ကိုဗစ်-၁၉ ရောဂါ လူနာ

July 29, 2021

ထိုင်းနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ လူနာများ ကုသရန် ခုတင် ၂၄၀ ဆန့် ရထားတွဲများ ပြင်ဆင်

ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်က အာဏာပိုင်တွေဟာ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံရပေမဲ့ ရောဂါမပြင်းထန်တဲ့  လူနာတွေအတွက် ရထားတွဲတွေကို အသွင်ပြောင်းပြီး ခုတင် ၂၄၀ ဆံ့ လူနာသီးခြား ကုသဆောင်အဖြစ် ဖန်တီးဖို့ ပြင်ဆင်နေတယ်လို့ ဘန်ကောက် အုပ်ချုပ်ရေးမှူးက ဇူလိုင် ၂၇ ရက်မှာ ပြောပါတယ်။

မြို့တော်မှာ နေ့စဉ် ကိုဗစ်ကူးစက်ခံ ဦးရေက ဆက်တိုးနေပြီး ဆေးရုံတွေမှာ နေရာစောင့်နေချိန်မှာ လူနာတွေကို ထားဖို့ ရထားတွဲ ၁၅ တွဲကို ကနဦး ပုံစံပြောင်းမယ်လို့ အုပ်ချုပ်ရေးမှူးက ကြေညာချက် ထုတ်ပြန် ပြောဆိုပါတယ်။

ဒီစင်တာဟာ ဇူလိုင် ၃၀ မှာ စတင်လည်ပတ်နိုင်ဖို့ မျှော်လင့်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

 ထိုင်းနိုင်ငံမှာ အင်္ဂါနေ့ တရက်တည်းမှာ ကိုရိုနာဗိုင်းရပ်စ်အသစ် ကူးစက်ခံ လူနာ အယောက် ၁၄၀၀၀ ကျော်ခဲ့ပြီး ကူးစက်ခံ ၁၁၈ယောက် သေဆုံးခဲ့ပါတယ်။ ဒါကြောင့် စုစုပေါင်း ကူးစက်ခံ ဦးရေ ငါးသိန်း ၂၇၀၀၀ နီးပါး ရှိပြီး ကူးစက်ခံ သေဆုံးသူ ဦးရေ ၄၂၆၄ယောက် ရှိထားပါတယ်။

3 months Ago
Up