ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ

September 17, 2021

ကျောက်မဲမြို့နယ်တွင် စစ်ဘေးရှောင် ၃၄ ဦး ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်အတွင်းက ပြိန်းခါးစစ်ဘေးရှောင်စခန်းမှာ ခိုလှုံနေကြတဲ့ ပြည်သူ ၈၂ ဦးကို ကိုဗစ်- ၁၉ ရောဂါပိုး ကူးစက်ခံရတာ ရှိ ၊ မရှိ စက်တင်ဘာလ ၁၇ ရက်က စစ်ဆေးခဲ့ရာမှာ  ၃၄ ဦး  ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ ကူညီနေသူတွေက ပြောပါတယ်။

ဒါ့အပြင် ခရိုင်ပြည်သူ့ဆေးရုံ၊ မိုင်းလုံနဲ့ နောင်ပိန်ကျေးရွာတွေမှာ စစ်ဆေးရာမှာ စက်တင်ဘာလ ၁၇ ရက်နေ့ တစ်ရက်တည်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူစုစုပေါင်း  ၆၄  ဦးရှိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက မန်ကျောင်းကျေးရွာ ယာယီစစ်ဘေးရှောင်စခန်းမှာ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူ  ၁၂၀ ကျော်တွေ့ရှိခဲ့ပါတယ်။

ကျောက်မဲမြို့က ကိုဗစ်- ၁၉ ရောဂါပိုးကူးစက်ခံရသူတွေဟာ အသက်အရွယ်အစုံဖြစ်ပြီး သီးသန့်‌ထားရှိ စောင့်ကြည့်ကာ ရောဂါပြင်းထန်တဲ့လူနာတွေကို ကျောက်မဲပြည်သူ့ဆေးရုံမှာထားရှိ ကုသပေးနေပါတယ်။

ကျောက်မဲမြို့နယ်တွင် ကိုဗစ်-၁၉ တတိယလှိုင်းစတင်ခဲ့တဲ့ ဇွန်လ  ၂၀  ရက်နေ့မှ စက်တင်ဘာ  ၁၂  ရက်နေ့အထိ အတည်ပြုလူနာစုစုပေါင်း  ၁၃ဝ၀ ကျော်ပြီဖြစ်ပါတယ်။

ဒီစာရင်းဟာ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဌာနက စာရင်းဖြစ်ပြီး ဆေးရုံ၊ ဆေးပေးခန်း မသွားဘဲ ကိုယ်တိုင်ဆေးဝါးဝယ်ယူပြီး မိမိအိမ်မှာ ကုသတဲ့လူဦး ရေစာရင်း မပါသေးဘူးဖြစ်ပါတယ်။

ကျောက်မဲမြို့နယ်အတွင်းက တောင်ပေါ်ကျေးရွာ‌တွေအနီးမှာ  SSPP၊ TNLA ပူးပေါင်းတပ်ဖွဲ့နဲ့ RCSS တပ်တို့ကြားဖြစ်ပွား‌နေတဲ့ တိုက်ပွဲတွေကြောင့် လူဦးရေ ၂၀၀၀  ကျော် စစ်ဘေးတိမ်းရှောင်နေကြရတာဖြစ်ပါတယ်။

လက်ရှိမှာလည်း တိုက်ပွဲပြင်းထန်နေပြီး နှစ်ဖက် အထိအခိုက်အကျအဆုံးတွေ များနေပါတယ်။ ဒါ့အပြင် အပြစ်မဲ့ပြည်သူလူထုတွေ ထိခိုက်ဒဏ်ရာရတာတွေရှိနေပြီးနေအိမ်ပျက်စီးတာ လည်းရှိနေပါတယ်။

တိုက်ပွဲကြောင့် ဒုက္ခရောက်နေသူတွေကို ရပ်ဝေးရပ်နီးလူမှုရေးအသင်းအဖွဲ့တွေနဲ့ စေတနာရှင်ပြည်သူတွေက ဝိုင်းဝန်းကူညီထောက်ပံ့နေကြပါတယ်။

3 months Ago

December 2, 2020

အုတ်ဖိုမြို့နယ်တွင် ရဲတပ်ဖွဲ့ဝင် ၁ ဦးနှင့် မိသားစုဝင် ၁ ဦးတို့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အေးမြသာယာနယ်မြေရဲစခန်းမှာ ရဲတပ်ဖွဲ့ဝင် တစ်ဦးနဲ့ မိသားစုဝင် တစ်ဦးတို့ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိတယ်လို့ အုတ်ဖိုကျန်းမာရေးဦးစီးဌာနရဲ့ ဒီဇင်ဘာ ၁ ရက်နေ့ ည‌နေ ထုတ်ပြန်ချက်အရ သိရပါတယ်။ အုတ်ဖိုမြို့နယ်မှာ ဒေသခံ ၅၃ ဦးကို အမြန်စစ်ကိရိယာ RDT Test Kit နဲ့ စစ်ဆေးရာမှာ ရဲတပ်ဖွဲ့ဝင်တစ်ဦးနဲ့ မိသားစုဝင် တစ်ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တာလို့ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။ အခုပိုးတွေ့တဲ့ ရဲတပ်ဖွဲ့ဝင်ဟာ အရင်က စခန်းအတွင်းရှိ အတည်ပြုလူနာတွေနဲ့ ထိ‌တွေ့မှုရှိတာကြောင့် နိုဝင်ဘာ ၂၉ ရက်နေ့က RDT Test kit ဖြစ်စစ်ဆေးရာ ရောဂါပိုးမတွေ့ရှိပဲ ၃၀ ရက်နေ့မှာ ဖျားနာ ချောင်းဆိုးလာတဲ့အတွက် ဒီနေ့စစ်ဆေးရာ ရောဂါပိုး တွေ့ရှိခဲ့တာလို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ဦးစီးမှူး ဦးအေးမင်းထွန်းက ပြောပါတယ်။ RDT Test Kit နဲ့ စစ်ဆေးရာမှာ ရောဂါပိုးမတွေ့ရှိသူတွေကိုလည်း ဓာတ်ခွဲနမူနာယူပြီး ပေးပို့ စစ်ဆေးသွားဖို့ရှိတယ်လို့  ဦးအေးမင်းထွန်းက ပြောပါတယ်။ အုတ်ဖိုမြို့နယ် အေးမြသာယာနယ်မြေရဲစခန်းဝန်းမှာ ဒီဇင်ဘာ ၁ ရက်နေ့ထိ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူ ရဲတပ်ဖွဲ့ဝင် ၈ ဦး၊ အချုပ်သား ၃ ဦးနဲ့ မိသားစုဝင် ၁ ဦး ရှိတယ်လို့သိရပါတယ်။ အုတ်ဖိုမြို့နယ်မှာ ဒီဇင်ဘာ ၁ ရက်နေ့အထိ အတည်ပြုလူနာ ပေါင်း ၁၁၇ ဦးထိရှိလာပြီး ဆေးရုံဆင်းခွင့်ရရှိသူ ၈၅ ဦး၊ ဆေးကုသပေးနေသူ ၃၂ ဦး ရှိတယ်လို့ သိရပါတယ်။ သတင်း - သက်နိုင်ဝင်း
1 year Ago

ကမ္ဘာတဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၆၄ သန်းကျော်၊ အမေရိကန်တွင် ၁၄ သန်းကျော်ရှိ 

ဒီကနေ့မနက်ပိုင်းအထိ ကမ္ဘာတဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူအရေအ တွက်ဟာ ၆၄ သန်းကျော်လာခဲ့ပြီဖြစ်ပြီး အမေရိကန်နိုင်ငံ တနိုင်ငံတည်းမှာတင် ကူးစက် ခံရသူစုစုပေါင်း ၁၄ သန်းကျော် ရှိနေခဲ့ပါတယ်။ ရောဂါဖြစ်ပွားမှု အမြင့်ဆုံးနိုင်ငံတွေထဲမှာတော့ အမေရိကန်နိုင်ငံက ကူးစက်ခံရသူ ၁၄ သန်းကျော်၊ သေဆုံးသူ ၂၇၆,၂၈၈ ယောက်၊ အိန္ဒိယနိုင်ငံက ကူးစက်ခံရသူ ၉ ဒသမ ၄ သန်းကျော်၊ သေဆုံးသူ ၁၃၈,၀၉၀ ယောက်၊ ဘရာဇီးနိုင်ငံက ကူးစက်ခံရသူ ၆ ဒသမ ၃ သန်းကျော်၊ သေဆုံးသူ ၁၇၃,၈၁၇ ယောက်စီနဲ့ ထိပ်ဆုံး ၃ နိုင်ငံအနေနဲ့ အသီးသီး ရပ် တည်နေပါတယ်။ အဲဒီ ၃ နိုင်ငံနောက်မှာတော့ ရုရှားနိုင်ငံက ကူးစက်ခံရသူ ၂ ဒသမ ၃ သန်းကျော်နဲ့ သေဆုံးသူ ၄၀,၄၆၄ ယောက်၊ ပြင်သစ်နိုင်ငံက ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂ ဒသမ ၂ သန်းကျော်နဲ့ သေဆုံးသူ ၅၃,၅၀၆ ယောက်၊ စပိန်နိုင်ငံက ကူးစက်ခံရသူ ၁ ဒသမ ၆ သန်းကျော်နဲ့ သေဆုံးသူ ၄၅,၅၁၁ ယောက်၊ ယူကေနိုင်ငံက ကူးစက်ခံရသူ ၁ ဒသမ ၆ သန်းကျော်နဲ့ သေဆုံးသူ ၅၉,၀၅၁ ယောက်၊ အီတလီနိုင်ငံက ကူးစက်ခံရသူ ၁ ဒသမ ၆ သန်းကျော်နဲ့ သေဆုံးသူ ၅၆,၃၆၁ ယောက်၊ အာဂျင်တီးနားနိုင်ငံက ကူးစက်ခံရသူ ၁ ဒသမ ၄ သန်းကျော်နဲ့ သေဆုံးသူ ၃၈,၇၃၀ ယောက်၊ ကိုလံဘီယာနိုင်ငံက ကူးစက်ခံရသူ ၁ ဒသမ ၃ သန်းကျော်နဲ့ သေဆုံးသူ ၃၆,၇၆၆ ယောက်၊ မက္ကဆီကိုနိုင်ငံက ကူးစက်ခံရသူ ၁ ဒသမ ၁ သန်းကျော်နဲ့ သေဆုံးသူ ၁ သိန်းကျော်၊ ဂျာမနီနိုင်ငံက ကူးစက်ခံရသူ ၁ သန်း ကျော်နဲ့ သေဆုံးသူ ၁၇,၃၅၉ ယောက်စီနဲ့ ရပ်တည်နေပါတယ်။        ဒါကြောင့်မို့ ခုချိန်ထိ ကမ္ဘာတဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦးရေ ၁ သန်း ကျော်လာခဲ့တဲ့ နိုင်ငံပေါင်း ၁၂ နိုင်ငံထိ ရှိလာခဲ့ပြီ ဖြစ်တယ်လို့ Worldometers ဝက်ဘ် ဆိုက်ဒ်မှာ ဖော်ပြထားပါတယ်။ ရောဂါဖြစ်ပွားမှုစတင်ရာ တရုတ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အ ရေအတွက် ၈၆,၅၄၂ ယောက်၊ စုစုပေါင်း သေဆုံးသူ ၄,၆၃၄ ယောက်နဲ့ ခုရက်ပိုင်းအတွင်း သေဆုံးသူထပ်တိုးမလာဘဲ နိုင်ငံအလိုက် အမှတ်စဉ် ၇၂ နေရာထိ ကျဆင်းသွားခဲ့ပါတယ်။ အာရှဒေသတွင်း နိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု အမြင့် ဆုံး အိန္ဒိယနိုင်ငံပြီးရင် အီရန်၊ တူရကီနဲ့ အီရတ်နိုင်ငံတွေက ကူးစက်ခံရသူဦးရေ ၉၇၅,၉၅၁ ယောက်၊ ၆၆၈,၉၅၇ ယောက်၊ ၅၅၄,၇၆၇ ယောက်စီနဲ့ အသီးသီး ရှိနေပါတယ်။ မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူး စက်ခံရသူဦးရေ ၄၆၇,၂၂၅ ယောက်နဲ့ သေဆုံးသူ ၆,၆၇၅ ယောက် ရှိနေတာ ဖြစ်ပါတယ်။ အာဆီယံနိုင်ငံတွေထဲမှာတော့ အင်ဒိုနီးရှားနိုင်ငံပြီးရင် ဖိလစ်ပိုင်နိုင်ငံက ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦးရေ ၄၃၂,၉၂၅ ယောက်နဲ့ သေဆုံးသူ ၈,၄၁၈ ယောက်နဲ့ ဒုတိယနေရာမှာ ရှိနေခဲ့ပါတယ်။        လတ်တလော ကူးစက်မှုတွေ မြင့်တက်နေတဲ့ မြန်မာနိုင်ငံကတော့ ဒီဇင်ဘာ ၁ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၉၂,၁၈၉ ယောက်၊ သေဆုံးသူ ၁,၉၇၂ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၇၁,၃၄၃ ယောက်ရှိပြီလို့ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး အာဆီယံနိုင်ငံတွေထဲမှာ ကိုဗစ်-၁၉ ကူးစက်မှုနဲ့ သေ ဆုံးမှု အများဆုံး ၃ နိုင်ငံထဲမှာ ပါဝင်နေပါတယ်။ မလေးရှားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ အရေအတွက် ၆၇,၁၆၉ ယောက်နဲ့ သေဆုံးသူ ၃၆၃ ယောက် ရှိပါတယ်။ စင်ကာပူနိုင်ငံကတော့ ရောဂါကူးစက်ခံရသူအရေအတွက် ၅၈,၂၂၈ ယောက်နဲ့ ခုရက်ပိုင်း သေဆုံးသူအရေအတွက် ထပ်တိုးမလာပဲ ၂၉ ယောက် ရှိနေတာ ဖြစ်ပါတယ်။ မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူး စက်ခံရသူ အရေအတွက် ၄,၀၀၈ ယောက်နဲ့ ခုရက်ပိုင်းအတွင်း သေဆုံးသူအရေအတွက် ထပ်တိုးမလာဘဲ အယောက် ၆၀ ယောက် ရှိနေပါတယ်။ ဗီယက်နမ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁,၃၅၁ ယောက်နဲ့ သေဆုံးသူအရေအတွက် ခုရက်ပိုင်းမှာ တိုးမလာဘဲ ၃၅ ယောက် ရှိနေပြီး ဘရူ နိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁၅၁ ယောက်နဲ့ သေ ဆုံးသူ ၃ ယောက် ရှိနေတာပါ။ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေ အတွက် ၃၂၆ ယောက်နဲ့  ၃၉ ယောက် အသီးသီးရှိနေပေမယ့် သေဆုံးလူနာ ခုချိန်ထိ မရှိသေးပါဘူး။ တကမ္ဘာလုံးအတိုင်းအတာနဲ့ လတ်တလောအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ ပြီး သေဆုံးသူအရေအတွက် ၁ ဒသမ ၄၈ သန်းကျော် ရှိလာခဲ့ပြီဖြစ်ပြီး ရောဂါပြန်လည် ပျောက်ကင်းလာသူ အရေအတွက်ကတော့ ၄၄ ဒသမ ၃ သန်းကျော် ရှိနေခဲ့တာ ဖြစ်ပါ တယ်။
1 year Ago
More News
Up