ကိုဗစ်-၁၉ လူနာ

January 14, 2021

ပုသိမ်တွင် ကိုဗစ်-၁၉ လူနာ ၇၀၀ ကျော်ရှိလာ၊ အထည်ချုပ်စက်ရုံများပိတ်သိမ်းမည် မဟုတ်ဟု ဆို 

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ  အထည်ချုပ်စက်ရုံလုပ်သားတွေအပါအဝင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၇၀၀ ကျော်ထိရှိပေမဲ့ အထည်ချုပ်စက်ရုံတွေကိုတော့ ပိတ်သိမ်းမှာ မဟုတ်ဘူးလို့ တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူက ပြောပါတယ်။ ပုသိမ်မြို့မှာ အထည်ချုပ်စက်ရုံ ၉ ရုံရှိပြီး ရောဂါကူးစက်ခံရတဲ့ အလုပ်သမားတွေရှိပေမဲ့ အများပြည်သူစားဝတ်နေရေးအတွက် စက်ရုံပိတ်သိမ်းမှာ မဟုတ်ဘူးလို့ တိုင်းပြည်သူ့ ကျန်းမာရေး ဦးစီးမှူး ဒေါက်တာ သန်းထွန်းအောင်က ပြောပါတယ်။ “အထည်ချုပ်စက်ရုံဝန်ထမ်းတွေမှာ ကိုဗစ်ပိုး တွေ့ရှိမှုဟာ သူတို့နေထိုင်ရာ အဆောင်၊ ရပ်ကွက်လိုနေရာမျိုးကနေ ကူးစက်တာပဲ တွေ့ရ ပါတယ်။ သူတို့နဲ့ ထိစပ်မှုရှိတဲ့ Contact တွေကိုလည်း ကျနော်တို့ ကွာရန်တင်းအကုန်ထည့်ပါတယ်။ စက်ရုံတွေကကျတော့ အများပြည်သူ စားဝတ်နေရေးအတွက် ပိတ်ထားလို့ မဖြစ်ပါဘူး" လို့ ပြောပါတယ်။ အထည်ချုပ်စက်ရုံ ၉ ရုံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၀ ယောက်ကျော် အထိ ရှိလာပေမဲ့ စက်ရုံမှာ အလုပ်ဆင်းနေရသူတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းမပျက်စီးအောင်နဲ့ ရောဂါကူးစက် ပြန့်ပွားမှုလည်းမရှိအောင် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ ပုသိမ်မြို့အတွင်းက အထည်ချုပ်စက်ရုံတွေကို ဧရာဝတီတိုင်းကျန်းမာရေးဌာနနဲ့  အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနတို့ ပူးပေါင်းစစ်ဆေးကာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်နိုင်မှု (A) အဆင့်ရရှိတဲ့ စက်ရုံတွေကိုသာ နိုဝင်ဘာလဆန်းပိုင်းက စတင်ကာ ပြန်လည်ဖွင့်လှစ်ခွင့် ပေးခဲ့တာပါ။ အဆိုပါ အထည်ချုပ်စက်ရုံတွေမှာ  ဒီဇင်ဘာလက စတင်ကာ ကိုဗစ်-၁၉ ပိုးတွေ့လူနာတွေ စုစုပေါင်း အယောက် ၂၀ တွေ့ရှိခဲ့ပြီး သူတို့တွေရဲ့ မိသားစုဝင်တွေနဲ့ ထိစပ်မိသူတွေကိုတော့ အသွားအလာကန့်သတ်ထားပါတယ်။ သတင်း - မင်းထက်မုန်း (ပုသိမ်)
4 months Ago

January 13, 2021

ဆာလာက မွေးရပ်မြေအီဂျစ်မှ ကိုဗစ်လူနာများအတွက် အောက်ဆီဂျင်ဘူးများ လှူဒါန်း

လီဗာပူး တိုက်စစ်မှူး မိုဆာလာဟာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံနေရတဲ့ မွေးရပ်မြေ အီဂျစ်မှာ ရှိတဲ့ ကျေးရွာတွေအတွက် အောက်ဆီဂျင်ဘူးတွေ လှူဒါန်းခဲ့ပါတယ်။ မိုဟာမက်ဆာလာဖောင်ဒေးရှင်းကနေတဆင့် လှူဒါန်းခဲ့တာဖြစ်ပြီး ဆာလာရဲ့ မွေးရပ်မြေ ဖြစ်တဲ့ နာဂရစ်ရွာနဲ့ နီးစပ်ရာတခြားရွာတွေအတွက် အောက်ဆီဂျင် ၁၄ ဘူး လှူဒါန်းခဲ့တာပါ။ ဆာလာဖောင်ဒေးရှင်းရဲ့ အရာရှိက ဆာလာ့ကိုယ်စား သွားရောက်လှူဒါန်းခဲ့တာဖြစ်ပြီး လူနာတွေရဲ့ အိမ်အထိ ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။  ဒါ့အပြင် လူနာတင်ယာဉ်ကားတစ်စီးကိုလည်း ဆာလာဖောင်‌ဒေးရှင်းက လှူဒါန်းထားပြီး လူနာတွေကို ကွာရင်တင်းစင်တာတွေ ပို့ဆောင်ရာမှာ အသုံးပြုတယ်လို့ သိရပါတယ်။  ဆာလာရဲ့ မွေးရပ်မြေတဝိုက်က လူတွေအတွက် ထမင်းဘူး ၃ သိန်းခွဲလောက်ကိုလည်း လှူဒါန်းခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။  ဆာလာကြီးပြင်းခဲ့ရာ နာဂရစ်ရွာက မြို့တော် ကိုင်ရိုနဲ့ ၁၃၀ ကီလိုမီတာကွာဝေးပြီး ဆာလာ ဖောင်ဒေးရှင်းအနေနဲ့ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၆၄,၀၀၀ အထိ အကုန်ကျခံပြီး လူမှုရေးလုပ်ငန်းတွေ လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။
4 months Ago
More News
Up