ကိုဗစ်-၁၉ ပိုးတွေ့လူနာ

November 25, 2020

ကိုဗစ်-၁၉ ပိုးတွေ့လူနာအများဆုံး ၄၀၀၀ ကျော်သည့် မြို့နယ် ၂ ခု၊ ထောင်ချီကူးစက်ခံမြို့နယ် ၂၅ ခု ထိရှိလာ

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ တနိုင်ငံလုံးမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုအများဆုံး လူနာအများဆုံး ၄,၀၀၀ ကျော်တဲ့ မြို့နယ် ၂ ခုနဲ့ ထောင်နဲ့ချီကူးစက်ခံရတဲ့ မြို့နယ် ၂၅ ခုထိရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ပိုးတွေ့လူနာအများဆုံးမြို့နယ် ၂ ခုကတော့ ရန်ကုန်တိုင်း၊ ‌မြောက်ဥက္ကလာပ မြို့နယ်နဲ့ မင်္ဂလာဒုံမြို့ နယ်တွေဖြစ်ပြီး ပိုးတွေ့လူနာ ၄,၂၆၂ ယောက်နဲ့ ၄,၀၄၈ ယောက်စီ အသီးသီး ကူးစက်ခံထားရတာ ဖြစ်ပါတယ်။ ဝန်ကြီးဌာနထုတ်ပြန်ချက်တွေအရ မြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၈၂,၀၀၀ ကျော်ရှိပြီး လူနာထောင်ချီကူးစက်ခံရတဲ့ မြို့ နယ်ပေါင်း ၂၅ ခုထိ ရှိလာပါတယ်။ အဲဒီမြို့နယ်တွေထဲမှာတော့ ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ်ပေါင်း ၂၃ မြို့နယ် ပါဝင်နေတာဖြစ်ပြီး ရခိုင်ပြည်နယ်က တမြို့နယ်နဲ့ ပဲခူးတိုင်းက တမြို့နယ်ပါဝင် နေတာပါ။ ဒီမြို့နယ် ၂၅ ခုထဲမှာတော့ ပိုးတွေ့လူနာ ၄,၀၀၀ ကျော်ရှိတဲ့ ‌မြောက်ဥက္ကလာပမြို့ နယ်နဲ့ မင်္ဂလာဒုံမြို့နယ် အပါအဝင် ပိုးတွေ့လူနာ ၃,၀၀၀ ကျော်လာတဲ့ မြို့နယ် ၃ မြို့နယ်၊ ၂,၀၀၀ ကျော်လာတဲ့ မြို့နယ် ၆ မြို့နယ်ထိ ပါဝင်နေတာကို တွေ့ရပါတယ်။ ပိုးတွေ့လူနာ ၃,၀၀၀ ကျော်တဲ့ မြို့နယ် ၃ ခုကတော့ ရန်ကုန်တိုင်းမြို့နယ်တွေဖြစ် တဲ့  လှိုင်သာယာ၊ အင်းစိန်၊ သင်္ဃန်းကျွန်းမြို့နယ်တွေဖြစ်ပြီး ပိုးတွေ့လူနာဦးရေ ၃,၆၉၃ ယောက်၊ ၃,၂၉၇ ယောက်၊ ၃,၂၀၉ ယောက်စီနဲ့ ကူးစက်ခံထားရတာ ဖြစ်ပါတယ်။ ပိုးတွေ့လူနာ ၂,၀၀၀ ကျော်တဲ့ မြို့နယ်တွေအနေနဲ့ ရန်ကုန်တိုင်းမြို့နယ် တွေဖြစ် ကြတဲ့ မရမ်းကုန်း၊ ရွှေပြည်သာ၊ လှိုင်၊ သန်လျင်၊ တာမွေ၊ ‌တောင်ဥက္ကလာပမြို့နယ်တွေက ပိုးတွေ့လူနာဦးရေ ၂,၅၈၇ ယောက်၊ ၂,၄၁၃ ယောက်၊ ၂,၂၄၉ ယောက်၊ ၂,၁၄၇ ယောက်၊ ၂,၁၃၄ ယောက်၊ ၂,၁၂၃ ယောက်စီနဲ့ အသီးသီး ကူးစက်ခံထားရတာပါ။ အဲဒီမြို့နယ်တွေနောက်မှာတော့ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၁,၀၀၀ ကျော်ရှိတဲ့ မြို့ နယ်တွေအနေနဲ့ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ကမာရွတ်၊ ကြည့်မြင်တိုင်၊ သာကေတ၊ မင်္ဂလာ တောင်ညွန့်၊ စမ်းချောင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်မြို့တော် စစ်တွေ၊ ဒလ၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ဗဟန်း၊ မှော်ဘီ၊ လမ်းမတော်၊ ပဲခူးတိုင်းမြို့တော် ပဲခူးမြို့တွေက အစဉ်လိုက် ၁၄ မြို့နယ်အဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကိုတော့ ပြီးခဲ့တဲ့ မတ် ၂၃ ရက်ကစတင်တွေ့ရှိခဲ့တာဖြစ်ပြီး တကျော့ပြန်ကူးစက်မှုတွေနဲ့ အချိန် ၈ လတာ ရှိလာ ခဲ့ချိန်မှာတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ပိုးတွေ့လူနာအရေအတွက် ၈၀,၀၀၀ ကျော် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ နိုဝင်ဘာ ၂၄ ရက်ည ၈ နာရီထုတ်ပြန်ချက်အရ တနိုင်ငံ လုံးမှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာစုစုပေါင်း  ၈၂,၂၃၆ ယောက်၊ သေဆုံးသူ ၁,၇၈၄ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူ ပေါင်း ၆၀,၉၆၅ ယောက် ရှိနေပါတယ်။ ပြည်နယ်နဲ့ တိုင်းအလိုက်ကြည့်မယ်ဆိုရင်တော့ ရန်ကုန်တိုင်းက လူနာအရေအ တွက် ၆၀,၀၀၀ ကျော် ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရပြီး ပိုးတွေ့လူနာ အများဆုံး ဖြစ်ကာ ဒုတိယနေရာမှာတော့ ပဲခူးတိုင်းနဲ့ မန္တလေးတိုင်းတွေက ပိုးတွေ့လူနာ ၄,၀၀၀ ကျော်စီ ရှိနေတာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့က စတင်ခဲ့တဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု ဟာ တကမ္ဘာလုံးကပ်ရောဂါအသွင်ဆောင်လာခဲ့ပြီး လက်ရှိအချိန်ထိ နိုင်ငံပေါင်း ၂၀၀ ကျော်မှာ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၅၉ ဒသမ ၉ သန်းကျော်လာခဲ့ပြီဖြစ်ကာ သေ ဆုံးသူ ၁ ဒသမ ၄ သန်းကျော်နဲ့ ရောဂါပျောက်ကင်းသက်သာသူ စုစုပေါင်း ၄၁ ဒသမ ၄ သန်းကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။
5 months Ago

November 3, 2020

ရန်ကုန်တိုင်းတွင်း ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၂၀၀၀ ကျော်ရှိသည့် မြို့နယ် ၅ ခုအထိ ရှိလာ

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ မြန်မာတနိုင်ငံ လုံးအတိုင်းအတာနဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာ အများဆုံး ၂၀၀၀ ကျော်ရှိတဲ့ မြို့နယ်ပေါင်း ၅ မြို့နယ်ထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ အဲဒီမြို့နယ်တွေထဲမှာတော့ ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြောက်ဉက္ကလာပ မြို့နယ်က ကိုဗစ်-၁၉ ပိုးတွေ့လူနာဦးရေ ၂,၈၅၉ ယောက်နဲ့ အများဆုံးဖြစ်ပြီး အဲဒီနောက် မှာတော့ မင်္ဂလာဒုံမြို့နယ်၊ လှိုင်သာယာမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်နဲ့ အင်းစိန်မြို့နယ် တွေက ပိုးတွေ့လူနာဦးရေ ၂,၇၉၇ ယောက်၊ ၂,၅၂၇ ယောက်၊ ၂,၄၃၆ ယောက်နဲ့ ၂,၃၀၉ ယောက်စီ အသီးသီး ကူးစက်ခံထားရတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကိုတော့ ပြီးခဲ့တဲ့ မတ် ၂၃ ရက်ကစတင်တွေ့ရှိခဲ့တာဖြစ်ပြီး တကျော့ပြန်ကူးစက်မှုတွေနဲ့ အချိန် ၇ လကျော် ရှိ လာခဲ့ချိန်မှာတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ပိုးတွေ့လူနာအရေအတွက် ၅၄,၀၀၀ ကျော်သွားခဲ့ပြီ ဖြစ်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ နိုဝင်ဘာ ၂ ရက်ည ၈ နာရီထုတ်ပြန်ချက်အရ တနိုင်ငံ လုံးမှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာစုစုပေါင်း ၅၄,၆၀၇ ယောက်ရှိလာခဲ့ပြီ ဖြစ်ကာ သေဆုံးသူ ၁,၂၈၂ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူစုစုပေါင်း ၃၇,၉၅၄ ယောက် ရှိနေပါတယ်။ လတ်တလော ကိုဗစ်-၁၉ ပိုးတွေ့လူနာဦးရေ ၂,၀၀၀ ကျော်ရှိတဲ့ မြို့နယ် ၅ ခုရဲ့ နောက်မှာတော့ ရန်ကုန်တိုင်းမြို့နယ်တွေဖြစ်ကြတဲ့ မရမ်းကုန်း၊ လှိုင်၊ တာမွေ၊ ရွှေပြည် သာနဲ့ ကြည့်မြင်တိုင်မြို့နယ်တွေက လူနာအရေအတွက် ၁,၆၈၂ ယောက်၊ ၁,၅၆၆ ယောက်၊ ၁,၄၅၀ ယောက်၊ ၁,၃၉၆ ယောက်၊ ၁,၃၈၃ ယောက်စီနဲ့ ကူးစက်ခံရမှုအများဆုံး ၁၀ မြို့နယ်အနေနဲ့ အသီးသီးရှိနေကြတာ ဖြစ်ပါတယ်။ တကျော့ပြန်ကူးစက်မှုတွေ စတင်ရာ ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့မှာတော့ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၁,၂၆၅ ယောက်နဲ့ ရောဂါကူးစက်ခံရမှုအများဆုံးအဆင့် ၁၃ နေရာမှာ ရှိနေတာ ဖြစ်ပါတယ်။ ပြည်နယ်နဲ့ တိုင်းအလိုက်ကြည့်မယ်ဆိုရင်တော့ ရန်ကုန်တိုင်းက လူနာအရေအ တွက် ၄၁,၄၈၃ ယောက် ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရပြီး ပိုးတွေ့လူနာ အများဆုံး ဖြစ်ကာ ဒုတိယနဲ့ တတိယနေရာတွေမှာတော့ ရခိုင်ပြည်နယ်နဲ့ ပဲခူးတိုင်းတို့က ပိုးတွေ့လူနာ ၂,၀၀၀ ကျော်နဲ့ ရှိနေကြတာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့က စတင်ခဲ့တဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု ဟာ တကမ္ဘာလုံးကပ်ရောဂါအသွင်ဆောင်လာခဲ့ပြီး လက်ရှိအချိန်ထိ နိုင်ငံပေါင်း ၂၀၀ ကျော်မှာ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၄၇ သန်းကျော်လာခဲ့ပြီဖြစ်ကာ သေဆုံးသူ ၁ ဒသမ ၂ သန်းကျော်နေခဲ့ပြီ ဖြစ်ပါတယ်။
6 months Ago
More News
Up