ကိုဗင်-၁၉

January 19, 2021

ပရီးမီးယားလိဂ်အသင်းများကို ကိုဗင်-၁၉ စစ်ဆေး၊ ၁၆ ဦး ပိုးတွေ့

ပရီးမီးယားလိဂ် ကလပ်အသင်းတွေကို ကိုဗစ်-၁၉ ရောဂါ ရှိမရှိ စစ်ဆေးခဲ့ရာ ၁၆ ဦးမှာ ပိုးတွေ့ရှိခဲ့ပါတယ်။  ခရစ္စမတ်ကာလနောက်ပိုင်းမှာ အနည်းဆုံးပိုးတွေ့ရှိခဲ့တာဖြစ်ပြီး အရင်တစ်ပတ်က ၃၆ ဦးအထိ စံချိန်တင် ပိုးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်အသင်း ၂၀ က ကစားသမားတွေနဲ့ ဝန်ထမ်း စုစုပေါင်း ၃၁၁၅ ဦးကို စစ်ဆေးခဲ့တာဖြစ်ပြီး ၁၆ ဦးသာ ပိုးတွေ့ခဲ့တာ ဖြစ်ပါတယ်။  ဇန်နဝါရီ ၁၁ ရက်ကနေ ၁၇ ရက်ကြားမှာ ၂ ကြိမ် ပိုးစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။ ပိုးတွေ့ရှိတဲ့ ကစာသမားတွေကို သီးသန့်ထားရှိစေမှာဖြစ်ကာ ၁၀ ရက်ခန့် စောင့်ကြည့်သွားမယ်လို့ သိရပါတယ်။
4 months Ago

June 1, 2020

မက္ကဆီကိုတွင် မေ ၃၁ ရက်နေ့က ကိုဗင်-၁၉ လူနာ ၁၅၁ ဦး သေဆုံး

မက္ကဆီကိုနိုင်ငံမှာ မေလ ၃၁ ရက်မှာတင် ကိုဗစ်-၁၉ အတည်ပြုလူနာဦးရေ ၁၅၁ ဦး သေဆုံးခဲ့ပြီး သေဆုံးသူဦးရေ ၉,၉၃၀ ဦး ရှိပြီလို့ သိရပါတယ်။ မက္ကဆီကို လက်ထောက်ကျန်းမာရေးဝန်ကြီးအဆိုအရ ကိုဗစ်-၁၉ အတည်ပြုလူနာ ဦးရေဟာလည်း ၉၀,၆၆၄ ဦး ရှိလာတယ်လို့ သိရပါတယ်။  မက္ကဆီကိုမှာ ကိုဗစ်နိုင်-၁၉ တိုက်ဖျက်ရေးအတွက် ရှေ့တန်းက လုပ်ဆောင်နေတဲ့  ဆေး ဘက်ဆိုင်ရာ ဝန်ထမ်းတွေကလည်း သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ သေဆုံးမှုအတွက် ၁ မိနစ် ငြိမ်သက် မတ်တပ်ရပ်ပြီး ဆုတောင်းခဲ့ပါတယ်။  သူတို့ဟာ ရီဖော်မာရိပ်သာလမ်းမှာ ချီတက်ခဲ့ပြီး လူနာတင်ကားတွေကလည်း အရေးပေါ် အချက်ပေးသံတွေ ဖွင့်ပြီး ကျဆုံးသွားတဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ဂုဏ်ပြုခဲ့ကြပါတယ်။  ဒါက ကျန်းမာရေးလုပ်သားတွေနဲ့ ကိုဗစ်-၁၉ ကြောင့် သေဆုံးခဲ့တဲ့သူတွေကို အဖွဲ့အစည်း ပေါင်းစုံက စုစည်းဂုဏ်ပြုတာလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
11 months Ago
Up