ကားတိုက်

June 4, 2019

ပီရူးတွင် အရှိန်မထိန်းနိုင်သည့်ကားတစီး ကလေးတအုပ်ကို ဝင်တိုက်၊ ၅ ဦး ဒဏ်ရာရ (ရုပ်သံ)

ပီရူးနိုင်ငံ လီမာမြို့မှာ ဇွန်လ ၃ ရက်နေ့က အရှိန်မထိန်းနိုင်တဲ့ ကားတစီးက ကလေးတအုပ်ကို အရှိန်နဲ့ ဝင်တိုက်ခဲ့ပေမယ့် ကလေးတွေအကုန်လုံး အသက်ဘေးက လွတ်မြောက်ခဲ့ပါတယ်။ မီးပွိုင့်ကနေ ဂငယ်ကွေ့ ကွေ့လာတဲ့ ကားတစီးဟာ အရှိန်မထိန်းနိုင်ဘဲ လမ်းဆုံမှာ ရပ်နေတဲ့ ကျောင်းသူလေး ၄ ယောက်ကို တိုက်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။ နောက်ပြီး အတိုက်ခံရတဲ့ ကလေးငယ်တယောက်ဟာ မိခင်နဲ့အတူ ပါလာတဲ့ ၃ နှစ်သားအရွယ် ယောက်ျးလေးဖြစ်ပါတယ်။ ကျောင်းသူလေးတွေဟာ ဟွမ်အယ်လာကိုကျောင်းက ဖြစ်ပြီး ကားမောင်းသူကလည်း အဲဒီကျောင်းက ဆရာမဖြစ်တယ်လို့ ပညာရေးဝန်ထမ်းတဦးက ပြောပါတယ်။ ကားတိုက်ခံရတဲ့ ကလေး ၅ ယောက်ဟာ ဒဏ်ရာရခဲ့ပေမယ့် စိုးရိမ်စရာ မရှိဘူးလို့ သူက ပြောပါတယ်။ ကလေးငယ်တွေကို ဆေးရုံအမြန်ပို့ဆောင်ခဲ့သလို ပြန်လည်ကောင်းမွန်လာမယ်လို့ မျှော်လင့်ရပြီး ကားမောင်းသူကို ရဲက ထိန်းသိမ်းခဲ့တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
2 years Ago

February 18, 2019

အမေရိကန် ဒန်ဗာလေဆိပ်အနီးတွင် ကား ၄၉ စီး စုပြုံတိုက်မိ

အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ် ဒန်ဗာမြို့က နိုင်ငံတကာ လေဆိပ်နားမှာ ဖေဖော်ဝါရီ ၁၆ ရက်နေ့က ဒါဇင်နဲ့ချီတဲ့ ကားတွေ အချင်းချင်း ဆင့်တိုက်မိခဲ့ပါတယ်။ ရေခဲတွေကြောင့် လမ်းတွေချော်နေလို့ ဆိုးရွားတဲ့ ယာဉ်ကြောပိတ်ဆို့မှုအတွင်း ကား ၄၉ စီး စုပြုံတိုက်မိခဲ့တာပါ။ ဒါကြောင့် ကော်လိုရာဒို အဝေးပြေးလမ်း ပိတ်ခဲ့ရပြီး ဒီဖြစ်ရပ်ကြောင့် လူ ၁၄ ဦးကို ဆေးရုံတင်ပို့ခဲ့ရပေမယ့် အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူးလို့ မီဒီယာတွေက ဖော်ပြကြပါတယ်။
2 years Ago
More News
Up