ကိုဗစ်ပိုးတွေ့

February 8, 2021

နယ်သာလန်တွင် ကိုဗစ်ပိုးတွေ့ ၁ သန်းကျော်လာ၊ ကမ္ဘာတဝန်း ၂၁ နိုင်ငံ သန်းချီကူးစက်ခံထားရ

နယ်သာလန်နိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ အရေအတွက် ၁ သန်း ကျော် ရှိလာခဲ့ပြီးနောက် ကမ္ဘာတဝန်း သန်းချီကူးစက်ခံရတဲ့ နိုင်ငံပေါင်း ၂၁ နိုင်ငံထိ ရှိ လာခဲ့ပြီ ဖြစ်ပါတယ်။

တကမ္ဘာလုံးအတိုင်းအတာနဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၁၀၆ ဒသ မ ၇ သန်းကျော်ရှိနေပြီး ရောဂါကူးစက်ခံရပြီး သေဆုံးသူ ၂ ဒသမ ၃ သန်း ကျော်နဲ့ ရောဂါ ပြန်လည်ပျောက်ကင်းလာသူအရေအတွက် ၇၈ ဒသမ ၄ သန်းကျော် ရှိနေတာပါ။

ရောဂါဖြစ်ပွားမှု အမြင့်ဆုံးနိုင်ငံတွေထဲမှာတော့ အမေရိကန်နိုင်ငံက ကူးစက်ခံရသူ ၂၇ ဒသမ ၆ သန်းကျော်၊ သေဆုံးသူ ၄ သိန်း ၇ သောင်းကျော်၊ အိန္ဒိယနိုင်ငံက ကူးစက်ခံရ သူ ၁၀ ဒသမ ၈ သန်းကျော်၊ သေဆုံးသူ ၁ သိန်းခွဲကျော်၊ ဘရာဇီးနိုင်ငံက ကူးစက်ခံရသူ ၉ ဒသမ ၅ သန်းကျော်၊ သေဆုံးသူ ၂ သိန်း ၃ သောင်းကျော်စီနဲ့ ထိပ်ဆုံး ၃ နိုင်ငံအနေနဲ့ အသီးသီး ရပ်တည်နေပါတယ်။

အဲဒီ ၃ နိုင်ငံနောက်မှာတော့ ရုရှား၊ ယူကေနဲ့ ပြင်သစ်နိုင်ငံတွေက ကူးစက်ခံရသူ ၃ သန်းကျော်စီ၊ စပိန်၊ အီတလီ၊ တူရကီ၊ ဂျာမနီ၊ ကိုလံဘီယာနိုင်ငံတွေက ကူးစက်ခံရသူ ၂ သန်းကျော်စီ ရှိနေတာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ အာဂျင်တီးနား၊ မက္ကဆီကို၊ ပိုလန်၊ တောင်အာဖရိက၊ အီရန်၊ ယူကရိန်း၊ ပီရူး၊ အင်ဒိုနီးရှား၊ ချက်နိုင်ငံတွေနဲ့အတူ နယ်သာလန်နိုင်ငံမှာလည်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁ သန်းကျော်လာခဲ့ပြီ ဖြစ်တာမို့ ခုချိန်ထိ ကမ္ဘာ တဝန်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူဦးရေ ၁ သန်းကျော်လာခဲ့တဲ့ နိုင်ငံပေါင်း ၂၁ နိုင်ငံ ထိ ရှိလာခဲ့ပြီလို့ Worldometers ဝက်ဘ်ဆိုက်ဒ်မှာ ဖော်ပြထားပါတယ်။

ရောဂါဖြစ်ပွားမှုစတင်ရာ တရုတ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အ ရေအတွက် ၈၉,၇၀၆ ယောက်၊ စုစုပေါင်း သေဆုံးသူ ၄,၆၃၆ ယောက်နဲ့ နိုင်ငံအလိုက် အမှတ်စဉ် ၈၃ နေရာထိ ကျဆင်းသွားခဲ့ပါတယ်။

       အာရှဒေသတွင်း နိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု အမြင့် ဆုံး အိန္ဒိယ၊ တူရကီ၊ အီရန်၊ အင်ဒိုနီးရှားနိုင်ငံတွေပြီးရင် အစ္စရေးနဲ့ အီရတ်နိုင်ငံတွေက ရောဂါကူးစက်ခံရသူဦးရေ  ၆ သိန်းကျော်စီနဲ့ အသီးသီး ရှိနေပါတယ်။

အာဆီယံနိုင်ငံတွေထဲမှာတော့ အင်ဒိုနီးရှားနိုင်ငံပြီးရင် ဖိလစ်ပိုင်နိုင်ငံက ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦးရေ ၅ သိန်းကျော်နဲ့ သေဆုံးသူ ၁၁,၂၃၁ ယောက်နဲ့ ဒုတိယနေ ရာမှာ ရှိနေပါတယ်။

မြန်မာနိုင်ငံမှာတော့ ဖေဖော်ဝါရီ ၇ ရက်ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူ နာစုစုပေါင်း ၁၄၁,၃၀၄ ယောက်၊ သေဆုံး သူ ၃,၁၆၈ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူ ပေါင်း ၁၂၇,၂၂၉ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး အာဆီယံ နိုင်ငံတွေထဲမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး သေဆုံးမှုအများဆုံး ၃ နိုင်ငံထဲမှာ ပါဝင် နေပါတယ်။

မလေးရှားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၂၄၂,၄၅၂ ယောက်နဲ့ သေဆုံးသူ ၈၇၂ ယောက် ရှိပါတယ်။

စင်ကာပူနိုင်ငံကတော့ ရောဂါကူးစက်ခံရသူအရေအတွက် ၅၉,၇၂၁ ယောက်နဲ့ ခု ရက်ပိုင်း သေဆုံးသူအရေအတွက် ထပ်တိုးမလာဘဲ ၂၉ ယောက် ရှိနေတာ ဖြစ်ပါတယ်။

မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူး စက်ခံရသူ အရေအတွက် ၂၃,၅၅၇ ယောက်နဲ့ သေဆုံးသူ ၇၉ ယောက် ရှိနေပါတယ်။

ဗီယက်နမ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၂,၀၀၁ ယောက်နဲ့ သေဆုံးသူအရေအတွက် ခုရက်ပိုင်းမှာ တိုးမလာဘဲ ၃၅ ယောက် ရှိနေပြီး ဘရူ နိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁၈၁ ယောက်နဲ့ သေ ဆုံးသူ ၃ ယောက် ရှိနေတာပါ။

ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၄၇၄ ယောက်နဲ့  ၄၅ ယောက်စီ အသီးသီးရှိနေပေမယ့် သေဆုံးလူနာ ခုချိန်ထိ မရှိသေးပါဘူး။

3 months Ago

January 19, 2021

ချောက်မြို့တွင် CB ဘဏ်ဝန်ထမ်း ၂ ဦးနှင့် သံဃာ ၁ ပါး ကိုဗစ်ပိုးတွေ့

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့မှာ ဇန်နဝါရီ ၁၈ ရက်မနက်ပိုင်းက CB ဘဏ်ခွဲ ဝန်ထမ်း ၂ ဦးနဲ့ သံဃာ ၁ ပါးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ ခဲ့တယ်လို့ သိရပါတယ်။ မြို့နယ်ဆရာဝန်ကြီး ဒောက်တာ မျိုးသက်ဦးက     ဟုတ်တယ် အနံ့ပျောက်လို့ စစ်ဆေးတာ ခရီးသွားရာဇဝင်မရှိဘူး။ CB ဘဏ်ဝန်ထမ်း အမျိုးသား တစ်ဦး၊ အမျိုးသမီးတစ်ဦး၊  သံဃာတစ်ပါး အနံ့ပျောက်လို့ စစ်လိုက်တာ Positive ထွက်တာ၊ အမျိုးသမီးဝန်ထမ်းက သွားပြီးအ‌ကြောင်းကြားမှ ဖျားနေသူ တစ်ယောက်လည်း ရှိတယ်ပြောလို့ ခေါ်စစ်လိုက်တာ တွေ့တာ” လို့ ပြောပါတယ်။ ပိုးတွေ့ သံဃာကတော့ ချောက်မြို့ အမှတ် ၁၃ အာရှရပ်ရှိ မော်တော်ယာဉ် ကျောင်းတိုက်က ဖြစ်ပါတယ်။ လက်ရှိမှာ CB ဘဏ်နဲ့ မော်တော်ယာဉ်ကျောင်းတိုက်ကို ခေတ္တပိတ်ထားသလို ထိစပ်သူတွေကိုလည်း စောင့်ကြည့်ထားတယ်လို့ သိရပါတယ်။ ချောက်မြို့နယ်အတွင်း အနံ့ပျောက်လို့ လာရောက်စစ်ဆေးရာက ပိုးတွေ့ရှိသူ ၁၂ ဦးအထိရှိနေပြီး မြို့နယ်အတွင်း ပိုးတွေ့လူနာပေါင်းက ၁၂၉ ဦးပြီလို့ သိရပါတယ်။ အမှတ် ၁၀ ရပ်ကွက် မဟာစည်ရိပ်သာမှာ လက်ရှိ ပိုးတွေ့လူနာ ၂၄ ဦးကို စောင့်ရှောက်ပေးနေပြီး ကျန်လူနာတွေကတော့ သက်သာပျောက်ကင်းသွားပြီလို့ သိရပါတယ်။ ကိုလင်(ချောက်)
4 months Ago
More News
Up