လူအတော်များများဟာ အက်ဒီနိုဗိုင်းရပ်စ်  Ad5 နဲ့  ထိတွေ့ ဖူးပြီး အဲဒီဗိုင်းရပ်စ်အတွက် ကိုယ်ခံအား ရထားတာမို့ ကိုဗစ်-၁၉ ကာကွယ်ဆေး အစွမ်းထက်မှုကို လျော့နည်းစေနိုင်တယ်လို့ ပြောပါတယ်။
8 months Ago

April 1, 2020

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရန် ကျောက်ဖြူဆေးရုံနှင့် လူစည်ကားရာနေရာများကို ပိုးသတ်ဆေးဖျန်း

  ကိုနာဗိုင်းရပ်စ် ရောဂါ ကူးစက်ပြန့်ပွားမှုတွေကို ထိန်းချုပ်နိုင်ဖို့အတွက်  ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ ပြည်သူ့ ဆေးရုံကြီးအပါအဝင် လူစည်ကားနေရာတွေမှာ  ကလိုရင်း ပိုးသတ်ဆေးတွေ လိုက်လံပက်ဖျန်းနေပါတယ်။ မတ်လ ၃၁ ရက်နေ့က ပရဟိတအသင်းတွေနဲ့ ပူးပေါင်းကာ ပိုးသတ်ဆေး လိုက်လံဖြန်းပေး ခဲ့တယ်လို့ ဓူဝံကြယ်နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ကိုဗလကြီးက ပြောပါတယ်။  “ကျနော်တို့ဒေသကို ကိုရိုနာဗိုင်းရပ်စ်မရောက်လာရအောင်၊ ရောက်လာရင်လည်း မကျယ်ပြန့်အောင်၊  မြန်မြန်ဆန်ဆန်ထိန်းထိန်းသိမ်းသိမ်း ဖြစ်နိုင်အောင်အတွက် လုပ်တယ်ဆိုတာကို အားလုံးသိပြီးသားဖြစ်မယ်လို့ ကျနော်ထင်ပါတယ်။ လူအများအပြား ရောက်နိုင်တဲ့နေရာ၊ လူအများအပြားရှိနိုင်တဲ့နေရာ ပြီးရင် ကလေးတွေ အများအပြားစုနိုင်တဲ့ နေရာ ဥပမာ ပရဟိတကျောင်း နောက်တစ်ခုက စျေးကိုတော့ စည်ပင်က လုပ်တယ်လို့ပြောပါတယ်။ လိုအပ်ရင်ထပ်ပြီးဖျန်းဖို့လည်း အစီအစဉ်ရှိပါတယ်” လို့ ပြောပါတယ်။ လေးဝတီကုလရက္ခိတ(ပရဟိတ)အသင်းနဲ့ ဓူဝံကြယ်နာရေးကူညီမှု အသင်း၊ ကျောက်ဖြူမြို့ သွေးလှူရှင်အသင်းနဲ့ ရက္ခိတရင်ခွင်အသင်းတို့မှပူးပေါင်းပြီးတော့ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ရောဂါနဲ့ ပတ်သက်လို့ ပြည်သူလူထုအနေနဲ့ ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်တွေကို သိရှိနေပေမယ့် လူတစ်ဦးတစ်ယောက်ချင်းအသိနဲ့ ကျန်းမာရေးအသိ၊ သတိရှိကာပူးပေါင်းပေးဖို့ လိုအပ်တယ်လို့ လေးဝတီကုလရက္ခတိ(ပရဟိတ)အသင်းဥက္ကဋ္ဌ ဦးဂျပန်ကြီးက ပြောပါတယ်။ “အဓိကတော့ ဒီရောဂါနဲ့ပတ်သက်ပြီးတော့ သိသင့်သလောက်တော့ သိနေကြပါပြီ၊ အခုကတော့ ကျနော်ပြောချင်တာကတော့ အဓိကကိုယ့်အသိနဲ့ တစ်ဦး တစ်ယောက်ချင်းအသိနဲ့ ဒီရောဂါ ကာကွယ်တားဆီးရေးအတွက် ကျန်းမာရေးဌာနကချပေးထားတဲ့ ဆောင်ပုဒ်တွေပေါ့နော်၊ ဒီဟာတွေကို တစ်ဦးချင်းတစ်ဦးချင်း ကိုယ့်အသိနဲ့ကိုယ် မိသားစုအလိုက် ကိုယ်တိုင် ကိုယ်ကျ တာဝန်ယူတဲ့စိတ်နဲ့ ဒါတွေကိုလိုက်နာဆောင်ရွက်ပေးကျဖို့ ထပ်ပြောချင်ပါတယ်။” ကျောက်ဖြူခရိုင် ပြည်သူ့ ဆေးရုံကြီး၊ လေဆိပ်၊ သင်္ဘောဆိပ်၊ ကားဂိတ်တွေနဲ့ လူစည်ကားရာနေရာတွေကို သွားရောက် ပိုးသတ်ဆေးဖျန်းခဲ့သလို နောက်ထပ် လိုအပ်တဲ့နေရာတွေကိုလည်း ပိုးသတ်ဆေးဖျန်းဖို့ ပရဟိတ အဖွဲ့တွေက အစီအစဉ် ရှိပါတယ်။ သတင်း- နောင်နောင် 
1 year Ago
More News
Up