ကားနှင့်ဆိုင်ကယ် တိုက်မိ၊ ၃ ဦး သေဆုံး

March 12, 2018

ညောင်လေးပင်တွင် ကားနှင့်ဆိုင်ကယ် တိုက်မိ၊ ၂ ဦး သေ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ် ရန်ကုန်-မန္တလေး ကားလမ်းဟောင်းပေါ်မှာ မတ်လ ၁၁ ရက် ညနေပိုင်းက ၁၀ ဘီးကား ဆိုင်ကယ်တိုက်မိလို့ ဆိုင်ကယ်ပေါ်ပါလာသူ ၂ ဦးသေဆုံးခဲ့တယ်လို့ မြို့မစခန်းမှူးက ပြောပါတယ်။ ရန်ကုန်-မန္တလေးကားလမ်းဟောင်း သရက်ကုန်းကျေးရွာ မိုင်တိုင်အမှတ် ၁၀၂/၄ အနီးမှာ ရန်ကုန်ကနေ မန္တလေးဘက်ကို အေးမင်းထွန်းမောင်းနှင်လာတဲ့ ၁၀ ဘီးကားက လားရာတူမှ အုပ်စိုးသူ မောင်းနှင်ပြီး နောက်တွင် မနှင်းဝေဦး စီးနင်းလိုက်ပါလာတဲ့ ဆိုင်ကယ်ကို အရှိန်မထိန်းနိုင်ဘဲ နောက်က ၀င်တိုက်မိခဲ့တာလို့ ဆိုပါတယ်။ ဒုရဲမှူး ဌေးဝင်းက “၁၀ဘီးဘောက်ဆာယာဉ်ကအရှိန်မထိန်းနိုင်ဘဲ နောက်ကနေ ဆိုင်ကယ်ကို တိုက်မိသွားတယ်။ တိုက်မိတဲ့အရှိန်ကြောင့် ဆိုင်ကယ်ကရှေ့ကမောင်းနေတဲ့ လားရာတူ ၆ ဘီးယာဉ် နောက်ပိုင်းကို ထက်တိုက်မိသွားတယ်။ အဲဒါကို ဘောက်ဆာယာဉ်က နောက်တကြိမ် အရှိန်မထိန်းနိုင်ဘဲ နောက်ကနေ ဆိုင်ကယ်ကို ထက်တိုက်တာဖြစ်တယ်” လို့ ပြောပါတယ်။ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းသူ အုပ်စိုးသူနဲ့ နောက်ကထိုင်စီးသူ မနှင်းဦးဝေတို့မှာ ဦးခေါင်းကွဲဒဏ်ရာ၊ ခါးရိုးကျိုးဒဏ်ရာနဲ့ ခန္ဓာကိုယ်ပေါက်ပြဲ သွေးထွက်ဒဏ်ရာတို့ ရရှိပြီး အခင်းဖြစ်နေရာမှာပဲ သေဆုံးသွားတယ်လို့ ဆိုပါတယ်။ ညောင်လေးပင် မြို့မစခန်းက ယာဉ်မဆင်မခြင်မောင်းနှင်တဲ့ အေးမင်းထွန်းကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ-၃၀၄(က) နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။ သတင်း၊ဓာတ်ပုံ-နေလင်းထိုက်
3 years Ago

June 22, 2017

ကားနှင့်ဆိုင်ကယ် တိုက်မိ၊ ၃ ဦး သေဆုံး

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ နောင်ဘိုကျေးရွာ၊ ဥသျှစ်ကုန်းပိုင်း၊ ရန်ကုန် မော်လမြိုင်ကားလမ်းပေါ်မှာ ဇွန် ၂၁ ရက်နေ့ မွန်းလွဲပိုင်းက ကားနဲ့ဆိုင်ကယ် တိုက်မိပြီး ဆိုင်ကယ်စီးလာသူ ၃ ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။ ဖြစ်စဉ်မှာ သထုံကနေ ဘီးလင်းကို ရှိန်းထက်အောင် မောင်းနှင်ပြီးဆိုင်ကယ်နောက်က ဖိုးသော်သော် နဲ့ ဇင်မင်းဦး(ခ)ကြွက်ဖြူ တို့လိုက်ပါလာတဲ့ ဆိုင်ကယ်ဟာ ရန်ကုန်-မော်လမြိုင် ကားလမ်း မိုင်တိုင်အမှတ် (၁၄၂/၀) နဲ့ (၁၄၂/၁)အကြားအရောက်မှာ ရှေ့ကသွားနေတဲ့ သုံးဘီးယာဉ်ကို ကျော်တက်စဉ် ယာဉ်မောင်း ဝေယံခရစ် မောင်းနှင်လာတဲ့ယာဉ်နဲ့ တိုက်မိခဲ့ခြင်းဖြစ်တယ်လို့ ရဲစခန်းက ပြောပါတယ်။ သထုံမြို့နယ်ရဲတပ်ဖွဲ့ရုံး တာဝန်ရှိသူတဦးက “ဘီးလင်းဘက်ကလာတဲ့ကားကလည်း အရှိန်ပါတယ်။ ဆိုင်ကယ်ကလည်း ရှေ့ကသွားနေတဲ့ သုံးဘီးကိုကျော်တက်ပြီး ကားနဲ့ဆိုင်ကယ် လမ်းလယ်မှာ တိုက်ကြတာ။ တိုက်တဲ့အရှိန်ကြောင့် ဆိုင်ကယ်ပေါ်မှာပါတဲ့ ၃ ဦးလုံးက ဖြစ်တဲ့နေရာမှာပဲ သေသွားတယ်” လို့ ပြောပါတယ်။ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်ပေါ်မှာလိုက်ပါလာတဲ့ ရှိန်းထက်အောင်၊ ဖိုးသော်သော်နဲ့ ဇင်မင်းဦး(ခ) ကြွက်ဖြူ တို့သုံးဦးလုံး အခင်းဖြစ်နေရာမှာပဲ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။ သိမ်ဇရပ်နယ်မြေရဲစခန်းက ယာဉ်မဆင်မခြင်မောင်းနှင်သူ ဝေယံခရစ် နဲ့ရှိန်းထက်အောင် တို့ ၂ ဦးကို ရာဇသတ်ကြီးပုဒ်မ-၃၀၄ (က) နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။ သတင်း - ယူမင်းစိုး
4 years Ago
Up