ကိုကိုးကျွန်း

November 3, 2015

ကိုကိုးကျွန်းပြည်သူများကို ဒေါ်အောင်ဆန်းစုကြည် ဖုန်းဖြင့် အားပေးစကားပြောမည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ကိုကိုးကျွန်းပြည်သူတွေနဲ့ အန်အယ်လ်ဒီ ပါတီဝင်တွေကို ဒီနေ့ နိုဝင်ဘာလ ၃ ရက်နေ့ ညနေ ၅ နာရီမှာ တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး အားပေးစကားပြောကြားမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန်က ဒီဗွီဘီကို ပြောပါတယ်။ "အားပေးစကား ပြောမှာပေါ့။ ဒေသခံတွေကို ကိုကိုးကျွန်း အန်အယ်လ်ဒီရုံးမှာ စုခိုင်းထားပြီး ညနေ ၅ နာရီ ရန်ကုန်အိမ်ကနေ ဖုန်းနဲ့ပြောမှာပါ" လို့ ဆိုပါတယ်။ အခုလို ပြောဆိုမှုဟာ ကိုကိုးကျွန်းပြည်သူတွေကို အကြောက်တရားကင်းစွာ မဲဆန္ဒပြုနိုင်ဖို့ ရွေးကာက်ပွဲဆိုင်ရာ အသိပညာပေးတာဖြစ်တယ်လို့ ကိုကိုးကျွန်း အန်အယ်လ်ဒီ ပါတီဝင်တဦးက ပြောပါတယ်။
6 years Ago

October 28, 2015

ကိုကိုးကျွန်း မဲဆန္ဒရှင် ၁၅၀၀ ကျော်ထဲမှ ၁၂၀၀ ၀န်းကျင် စည်းရုံးခွင့်မရ

ရန်ကုန်တိုင်းတောင်ပိုင်း ကိုကိုးကျွန်းမြို့နယ်မှာ မဲပေးခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူ ၁၅၀၀ ကျော်ရှိတဲ့အထဲက တပ်နယ်ထဲက မဲဆန္ဒရှင် ၁၂၀၀ ဝန်းကျင်လောက်ကို စည်းရုံးခွင့် မရရှိခဲ့ဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း ဦးဝင်းမင်းက ပြောပါတယ်။ ကိုကိုးကျွန်းမြို့မှာ  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် အရွေးချယ်ခံ မယ့် ဦးဝင်းမင်းဟာ အောက်တိုဘာလ ၂၂ ရက်နေ့ မနက်ပိုင်းက ကိုကိုးကျွန်းကို ရောက်ရှိခဲ့ပါတယ်။ ညနေပိုင်းမှာ မဲဆွယ်စည်းရုံးရေးကိုစတင်ခဲ့ရာမှာ ကန့်သက်နယ်မြေ တာဝန်မှအပ မဝင်ရ ဆိုတဲ့ ဆိုင်းဘုတ်အနီတော်တော်များရှိနေတာကြောင့်  ကန့်သတ်နယ်မြေအတွင်းမှာနေတဲ့ မဲဆန္ဒရှင်ပြည်သူတွေဖြစ်တဲ့ တပ်မတော်သားတွေကို မဲဆွယ်စည်းရုံးခွင့် မရရှိခဲ့ဘူးလို့ ဦးဝင်းမင်းက ပြောပါတယ်။
6 years Ago
Up