ကိုယ်ဝန်ဆောင် ၁ ဦး မီးဖွား

May 26, 2020

ထိုင်းနိုင်ငံက ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်တွင် ကိုယ်ဝန်ဆောင် ၁ ဦး မီးဖွား

ထိုင်းနိုင်ငံမှာ ဒီကနေ့မနက်ပိုင်းက ကိုယ်ဝန်ဆောင် အမျိုးသမီးတယောက်ဟာ COVID-19 စစ်ဆေးရေးဂိတ်တခုမှာ သားယောကျ်ားလေးတယောက်ကို မွေးဖွားခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။ ဒီအဖြစ်အပျက်ဟာ မောင်ခရိုင်၊ ချိုင်နတ်ငှက်ဥယျာဉ်ရှေ့က စစ်ဆေးရေးဂိတ်မှာ မနက် ၆ နာရီလောက်က ဖြစ်ခဲ့တာဖြစ်ပြီး အဆိုပါ အမျိုးသမီးက ကလေးမီးဖွားဖို့ ဆေးရုံကို ထွက်လာခဲ့တာ ဖြစ်ပါတယ်။ စစ်ဆေးရေးဂိတ်မှာ စောင့်ဆိုင်းနေရချိန်မှာတော့ သူဟာ ဘယ်လိုမှ မတတ်သာတဲ့အဆုံး ကားထဲက ထွက်ခဲ့ပြီး တာဝန်ကျသူနာပြုတွေရဲ့ အကူအညီနဲ့ လမ်းဘေးလျှောက်လမ်းပေါ် ကလေးမွေးဖွားခဲ့ရတာ ဖြစ်ပါတယ်။ “(မိခင်ရော ကလေးပါ) ကျန်းကျန်းမာမာနဲ့ ပုံမှန်အခြေအနေပါပဲ” လို့ ကလေးမွေးဖွားရာမှာ ကူညီပေးခဲ့ကြတဲ့ သူနာပြုတွေက ပြောပါတယ်။ လက်ရှိမှာတော့ မိခင်ရော ကလေးငယ်ကိုပါ ဆွေမျိုးတွေနဲ့အတူ ချိုင်နတ်နရန်သွန် ဆေးရုံကို ပို့ဆောင်ထားခဲ့ပြီဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
12 months Ago
Up